Author: admin

မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်း၏ ရာသီကြိုခြေစမ်းခရီးစဉ်မှာ မိုင်ပေါင်း(၂၄၀၀၀)ကျော်ရှိကြောင်း သိရသည်။ မက်ဆီအပါအဝင် ဘာစီလိုနာကစားသမားဟောင်းများစွာ ပါဝင်ကစားနေသည့် အင်တာမိုင်ယာမီအသင်းသည် ဇန်နဝါရီ(၁၉)ရက်(ယနေ့)တွင် အယ်လ်ဆာဗေးဒိုးအသင်းနှင့် ခြေစမ်းပွဲ စတင်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ယင်းနောက် အင်တာမိုင်ယာမီအသင်းသည် ဆော်ဒီ၊ ဟောင် ကောင်၊ ဂျပန်နိုင်ငံများတွင်လည်း ခြေစမ်းပွဲများ၊ ဖိတ်ခေါ်ဖလားပွဲများ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ ထို့ကြောင့် စုစုပေါင်း ယှဉ်ပြိုင်ကစားရမည့် ပွဲစဉ်(၇)ပွဲအတွက် အင်တာမိုင်ယာမီအသင်း ခရီးနှင်ရမည့် အကွာအဝေးမှာ မိုင်ပေါင်း (၂၄၀၀၀)ကျော်ရှိနေကြောင်း B/R Football က ဖော်ပြခဲ့သည်။

Read More

မန်စီးတီးအသင်း၏ ဘဏ္ဍာရေးအကြံပေးအဖြစ် ဆောင်ရွက်ခဲ့ဖူးသည့် စတီဖန်ဘော်ဆန်က မန်စီးတီးအသင်းအပေါ် ပရီးမီးယားလိဂ်အဖွဲ့ချုပ်၏ စွဲချက်များမှာ စိုးရိမ်စရာကောင်းသည်ဟု သုံးသပ်ပြောကြားခဲ့သည်။ ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် မန်စီးတီးအသင်းကို ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုစွဲချက်(၁၁၅)ချက်ဖြင့် စွဲချက်တင်ထားခြင်းဖြစ်ပြီး စက်တင်ဘာလတွင် ကြားနာစစ်ဆေးဖွယ်ရှိနေသည်။ စတီဖန်ဘော်ဆန်က မန်စီးတီးအသင်း ရင်ဆိုင်နေရသည့် စွဲချက်များမှာ စိုးရိမ်စရာကောင်းပြီး ဘဏ္ဍာရေးစည်းမျဉ်းအား ချိုးဖောက်ကြောင်း ပြစ်မှုထင်ရှားခဲ့ပါက အနိမ့်ဆုံးအဖြစ် တန်းဆင်းပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။ ပရီးမီးယားလိဂ်အဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ်ဖြစ်သူ ရစ်ချက်မာစတာစ်က မန်စီးတီးအသင်း၏အမှု ကြားနာမည့်ရက်ကို သတ်မှတ်ထားပြီဖြစ်ကြောင်း ပြောကြားထားသည်။

