ကမ္ဘာ့စမတ်ဖုန်းစျေးကွက်၏ ရှယ်ယာအများစုကို ယခုအခါ Apple က ပိုင်ဆိုင်ထားပြီး ၁၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဆမ်ဆောင်းကိုကျော်တက်လိုက်ခြင်းဖြစ်သည်။
နိုင်ငံတကာဒေတာကော်ပိုရေးရှင်း (IDC) ၏ အချက်အလက်အရ ဆမ်ဆောင်းက စျေးကွက်ရှယ်ယာ၏ ၁၉ ဒသမ ၄ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ဆမ်ဆောင်းနောက်တွင် တရုတ်ဖုန်းကုမ္ပဏီများဖြစ်သည့် Xiaomi ၊ OPPO နှင့် Transsion တို့လိုက်နေသည်။
IDC ဖော်ပြချက်အရ မနှစ်ကစမတ်ဖုန်းအလုံးရေ ၁ ဒသမ ၂ ဘီလျံနီးပါး ရောင်းခဲ့ရပြီး ယခင်ရှေ့နှစ်ထက် သုံးရာခိုင်နှုန်းကျော် အရောင်းကျသွားခဲ့သည်။ဆယ်စုနှစ်တစ်စုအတွင်း အနည်းဆုံးရောင်းရမှုလည်းဖြစ်သည်။စီးပွားရေးကျွမ်းကျင်သူများကမူ ယခုနှစ် စျေးကွက်ပြန်ကောင်းလာမည်ဟု ခန့်မှန်းထားကြသည်။
သို့သော် Apple က မနှစ်က ဖုန်းအလုံးရေ ၂၃၄ သန်းကျော် ရောင်းခဲ့ရကာ အခြေအနေအကောင်းဆုံးဖြစ်ခဲ့သည်ဟု IDC ကပြောသည်။
တောင်ကိုရီးယားအီလက်ထရောနစ်ကုမ္ပဏီဆမ်ဆောင်းက ကမ္ဘာတစ်ဝန်း ဝယ်လိုအား ဆက်လက်အားလျော့နေသည့်အတွက် ထင်မှတ်ထားသည်ထက် ၎င်း၏အကျိုးအမြတ်များ နည်းလာလိမ့်မည်ဟု ခန့်မှန်းထားသည်။ထို့ပြင်
စျေးသက်သာသည့် အန်းဒရွိုက်မော်ဒယ်များဖြစ်သည့် Transsion နှင့် Xiaomi တို့၏ ယှဉ်ပြိုင်မှုနှင့်လည်း ဆမ်ဆောင်းက ရင်ဆိုင်နေရသည်။