Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Tuesday, June 10
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Local 0 Views

ကျောက်ဖြူအထူးစီးပွား‌ရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းအကောင်အထည်ဖော်ရေး မြန်မာနိုင်ငံဘက်မှ ကြိုတင်ဆောင်ရွက်ရမည့် အခြေခံအဆောက်အအုံဆိုင်ရာများ စတင်လုပ်ကိုင်နိုင်ရေး ဆွေးနွေး

January 18, 20242 Mins Read
Share
Facebook Twitter

ကျောက်ဖြူအထူးစီးပွား‌ရေးဇုန် ရေနက် ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ရေး မြန်မာနိုင်ငံဘက်မှ ကြိုတင်ဆောင်ရွက်ရမည့် အခြေခံအဆောက်အအုံဆိုင်ရာများ စတင် လုပ်ကိုင်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ကျောက်ဖြူအထူးစီးပွား‌ရေးဇုန် ရေနက် ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ရေး အတွက် မြန်မာနိုင်ငံဘက်မှ ကြိုတင်ဖြည့် ဆည်းဆောင်ရွက်ရမည့်အခြေ ခံအဆောက် အအုံဆိုင်ရာလုပ်ငန်းများ implementation Plan နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအ စည်းအဝေးကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်း အဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံ၊ ဒုတိယ ဝန်ကြီး ဦးမင်းမင်း၊ ကျောက်ဖြူအထူး စီးပွား ရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန် ရှိသူများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန် ရှိသူ များက online, offline ဖြင့် ပါဝင်တက် ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး က ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက် ဆိပ်ကမ်းစီမံကိန်း အကောင်အ ထည်ဖော် ရေးအတွက် မြန်မာနိုင်ငံဘက်မှ ကြိုတင် ဖြည့်ဆည်းဆောင်ရွက်ရမည့် စီမံကိန်း အထောက်အကူပြု အခြေခံအဆောက် အ အုံ များနှင့်ပတ်သက်၍ ဝန်ကြီးဌာနအလိုက် ဆက်လက်ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်း များကို သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီး အောင် ဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဝန် ကြီးဌာနများနှင့် ညှိနှိုင်းပေါင်းစပ်နိုင်ရေးအ တွက် လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ သက် ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများက ဝန်ကြီးဌာနအလိုက် ဆက်လက်ဆောင်ရွက် ရမည့် ကိစ္စများနှင့်ပတ်သက်၍ ၀ိုင်းဝန်းဆွေး နွေးခဲ့ကြကြောင်း သိရသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက် ဆိပ်ကမ်းစီမံကိန်းတည်ဆောက်မှုနှင့်အတူ စက်မှုဥယျာဉ်စီမံကိန်းကိုပါ ဆက်လက်အ ကောင်အထည်ဖော်မည်ဖြစ်ကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက် ဆိပ်ကမ်းစီမံကိန်းနှင့် စက်မှုဥယျာဉ်စီမံကိန်း စတင် အကောင်အထည်ဖော် ဆောင်ရွက်ပါ က ဒေသခံပြည်သူများအတွက် အလုပ်အ ကိုင်အခွင့်အလမ်း သောင်းနှင့်ချီ၍ ရရှိမည် ဖြစ်ကာ စီမံခန့်ခွဲမှုဆိုင်ရာ နေရာအများစုကို မြန်မာနိုင်ငံသားများအား ခန့်အပ်လုပ်ကိုင်စေ မည်ဖြစ်သည်။ မြန်မာနိုင်ငံအတွက် ရင်းနှီး မြှုပ်နှံမှုကို ဒေါ်လာ သန်းပေါင်းများစွာဖြင့် ဆွဲဆောင်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်အတွက် များပြားသော အခွန်ငွေများ ဖန်တီးပေးကာ ပတ်ဝန်းကျင်ရှိ upstream နှင့် downstream လုပ်ငန်းများအားမြှင့်တင်ပေးနိုင်သည့်အ တွက် ‌မြန်မာနိုင်ငံတစ်ပြည်လုံး၏ စီးပွားရေး ဖွံဖြိုးတိုးတက်ရေးနှင့် ပြည်သူပြည်သား တစ် ဦးချင်း စီ GDP ကို မြှင့်တင်ပေးနိုင် မည်ဖြစ် ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

စီမံကိန်းအကောင်အထည်ဖော်ဆောင် ရွက်ရာတွင် ဒေသခံရခိုင်တိုင်းရင်းသား စီး ပွားရေးလုပ်ငန်းရှင်များအပါအဝင် မြန်မာနိုင်ငံမှလုပ်ငန်းအတွေ့အကြုံများရှိပြီး အမှန် တကယ်လုပ်ကိုင် ဆောင်ရွက်နိုင်မည့် တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များကိုပါ ဖိတ် ခေါ်၍ စီမံကိန်းကုမ္ပဏီနှင့် ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleကျိုက်ထိုမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များ၊ ပြည်သူများ၊ ဝန်ထမ်းများအား ခြိမ်းခြောက်စာပေးပို့ကာ ငွေတောင်းခံမှုများလုပ်ဆောင်သည်ဟုဆိုကာ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ
Next Article ကမ္ဘာ့စမတ်ဖုန်းရောင်းအားအကောင်းဆုံးကုမ္ပဏီအဖြစ် ဆမ်ဆောင်းကို Apple က ကျော်တက်
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.