Read More

ပြီးခဲ့သည့်ရာသီနှင့် နှိုင်းယှဉ်ပါက ရမှတ်လျော့ကျမှုအများဆုံး ပရီးမီးယားလိဂ်အသင်းများထဲတွင် အာဆင်နယ်နှင့် မန်ယူအသင်းတို့ ပါဝင်နေကြောင်း သိရသည်။ အဆိုပါနှိုင်းယှဉ်မှုကို ဗြိတိန်မီဒီယာ The Sun က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ ပရီးမီးယားလိဂ်အသင်းများ ယှဉ်ပြိုင်ကစားထားသော ပွဲစဉ်အနေအထားနှင့် ပြီးခဲ့သည့်ရာသီမှ ပွဲစဉ်အနေအထားကို ပြန်လည်နှိုင်းယှဉ်ဖော်ပြခဲ့ခြင်းဖြစ်သည်။ ယင်းသို့ နှိုင်းယှဉ်မှုအရ လီဗာပူးလ်နှင့် ဝက်စ်ဟမ်းအသင်းတို့က ပြီးခဲ့သည့်ရာသီထက် ရမှတ်အများဆုံးတိုးတက်လာသည့်အသင်းများအဖြစ် ရပ်တည်နိုင်ခဲ့သည်။ လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ပွဲ(၂၀) ယှဉ် ပြိုင်ကစားပြီးချိန်တွင် (၂၉)မှတ်သာရရှိခဲ့ပြီး ယခုရာသီတွင်မူ (၄၅)မှတ်ရရှိခဲ့သည်။ ထို့ကြောင့် ရမှတ်(၁၆)မှတ်အထိ တိုးတက်ရရှိလာခဲ့သလို၊ ဝက်စ်ဟမ်းအသင်းမှာလည်း ပြီးခဲ့သည့်ရာသီက ပွဲ(၂၀)ကစားအပြီးတွင် (၁၈)မှတ်သာရရှိရာမှ ယခုရာသီတွင် (၃၄)မှတ်ရရှိခဲ့သည့်အတွက် (၁၆)မှတ်အထိ တိုးတက်ခဲ့သည်။ အဲဗာတန်အသင်း၏ (၁၀)မှတ်လျှော့ပြစ်ဒဏ်ကို ထည့်မတွက်ပါက ပြီးခဲ့သည့်ရာသီထက် ယခုရာသီတွင် ရမှတ်တိုးတက်ရရှိသည့်အသင်း (၈)သင်းရှိပြီး ရမှတ်လျော့ကျသွားသည့်အသင်း (၉)သင်းရှိခဲ့ကြောင်း သိရသည်။ အက်စတွန်ဗီလာအသင်းက လီဗာပူးလ်နှင့် ဝက်စ်ဟမ်းတို့နောက် တတိယမြောက် ရမှတ်တိုးတက်မှုအရှိဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ရမှတ်တိုးတက်ခဲ့သည့် အခြားအသင်းများမှာ ဝုလ်ဗ်၊ ဘုန်းမောက်၊ စပါး၊ ချယ်လ်ဆီးနှင့် အဲဗာတန်တို့ဖြစ်သည်။ ရမှတ်လျော့ကျမှု အများဆုံးအသင်းမှာ နယူးကာဆယ်ဖြစ်ပြီး ပြီးခဲ့သည့်ရာသီက (၂၁)ပွဲကစားအပြီး တွင် အမှတ်(၄၀)ရရှိခဲ့သော်လည်း ယခုရာသီ၌ (၂၉)မှတ်သာ ရရှိခဲ့သည့်အတွက် (၁၁)မှတ်လျော့ကျခဲ့ခြင်းဖြစ်သည်။ အာဆင်နယ်အသင်းက ပြီးခဲ့သည့်ရာသီတွင် ပွဲ(၂၀)ကစားပြီးချိန် ရမှတ်(၅၀)ရရှိခဲ့ပြီး ယခုရာသီတွင် ရမှတ်(၄၀)သာရရှိခဲ့ သောကြောင့် (၁၀)မှတ်လျော့ကျခဲ့သလို၊ မန်ယူနှင့် ဘရန့်ဖို့ဒ် တို့မှာလည်း ပြီးခဲ့သည့်ရာသီထက် (၁၀)မှတ်စီ လျော့ကျခဲ့သည်။ မန်စီးတီးအသင်းမှာလည်း ပြီးခဲ့သည့်ရာသီထက် (၂) မှတ်လျော့ကျခဲ့ကြောင်း သိရသည်။

