အေစီမီလန်အသင်း တိုက်စစ်ကစားသမား ခရစ္စတီယန်ပူလီဆစ်သည် ၂၀၂၃ ခုနှစ်အတွက် အမေရိကန်အကောင်းဆုံး ဘောလုံးသမားဆု ဆွတ်ခူးရရှိပြီး လေးကြိမ်ရရှိထားသူ ဒိုနိုဗန်၏စံချိန်ကို အမီလိုက်နိုင်ခဲ့ကြောင်း သိရသည်။ အသက် ၂၅ နှစ်ရှိပြီဖြစ်သူ အမေရိကန်လက်ရွေးစင် အသင်းခေါင်းဆောင် ပူလီဆစ်သည် ပြီးခဲ့သည့်နှစ်အတွင်း လက်ရွေးစင်အသင်းအတွက်…

UFC 300 ပြိုင်ပွဲတွင် BMF ချန်ပီယံ ခါးပတ်စိန်ခေါ်ပွဲအဖြစ် အမေရိကန် MMA ကစားသမား ဂျပ်စတင်ဂေးဂျီနှင့် တစ်နိုင်ငံတည်းသား မက်စ်ဟောလိုဝေးတို့ ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ကြောင်း သိရသည်။ UFC 300 ပြိုင်ပွဲကို ဧပြီ ၁၃ ရက်တွင်…

အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီက စပိန်ဘုရင့်ဖလားပြိုင်ပွဲတွင် မက်ဒရစ်မြို့ခံပြိုင်ဘက် ရီးယဲလ်မက်ဒရစ်အသင်းအား အနိုင်ရခဲ့ခြင်းမှာ အသင်းပရိသတ်များကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ စပိန်ဘုရင့်ဖလားပြိုင်ပွဲရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်တွင် အက်သလက်တီကိုအသင်းသည် အိမ်ကွင်း၌ ရီးယဲလ်မက်ဒရစ်အသင်းကို အချိန်ပိုတွင် (၄-၂) ဂိုး ဖြင့် အနိုင်ရခဲ့သည်။ အက်သလက်တီကို…

သီရိလင်္ကာနိုင်ငံတွင် လူပေါင်း ၄၀၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ရဲစခန်းများတွင် အချုပ်ချခံခဲ့ရကာ ညှင်းပန်းနှိပ်စက်ခံနေရသည့် ဖြစ်စဉ်များကို ကုလသမဂ္ဂက ဝေဖန်ခဲ့ပြီးနောက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ် ဆင်ရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဟု သီရိလင်္ကာအစိုးရက ဇန်နဝါရီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။…

အမေရိကန်ပြည်ထောင်စုသည် ဇန်နဝါရီ ၁၇ ရက်တွင် ယီမင်အခြေစိုက် ဟူရ်သီသူပုန်များကို အကြမ်းဖက်အုပ်စုများ စာရင်းတွင်ပြန်လည် ထည့်သွင်းလိုက်ရာ ယင်းသည် နိုင်ငံတကာရေလမ်းကြောင်း၌ တိုက်ခိုက်မှုများကို တားဆီးရန် ၀ါရှင်တန်၏ နောက်ဆုံးကြိုးပမ်းမှုဖြစ်လာသည်။ အီရန်နှင့်မဟာမိတ်ဖွဲ့ထားသော ဟူရ်သီအုပ်စုကို ပြင်းထန်သော ပိတ်ဆို့မှုများ ချမှတ်လိုက်သည့်…

အကျဉ်းချခံထားရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် ၎င်း၏ အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေကြောင့် လာမည့်လတွင် ခံဝန်ဖြင့် ပြန်လည်လွတ်မြောက်ခွင် ့ရရှိလိမ့်မည်ဟု corrections department မှ အရာရှိတစ်ဦးက ဇန်နဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။ အသက် ၇၄…

မြိတ်ကျွန်းစုအတွင်းသဘာဝ ဂျင်းကုန်းဖွင့်ရာတွင် နှစ်နှစ်ဆက်တိုက် ဂျင်းကောက်သူ ထောင်နှင့်ချီကာ အခက်အခဲဖြစ်ပေါ်ခဲ့ပြီး ဂျင်းကုန်းကိုလည်း ပြန်လည်ပိတ်သိမ်းထားရကြောင်း သိရသည်။ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်၊ ရေကန်တောင်ကျေးရွာအုပ်စုတွင်ရှိသော သဘာဝဂျင်းကုန်းအား ဖွင့်ရာတွင် နှစ်နှစ်ဆက်တိုက် မတူညီသည့် စျေးကွက် ပျက်ယွင်းမှုများ ကြုံတွေ့ရပြီး…

မန္တလေးမြို့တွင် တစ်နှစ်ကျော်ကြာ ပိတ်သိမ်းထားသည့် ပုဂ္ဂလိကဆေးရုံနှစ်ရုံကို ဇန်နဝါရီ ၁၈ ရက်က ပြန်လည်ဖွင့်လှစ်ကာ ဆေးကုသမှုလုပ်ငန်းများ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်ကာ ဆေးရုံလုပ်ငန်းလိုင်စင်များ ပယ်ဖျက်ပိတ်သိမ်းထားသည့် မန္တလေးမြို့ရှိ ပုဂ္ဂလိကဆေးရုံ…

အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေး ပုဂ္ဂိုလ်နှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၄) ပြည်ထောင်စုဝန် ကြီး ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာ ဗီနေးကူးမားဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့ ဇန်နဝါရီ ၁၇ ရက် မွန်းလွဲပိုင်းတွင်…

မန်ယူအသင်းမှ ပြင်သစ်တိုက်စစ်မှူး မာစီယဲလ်၏ အေးဂျင့်ဖြစ်သူက ၎င်းင်း၏ကစားသမားသည် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အသင်းမှ ထွက်ခွာမည်မဟုတ်ဟု ပြောကြားခဲ့သည်။ မာစီယဲလ်(၂၈ နှစ်)သည် မန်ယူအသင်းတွင် ၂၀၁၅ ခုနှစ်ကတည်းက ယှဉ်ပြိုင်ကစားနေသူဖြစ်ပြီး လာမည့်နွေရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံး မည်ဖြစ်သည်။ ၎င်းအနေဖြင့် ယခုနောက်ပိုင်းရာသီများတွင်…