ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။
သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။ ဂျက်စတင်ဘီဘာက “ကြိုဆိုပါတယ် Jack Blues Bieber (ဂျက်ခ်ဘလူးစ်ဘီဘာ)” ဟူ၍ ပုံစာရေးသားခဲ့ကာ အဆိုပါ ပို့စ်ကို ဝက်ဝံအီမိုဂျီနဲ့အတူ စာတန်းထိုးထားတာကို တွေ့ရပါတယ်။
ဟေလီကလည်း သူမရဲ့ Instagram Story မှာ အလားတူ ဓာတ်ပုံတစ်ပုံကို မျှဝေခဲ့ပြီး ကလေးရဲ့ နာမည်နဲ့ ဝက်ဝံရုပ်နဲ့ အပြာရောင်နှလုံးသား အီမိုဂျီများနဲ့ စာတန်းထိုးခဲ့ပါတယ်။
ဇနီးမောင်နှံနှစ်ဦးဟာ ကလေးမွေးဖွားချိန်အပါအဝင် နောက်ထပ်အသေးစိတ်အချက်အလက်တွေကိုတော့ မမျှဝေခဲ့ပါဘူး။
အိမ်ထောင်သက် ခြောက်နှစ်ရှိပြီဖြစ်တဲ့ အသက် ၃၀ နှစ်ရှိ ကနေဒါအဆိုတော်နဲ့ အသက် ၂၇ နှစ်ရှိ မော်ဒယ်တို့က သူတို့တွင် ကိုယ်ဝန်ရှိကြောင်းကို Instagram စာမျက်နှာများထက်တွင် ဓာတ်ပုံများမှတစ်ဆင့် မေလတုန်းက ကြေညာခဲ့ပါတယ်။
အဖြူရောင် ဇာဂါဝန်လေးဝတ်ထားတဲ့ သူမရဲ့ ရင်သွေးလေးကို ပုံဖော်ထားတဲ့ ဓာတ်ပုံတွေကို တင်ခဲ့ပါတယ်။ ကိုယ်ဝန်ဟာ ထိုအချိန်က ခြောက်လရှိနေပြီဖြစ်ပါတယ်။ ဂျက်စတင်ဘီဘာက ဟေလီဘီဘာရဲ့ ဗိုက်ကို ချစ်စဖွယ် ဆုပ်ကိုင်ထားတာကိုလည်း လျှပ်တစ်ပြက်ဓာတ်ပုံတစ်ပုံမှာ တွေ့မြင်ခဲ့ရပါတယ်။
၂၀၁၈ ခုနှစ်တွင် ဂျက်စတင်ဘီဘာက သူတို့နှစ်ဦး စေ့စပ်ကြောင်းလမ်းကြောင်း သူ၏ Instagram စာမျက်နှာတွင် ကြေငြာခဲ့ပါတယ်။ စေ့စပ်ကြောင်းလမ်း ကြောင်း ကြေငြာပြီး လအနည်းငယ်အကြာ သူတို့စုံတွဲဟာ နယူး ယောက်တရားရုံးတွင် လျှို့ဝှက်စွာ လက်ထပ်ခဲ့ကြပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ တောင်ကယ်ရိုလိုင်းနားပြည်နယ် Bluffton မြို့ရှိ ဇိမ်ခံအပန်းဖြေစခန်းတွင် မိသားစု၊ သူငယ်ချင်းများနဲ့အတူ ခမ်းနားထည်ဝါတဲ့ အခမ်းအနားတစ်ခု ကျင်းပခဲ့ကြောင်း တင်ပြလိုက်ရပါတယ်။