Read More

အသက် ၇၆ နှစ်ရှိပြီဖြစ်သည့် ၀ါရင့်သရုပ်ဆောင်၊ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း အာနိုးသည် တန်ဖိုးကြီ လက်ပတ်နာရီတစ်လုံးပါလာသည်ကို မထုတ်ဖော်ခဲ့သည့်အတွက် ဂျာမနီလေဆိပ်တစ်ခု တွင် ခေတ္တထိန်းသိမ်းခံခဲ့ရသည်။ ဇန်နဝါရီ ၁၇ ရက်က လော့စ်အိန်ဂျလိစ်မှ ရောက်လာသည့် အာနိုးကို မြူးနစ်လေဆိပ်မှ အကောက်ခွန်အရာရှိများက အခွန်ဥပဒေဖြင့် နာရီပိုင်းကြာခေါ်ယူစစ်ဆေးခဲ့သည်။သူ့ကို အာဏာပိုင်များက အာနိုးမှန်းသိသော်လည်း အလျဉ်းသင့်သလို အိတ်ကိုစစ်ဆေးလိုက်ရာမှ အမေရိကန်ဒေါ်လာ ၂၁၀၀၀ ကျော်တန် ဆွစ်ဇာလန်တံဆိပ် Audemars Piguet နာရီကို တွေ့သွားကြသည်။ ၎င်းနာရီသည် သွင်းကုန်ဖြစ်သည့်အတွက် မှတ်ပုံတင်ထားသင့်သည်ဟု မြူးနစ်လေဆိပ်မှ အကောက်ခွန်အရာရှိတစ်ဦးက ဂျာမနီသတင်းစာတိုက် Bildကိုပြောသည်။ ၎င်းသတင်းစာအရ အာနိုးသည် နာရီပိုင်းကြာ စစ်ဆေးခံရပြီးနောက် သူ့ရှေ့နေများကိုခေါ်ယူခဲ့ပြီး နာရီပါလာသည်ကို မကြေညာခဲ့မှုဖြင့် ယူရို ၃၅၀၀၀ ဒဏ်တပ်ခံခဲ့ရသည်။ ခရီးစဉ်တွင် အာနိုးနှင့်အတူ သူတွဲနေသည့် အမျိုးသမီး ဟယ်သာမီလီဂန်လည်းပါလာပြီး ညနေငါးနာရီမတိုင်မီ အာနိုးပြန်လွတ်လာကာ သြစတြီးယားသို့ ခရီးဆက်ခဲ့သည်။ဇန်နဝါ ၁၈ ရက်တွင် သြစတြီးယား၌ ပြုလုပ်မည့် ရန်ပုံငွေပွဲတစ်ခုအတွက် ၎င်းနာရီကို လေလံတင်ရန် အာနိုးက ယူလာခြင်းဖြစ်သည်။ ယူရို ၃၀၀ အထက်တန်ဖိုးရှိ ပစ္စည်းမှန်သမျှ ဥရောပသို့ယူလာပါက အကောက်ခွန်ဌာနကို အသိပေးကြေညာရမည်ဖြစ်သည်။သတင်းပေးတစ်ဦး၏ အဆိုကို Page Six ကပြန်လည်ဖော်ပြချက်အရ အာနိုးသည် နာရီအတွက် အခွန်ပေးရန် သဘောတူခဲ့သော်လည်း အာဏာပိုင်များဘက်တွင် ခရက်ဒစ်ကတ် စက်သုံးမရဖြစ်နေသဖြင့် အာနိုးကို ငွေသားထုတ်ရန် ဘဏ်တစ်ခုသို့ခေါ်သွားကြ သည်။သို့သော် ဘဏ်ပိတ်သွားပြီ ဖြစ်သည်။ ထို့နောက် အာနိုးကိုပြန်ခေါ်လာပြီး နောက်ထပ်အရာရှိတစ်ဦးက ခရက်ဒစ်ကတ် စက်အသစ် ယူလာတော့မှ…

