Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Friday, June 6
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Local 0 Views

အင်းတော်ကြီးအိုင်တွင် အာရှရေပျော်ငှက်စာရင်းအရ ငှက်ကောင်ရေ နှစ်သောင်းကျော် ကောက်ယူရရှိ

January 18, 20241 Min Read
Share
Facebook Twitter

ကချင်ပြည်နယ် အင်းတော်ကြီးအိုင်တွင် အာရှရေပျော်ငှက်စာရင်းအရ ငှက်ကောင်ရေ နှစ်သောင်းကျော် ကောက်ယူရရှိကြောင်း ငှက် စာရင်းကောက်ယူသူများက ပြောကြားသည်။

ငှက်မျိုးစိတ် ၄၃ မျိုးတွင် ဌာနေငှက် ၁၈ မျိုး၊ ဆောင်းခိုငှက် ၂၅ မျိုး ကောက်ယူခဲ့ပြီး ဒေသတွင်း ငှက်ကောင်ရေ ၆၀၀၀ ဝန်းကျင်နှင့် ဆောင်းခိုငှက် ၁၅၀၀၀ ကျော်၊ စုစုပေါင်း ကောင်ရေ နှစ်သောင်းတစ်ထောင်ဝန်းကျင်ကို ကောက်ယူရရှိခဲ့ကြောင်း သိရသည်။

ငှက်စာရင်းကောက်ယူသည့်အဖွဲ့တွင် ပါဝင်ခဲ့သူတစ်ဦးက “မျိုးစိတ်အရပဲ ကောက် နိုင်တယ်။ နှစ်တိုင်းလို အဖွဲ့စုံ၊ ပညာရှင်စုံတော့ မကောက်နိုင်တော့ဘူး။ ဒီနှစ်တော့ မိုးအထွက် နောက်ကျတော့ ဆောင်းခိုငှက်အဝင် နောက် ကျကြတယ်”ဟု ဆိုသည်။

အင်းတော်ကြီးအင်းတွင်အင်းရှေ့၊ အင်း နောက်၊ အင်းတော်ကြီးချောင်းဝန်းကျင်နှင့် ယင်းဝဲယာအဖွဲ့လေးဖွဲ့ဖြင့် ကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဒေသတွင်းနှင့် ပြင်ပမှ အင်းတော်ကြီး အိုင်ကို ထိန်းသိမ်းစောင့်ရှောက်နေသည့် အ ဖွဲ့များ၏ကွင်းဆင်းချက်များအရ မိုင်းနောင် ချောင်းဖျားဝန်းကျင်၊ မိုင်းနောင်နှင့် အင်းတော် ကြီးမြို့ကြား၊ ညောင်ပင်ကျေးရွာအထက်ပိုင်း နှင့် အင်းတော်ကြီး ဇီဝအဝန်းနယ်မြေ တစ် စိတ်တစ်ပိုင်း ပါဝင်နေသည့် နန့်တိန်းချောင်း ဖျားတစ်ကြောတွင်လည်း တရားမဝင် ရွှေတူး ဖော်မှုများကို လုပ်ငန်းရှင်များက လက်နက် ကိုင်အဖွဲ့ပေါင်းစုံကို တရားမဝင်ငွေပေးကာ လုပ်ကိုင်နေကြကြောင်း သိရသည်။

အင်းတော်ကြီးဒေသတွင် ရွှေတူးဖော်မှု များကို ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် စတင် လုပ်ဆောင်လာခဲ့ပြီးနောက် သဘာဝတော တောင်များ ပျက်စီးခြင်း၊ လယ်ယာမြေများ ပျက်စီးခြင်း၊ ငါးမျိုးစိတ်များ ရှားပါးလာခြင်း နှင့် အခြားဘေးထွက်ဆိုးကျိုးများကို ရင်ဆိုင် နေရကြောင်း ဒေသခံများက ဆိုသည်။

အင်းရေသောက်သုံးနေသည့် ဒေသခံ များမှာ အင်းရေမသောက်ရဲသည့် အခြေအ နေ၊ မသောက်နိုင်သည့်အခြေအနေသို့ ရောက် ရှိသွားကြောင်း၊ လယ်မြေများ ထိခိုက်လာခြင်း၊ ငါးရှားပါးခြင်း၊ သစ်ကောင်း၊ ၀ါးကောင်းများ ရှားပါးလာခြင်းများ ဆယ်စုနှစ်အတွင်း တဖြည်း ဖြည်းကြုံတွေ့လာရကြောင်း မိုင်းနောင်ကျေး ရွာ နှင့် မမုံကိုင်ကျေးရွာဒေသခံများက ဆို သည်။

အင်းတော်ကြီးအိုင်ကို ၂၀၁၇ ခုနှစ် ဇွန် ၁၄ ရက်တွင် ပြင်သစ်နိုင်ငံတွင် ကျင်းပသည့် ၂၉ ကြိမ်မြောက် UNESCO ဇီဝအဝန်း နယ် မြေများအစည်းအဝေးတွင် အင်းတော်ကြီး ဘေးမဲ့တောနှင့် ပတ်ဝန်းကျင်ဒေသအား ဇီဝ အဝန်းနယ်မြေအဖြစ် အတည်ပြုသတ်မှတ်ခဲ့ ကြောင်း သိရသည်။ ထွန်းလင်းအောင်

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleနည်းပြ ဇာဗီအပေါ် ဘာစီလိုနာအသင်းကစားသမားအများစု၏ ယုံကြည်မှု ပျောက်ဆုံးသွားပြီဖြစ်ကြောင်း ESPN ဖော်ပြ
Next Article ကျိုက်ထိုမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များ၊ ပြည်သူများ၊ ဝန်ထမ်းများအား ခြိမ်းခြောက်စာပေးပို့ကာ ငွေတောင်းခံမှုများလုပ်ဆောင်သည်ဟုဆိုကာ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.