ရုရှားသည် နယ်ပယ်ကဏ္ဍအားလုံးတွင် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးများကို မြှင့်တင်နေကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်က ဇန်နဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
မြောက်ကို ရီးယားနိုင်ငံခြားရေးဝန်ကြီးက ရုရှားနှင့် ရဲဘော်ရဲဘက်စိတ်ရှိသည့် ဆက်ဆံရေးများအတွက် ဇန်နဝါရီ ၁၆ ရက်တွင် ချီးကျူးဂုဏ်ပြုခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။
ထိုဆွေးနွေးမှုများနှင့်ပတ်သက်ပြီး သတင်းထောက်များ၏ မေးမြန်းမှုကို ခံရချိန်တွင် ပက်စကော့ဗ် က ကိုရီးယားကျွန်းဆွယ်၏ အခြေအနေကို ဆွေးနွေးခဲ့ကြောင်း၊ သို့သော် နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်မှုကိုသာ အဓိကထားပြီး ဆွေးနွေးခဲ့ကြောင်း ဖြေကြားခဲ့သည်။
မြောက်ကိုရီးယားသည် မိမိတို့၏ အလွန်အရေးကြီးသည့် မိတ်ဖက်နိုင်ငံဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ထိလွယ်ရှလွယ်သည့် အရေးကိစ္စများအပါအဝင် နယ်ပယ်အားလုံးတွင် ဆက်ဆံရေးများ ကို ပိုမိုမြှင့်တင်ရန် ဆွေးနွေးခဲ့ကြောင်း ပက်စ်ကော့ဗ်က သတင်းထောက်များကို ပြောကြားခဲ့သည်။
ပူတင်သည် ၂၀၂၂ ခုနှစ်က ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးကတည်းက မြောက်ကိုရီးယားနှင့် ဆက်ဆံရေးများကို ပိုမို မြှင့်တင်ခဲ့သည်။
အမေရိကန်နှင့် အနောက်နိုင်ငံများကမူ မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲအတွင်း ရုရှားကို ဒုံးကျည်များ ထောက်ပံ့ပေးခဲ့ကြောင်း ဝေဖန်စွပ်စွဲခဲ့သည်။
ရုရှားနှင့် မြောက်ကိုရီးယားကမူ ထိုစွပ်စွဲချက် များကို ထပ်တလဲလဲငြင်းဆိုခဲ့သည်။