Read More

ရုရှားသည် နယ်ပယ်ကဏ္ဍအားလုံးတွင် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးများကို မြှင့်တင်နေကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်က ဇန်နဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။ မြောက်ကို ရီးယားနိုင်ငံခြားရေးဝန်ကြီးက ရုရှားနှင့် ရဲဘော်ရဲဘက်စိတ်ရှိသည့် ဆက်ဆံရေးများအတွက် ဇန်နဝါရီ ၁၆ ရက်တွင် ချီးကျူးဂုဏ်ပြုခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ ထိုဆွေးနွေးမှုများနှင့်ပတ်သက်ပြီး သတင်းထောက်များ၏ မေးမြန်းမှုကို ခံရချိန်တွင် ပက်စကော့ဗ် က ကိုရီးယားကျွန်းဆွယ်၏ အခြေအနေကို ဆွေးနွေးခဲ့ကြောင်း၊ သို့သော် နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်မှုကိုသာ အဓိကထားပြီး ဆွေးနွေးခဲ့ကြောင်း ဖြေကြားခဲ့သည်။ မြောက်ကိုရီးယားသည် မိမိတို့၏ အလွန်အရေးကြီးသည့် မိတ်ဖက်နိုင်ငံဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ထိလွယ်ရှလွယ်သည့် အရေးကိစ္စများအပါအဝင် နယ်ပယ်အားလုံးတွင် ဆက်ဆံရေးများ ကို ပိုမိုမြှင့်တင်ရန် ဆွေးနွေးခဲ့ကြောင်း ပက်စ်ကော့ဗ်က သတင်းထောက်များကို ပြောကြားခဲ့သည်။ ပူတင်သည် ၂၀၂၂ ခုနှစ်က ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးကတည်းက မြောက်ကိုရီးယားနှင့် ဆက်ဆံရေးများကို ပိုမို မြှင့်တင်ခဲ့သည်။ အမေရိကန်နှင့် အနောက်နိုင်ငံများကမူ မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲအတွင်း ရုရှားကို ဒုံးကျည်များ ထောက်ပံ့ပေးခဲ့ကြောင်း ဝေဖန်စွပ်စွဲခဲ့သည်။ ရုရှားနှင့် မြောက်ကိုရီးယားကမူ ထိုစွပ်စွဲချက် များကို ထပ်တလဲလဲငြင်းဆိုခဲ့သည်။

Read More

ပင်လယ်နီ၌ ဂရိပိုင်သင်္ဘောကို ဒုံးကျည်ထိမှန်ခဲ့သောကြောင့် ဇန်နဝါရီ ၁၆ ရက်တွင် အမေရိကန်စစ်တပ်က ဟူရ်သီထိန်းချုပ်ထား သောနေရာများ၌ သင်္ဘောဖျက်ပဲ့ထိန်းဒုံးကျည်များကို ပြန်လည်တိုက်ခိုက်ခြင်းဖြင့် ယီမင်တွင် တိုက်ခိုက်မှုအသစ်များကို လုပ် ဆောင်ခဲ့သည်။ ဟူရ်သီတိုက်ခိုက်မှုများကြောင့်ဖြစ်ပေါ်သည့် ပင်လယ်နီ ရေလမ်းကြောင်း အနှောင့်အယှက်များက အထူးသဖြင့် ဥရောပတွင် ကုန်စည်စျေးများကို မြင့်တက်စေလိမ့်မည်ဟု ဆိပ်ကမ်းနှင့်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း DP-World ၏အမှုဆောင်တစ်ဦးက ပြောကြားခဲ့ပြီး ကူးသန်းရောင်းဝယ်ရေးကို သက်ရောက်မှုများ မြင့်တက်လာလိမ့်မည်ဟု ဆိုသည်။ နိုဝင်ဘာကတည်းက ဟူရ်သီသူပုန်များသည် ပင်လယ်နီတွင် ကုန်တင်သင်္ဘောများကို တိုက်ခိုက်ခဲ့သည်။ အစ္စရေးနှင့်ဖြစ်ပွား နေသော စစ်ပွဲတွင် ပါလက်စတိုင်းစစ်သွေးကြွအုပ်စု ဟားမာ့စ်ကိုထောက်ခံကြောင်း ပြသသည့်အနေဖြင့် ဟူရ်သီသူပုန်တို့ကပင် လယ်နီတွင် တိုက်ခိုက်မှုများကို လုပ်ဆောင်နေခြင်းဖြစ်သည်။ ဟူရ်သီတို့က ၎င်းတို့သည် ပါလက်စတိုင်းသားများနှင့်အတူတစည်းတလုံးတည်း လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ပြောကြား ထားပြီး ယီမင်ရှိ မိမိတို့၏စစ်ဘက်နေရာများကို အမေရိကန်နှင့်ဗြိတိန်တို့ တိုက်ခိုက်ခဲ့သည်ကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်သင်္ဘောများကို တိုးချဲ့တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဟု ခြိမ်းခြောက်ထားသည်။ ဟူရ်သီအဖွဲ့ကို ငွေကြေးပံ့ပိုးခြင်းနှင့် လက်နက်ထောက်ပံ့ခြင်းတို့ကို အဆက်ဖြတ်ပစ်ရန် ကြိုးပမ်းမှုအဖြစ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏အစိုးရအဖွဲ့က ဟူရ်သီသူပုန်များကို အကြမ်းဖက်အဖွဲ့အစည်းများဆိုသည့် အမေရိကန်စာရင်းတွင် ပြန်လည်ထည့်သွင်းရန် စီစဉ်နေသည်ဟု အမေရိကန်တာဝန်ရှိသူနှစ်ဦးက ပြောကြားခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ဘိုင်ဒင်အစိုးရသည် ဟူသီရ်ကို အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ထားသည့် စာရင်းနှစ်ခုမှ ပယ်ဖျက်ပေး ခဲ့သည်။ သမ္မတဟောင်းဒေါ်နယ်ထရန့်၏ အစိုးရလက်ထက်တွင် ဟူသီရ်ကို အကြမ်းဖက်အဖွဲ့အစည်းစာရင်းတွင် ထည့်သွင်းခဲ့ သည်။ အမေရိကန်အစိုးရအဖွဲ့က ဇန်နဝါရီ ၁၇ ရက်တွင် ကြေညာမည်ဟု မျှော်လင့်ရသော နောက်ဆုံးလုပ်ဆောင်မှုက ဟူရ်သီကို အကြမ်းဖက်စာရင်းနှစ်ခုထဲက တစ်ခုတွင်…

