မန်စီးတီးအသင်း၏ ဘဏ္ဍာရေးအကြံပေးအဖြစ် ဆောင်ရွက်ခဲ့ဖူးသည့် စတီဖန်ဘော်ဆန်က မန်စီးတီးအသင်းအပေါ် ပရီးမီးယားလိဂ်အဖွဲ့ချုပ်၏ စွဲချက်များမှာ စိုးရိမ်စရာကောင်းသည်ဟု သုံးသပ်ပြောကြားခဲ့သည်။
ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် မန်စီးတီးအသင်းကို ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုစွဲချက်(၁၁၅)ချက်ဖြင့် စွဲချက်တင်ထားခြင်းဖြစ်ပြီး စက်တင်ဘာလတွင် ကြားနာစစ်ဆေးဖွယ်ရှိနေသည်။
စတီဖန်ဘော်ဆန်က မန်စီးတီးအသင်း ရင်ဆိုင်နေရသည့် စွဲချက်များမှာ စိုးရိမ်စရာကောင်းပြီး ဘဏ္ဍာရေးစည်းမျဉ်းအား ချိုးဖောက်ကြောင်း ပြစ်မှုထင်ရှားခဲ့ပါက အနိမ့်ဆုံးအဖြစ် တန်းဆင်းပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။
ပရီးမီးယားလိဂ်အဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ်ဖြစ်သူ ရစ်ချက်မာစတာစ်က မန်စီးတီးအသင်း၏အမှု ကြားနာမည့်ရက်ကို သတ်မှတ်ထားပြီဖြစ်ကြောင်း ပြောကြားထားသည်။