ကျိုက်ထိုမြို့နယ်အတွင်းရှိ လုပ်ငန်းရှင် များ၊ ပြည်သူများ၊ ဝန်ထမ်းများအား ခြိမ်း ခြောက်စာပေးပို့ကာ ငွေတောင်းခံမှုများလုပ်ဆောင်သည်ဟုဆိုကာ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း မြို့ခံများ၏ ပြောကြား ချက်များအရ သိရသည်။
ဖမ်းဆီးခံခဲ့ရသူမှာ ကျိုက်ထိုမြို့၊ ဇေယျာ မွန်ရပ်ကွက် (၄) လမ်းနေ အသက် (၂၄) နှစ်အရွယ် မသိမ့်သိမ့်သူ (ခ) စုပုံချစ် ဆိုသူဖြစ်ကြောင်း၊ ၎င်းအား ဇန်နဝါရီ ၁၆ ရက် နံနက် ၁၁ နာရီအချိန်က သက်ဆိုင်ရာက ၎င်း၏နေအိမ်တွင် လာရောက် ဖမ်းဆီးသွားခဲ့ ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြော ကြားသည်။
၎င်းကဆက်လက်ပြီး “မသိမ့်သိမ့်သူက online ပေါ်ကနေ ခြိမ်းခြောက်စာတွေပို့ပြီး ငွေတောင်းလို့ ဆိုပြီး လာဖမ်းသွားတာလို့ ကြားသိရတယ်” ဟု ပြောကြားသည်။
မသိမ့်သိမ့်သူ(ခ)စုပုံချစ်မှာ အများ ပြည်သူ စိတ်ငြိုငြင် အထိတ်တလန့်ဖြစ်အောင် အကြမ်းဖက်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ခြိမ်း ခြောက်စာများပေးပို့ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား ခြမ်းခြောက်ကာ ငွေတောင်းခံ ခြင်း၊ လက်ရှိ ပညာရေးဝန်ထမ်းများအား online ပေါ်မှတစ်ဆင့် ခြိမ်းခြောက်စာများ ပေးပို့၍ တာဝန်မထမ်းဆောင်နိုင်ရန် ဆောင်ရွက်ခြင်းများ ဆောင်ရွက်နေသူတစ်ဦး ဖြစ် ကြောင်း သတင်းအရ ဖမ်းဆီးစစ်ဆေးနေသည်ဟု သိရကြောင်း လုံခြုံရေးရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “သူ ကိုင်ဆောင် ထားတဲ့ လက်ကိုင်ဖုန်းထဲမှာ နန်းဖြိုးစံ အမည်နဲ့ Facebook Account နဲ့ ကျိုက်ထိုမြို့နယ်အတွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေ၊ ပြည်သူတွေနဲ့ ဝန်ထမ်းတွေထံကို ခြိမ်းခြောက်စာ တွေ ပေးပို့ထားတာ၊ ခြိမ်းခြောက်ငွေတောင်း ခံထားတာမျိုးတွေ တွေ့ရတယ်လို့ သိရ တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လတ်တလော မသိမ့်သိမ့်သူ (ခ) စုပုံချစ် အား ဆိုင်ရာ ဥပဒေပုဒ်မများအရ အမှုဖွင့်အရေးယူမှုများလုပ်ဆောင်ရန် ဆောင်ရွက် လျက်ရှိကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းက လည်း မော်လမြိုင်မြို့၊ စစ်ကဲကုန်းရပ်ကွက်၊ ဗဟိုလမ်းရှိ ထက်သိင်္ဂီကျော်ရွှေဆိုင်အား phone message ဖြင့် ခြိမ်းခြောက်စာပေးပို့ ကာ ငွေတောင်းခံသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သေးကြောင်း၊ အလားတူ အဆိုပါ ထက်သိင်္ဂီကျော် ရွှေဆိုင် နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးအနီး၊ ဗဟိုလမ်း နှင့် မင်းကြီးတံတားလမ်းထောင့်ရှိ DENKO စက်သုံးဆီအရောင်းဆိုင် မန်နေဂျာ ထံ အမျိုးသားတစ်ဦးက ငွေကျပ်သိန်း ၅၀ ပေးရန်၊ လက်ကိုင်ဖုန်းဖြင့် ခြိမ်းခြောက်ပြော ကြားခဲ့သည့်အပြင်၊ လက်ပစ်ဗုံးဖြင့် ဖောက်ခွဲ မည်ဟု phone message မှတစ်ဆင့် ခြိမ်း ခြောက်စာများ ပေးပို့ခဲ့ကြောင်းလည်း သိရ သည်။