Read More

ကမ္ဘာ့စမတ်ဖုန်းစျေးကွက်၏ ရှယ်ယာအများစုကို ယခုအခါ Apple က ပိုင်ဆိုင်ထားပြီး ၁၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဆမ်ဆောင်းကိုကျော်တက်လိုက်ခြင်းဖြစ်သည်။ နိုင်ငံတကာဒေတာကော်ပိုရေးရှင်း (IDC) ၏ အချက်အလက်အရ ဆမ်ဆောင်းက စျေးကွက်ရှယ်ယာ၏ ၁၉ ဒသမ ၄ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ဆမ်ဆောင်းနောက်တွင် တရုတ်ဖုန်းကုမ္ပဏီများဖြစ်သည့် Xiaomi ၊ OPPO နှင့် Transsion တို့လိုက်နေသည်။ IDC ဖော်ပြချက်အရ မနှစ်ကစမတ်ဖုန်းအလုံးရေ ၁ ဒသမ ၂ ဘီလျံနီးပါး ရောင်းခဲ့ရပြီး ယခင်ရှေ့နှစ်ထက် သုံးရာခိုင်နှုန်းကျော် အရောင်းကျသွားခဲ့သည်။ဆယ်စုနှစ်တစ်စုအတွင်း အနည်းဆုံးရောင်းရမှုလည်းဖြစ်သည်။စီးပွားရေးကျွမ်းကျင်သူများကမူ ယခုနှစ် စျေးကွက်ပြန်ကောင်းလာမည်ဟု ခန့်မှန်းထားကြသည်။ သို့သော် Apple က မနှစ်က ဖုန်းအလုံးရေ ၂၃၄ သန်းကျော် ရောင်းခဲ့ရကာ အခြေအနေအကောင်းဆုံးဖြစ်ခဲ့သည်ဟု IDC ကပြောသည်။ တောင်ကိုရီးယားအီလက်ထရောနစ်ကုမ္ပဏီဆမ်ဆောင်းက ကမ္ဘာတစ်ဝန်း ဝယ်လိုအား ဆက်လက်အားလျော့နေသည့်အတွက် ထင်မှတ်ထားသည်ထက် ၎င်း၏အကျိုးအမြတ်များ နည်းလာလိမ့်မည်ဟု ခန့်မှန်းထားသည်။ထို့ပြင် စျေးသက်သာသည့် အန်းဒရွိုက်မော်ဒယ်များဖြစ်သည့် Transsion နှင့် Xiaomi တို့၏ ယှဉ်ပြိုင်မှုနှင့်လည်း ဆမ်ဆောင်းက ရင်ဆိုင်နေရသည်။

Read More

ကျောက်ဖြူအထူးစီးပွား‌ရေးဇုန် ရေနက် ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ရေး မြန်မာနိုင်ငံဘက်မှ ကြိုတင်ဆောင်ရွက်ရမည့် အခြေခံအဆောက်အအုံဆိုင်ရာများ စတင် လုပ်ကိုင်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ကျောက်ဖြူအထူးစီးပွား‌ရေးဇုန် ရေနက် ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ရေး အတွက် မြန်မာနိုင်ငံဘက်မှ ကြိုတင်ဖြည့် ဆည်းဆောင်ရွက်ရမည့်အခြေ ခံအဆောက် အအုံဆိုင်ရာလုပ်ငန်းများ implementation Plan နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအ စည်းအဝေးကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်း အဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံ၊ ဒုတိယ ဝန်ကြီး ဦးမင်းမင်း၊ ကျောက်ဖြူအထူး စီးပွား ရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန် ရှိသူများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန် ရှိသူ များက online, offline ဖြင့် ပါဝင်တက် ရောက်ခဲ့ကြကြောင်း သိရသည်။ အဆိုပါအစည်းအဝေးတွင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး က ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက် ဆိပ်ကမ်းစီမံကိန်း အကောင်အ ထည်ဖော် ရေးအတွက် မြန်မာနိုင်ငံဘက်မှ ကြိုတင် ဖြည့်ဆည်းဆောင်ရွက်ရမည့် စီမံကိန်း အထောက်အကူပြု အခြေခံအဆောက် အ အုံ များနှင့်ပတ်သက်၍ ဝန်ကြီးဌာနအလိုက်…

Read More

ကျိုက်ထိုမြို့နယ်အတွင်းရှိ လုပ်ငန်းရှင် များ၊ ပြည်သူများ၊ ဝန်ထမ်းများအား ခြိမ်း ခြောက်စာပေးပို့ကာ ငွေတောင်းခံမှုများလုပ်ဆောင်သည်ဟုဆိုကာ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း မြို့ခံများ၏ ပြောကြား ချက်များအရ သိရသည်။ ဖမ်းဆီးခံခဲ့ရသူမှာ ကျိုက်ထိုမြို့၊ ဇေယျာ မွန်ရပ်ကွက် (၄) လမ်းနေ အသက် (၂၄) နှစ်အရွယ် မသိမ့်သိမ့်သူ (ခ) စုပုံချစ် ဆိုသူဖြစ်ကြောင်း၊ ၎င်းအား ဇန်နဝါရီ ၁၆ ရက် နံနက် ၁၁ နာရီအချိန်က သက်ဆိုင်ရာက ၎င်း၏နေအိမ်တွင် လာရောက် ဖမ်းဆီးသွားခဲ့ ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြော ကြားသည်။ ၎င်းကဆက်လက်ပြီး “မသိမ့်သိမ့်သူက online ပေါ်ကနေ ခြိမ်းခြောက်စာတွေပို့ပြီး ငွေတောင်းလို့ ဆိုပြီး လာဖမ်းသွားတာလို့ ကြားသိရတယ်” ဟု ပြောကြားသည်။ မသိမ့်သိမ့်သူ(ခ)စုပုံချစ်မှာ အများ ပြည်သူ စိတ်ငြိုငြင် အထိတ်တလန့်ဖြစ်အောင် အကြမ်းဖက်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ခြိမ်း ခြောက်စာများပေးပို့ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား ခြမ်းခြောက်ကာ ငွေတောင်းခံ ခြင်း၊ လက်ရှိ ပညာရေးဝန်ထမ်းများအား online ပေါ်မှတစ်ဆင့် ခြိမ်းခြောက်စာများ ပေးပို့၍ တာဝန်မထမ်းဆောင်နိုင်ရန် ဆောင်ရွက်ခြင်းများ ဆောင်ရွက်နေသူတစ်ဦး ဖြစ် ကြောင်း သတင်းအရ ဖမ်းဆီးစစ်ဆေးနေသည်ဟု သိရကြောင်း လုံခြုံရေးရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။ ၎င်းကဆက်လက်ပြီး “သူ ကိုင်ဆောင် ထားတဲ့ လက်ကိုင်ဖုန်းထဲမှာ နန်းဖြိုးစံ အမည်နဲ့ Facebook Account နဲ့ ကျိုက်ထိုမြို့နယ်အတွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေ၊ ပြည်သူတွေနဲ့ ဝန်ထမ်းတွေထံကို ခြိမ်းခြောက်စာ တွေ…

Read More

ကချင်ပြည်နယ် အင်းတော်ကြီးအိုင်တွင် အာရှရေပျော်ငှက်စာရင်းအရ ငှက်ကောင်ရေ နှစ်သောင်းကျော် ကောက်ယူရရှိကြောင်း ငှက် စာရင်းကောက်ယူသူများက ပြောကြားသည်။ ငှက်မျိုးစိတ် ၄၃ မျိုးတွင် ဌာနေငှက် ၁၈ မျိုး၊ ဆောင်းခိုငှက် ၂၅ မျိုး ကောက်ယူခဲ့ပြီး ဒေသတွင်း ငှက်ကောင်ရေ ၆၀၀၀ ဝန်းကျင်နှင့် ဆောင်းခိုငှက် ၁၅၀၀၀ ကျော်၊ စုစုပေါင်း ကောင်ရေ နှစ်သောင်းတစ်ထောင်ဝန်းကျင်ကို ကောက်ယူရရှိခဲ့ကြောင်း သိရသည်။ ငှက်စာရင်းကောက်ယူသည့်အဖွဲ့တွင် ပါဝင်ခဲ့သူတစ်ဦးက “မျိုးစိတ်အရပဲ ကောက် နိုင်တယ်။ နှစ်တိုင်းလို အဖွဲ့စုံ၊ ပညာရှင်စုံတော့ မကောက်နိုင်တော့ဘူး။ ဒီနှစ်တော့ မိုးအထွက် နောက်ကျတော့ ဆောင်းခိုငှက်အဝင် နောက် ကျကြတယ်”ဟု ဆိုသည်။ အင်းတော်ကြီးအင်းတွင်အင်းရှေ့၊ အင်း နောက်၊ အင်းတော်ကြီးချောင်းဝန်းကျင်နှင့် ယင်းဝဲယာအဖွဲ့လေးဖွဲ့ဖြင့် ကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဒေသတွင်းနှင့် ပြင်ပမှ အင်းတော်ကြီး အိုင်ကို ထိန်းသိမ်းစောင့်ရှောက်နေသည့် အ ဖွဲ့များ၏ကွင်းဆင်းချက်များအရ မိုင်းနောင် ချောင်းဖျားဝန်းကျင်၊ မိုင်းနောင်နှင့် အင်းတော် ကြီးမြို့ကြား၊ ညောင်ပင်ကျေးရွာအထက်ပိုင်း နှင့် အင်းတော်ကြီး ဇီဝအဝန်းနယ်မြေ တစ် စိတ်တစ်ပိုင်း ပါဝင်နေသည့် နန့်တိန်းချောင်း ဖျားတစ်ကြောတွင်လည်း တရားမဝင် ရွှေတူး ဖော်မှုများကို လုပ်ငန်းရှင်များက လက်နက် ကိုင်အဖွဲ့ပေါင်းစုံကို တရားမဝင်ငွေပေးကာ လုပ်ကိုင်နေကြကြောင်း သိရသည်။ အင်းတော်ကြီးဒေသတွင် ရွှေတူးဖော်မှု များကို ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် စတင် လုပ်ဆောင်လာခဲ့ပြီးနောက် သဘာဝတော တောင်များ ပျက်စီးခြင်း၊ လယ်ယာမြေများ ပျက်စီးခြင်း၊ ငါးမျိုးစိတ်များ ရှားပါးလာခြင်း နှင့်…

Read More