သီရိလင်္ကာနိုင်ငံတွင် လူပေါင်း ၄၀၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ရဲစခန်းများတွင် အချုပ်ချခံခဲ့ရကာ ညှင်းပန်းနှိပ်စက်ခံနေရသည့် ဖြစ်စဉ်များကို ကုလသမဂ္ဂက ဝေဖန်ခဲ့ပြီးနောက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ် ဆင်ရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဟု သီရိလင်္ကာအစိုးရက ဇန်နဝါရီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လက စတင်ခဲ့သည့် တရားမျှတမှု စစ်ဆင်ရေးဟု အဓိပ္ပာယ်ရသည့် Operation စစ်ဆင်ရေးအတွင်း ရဲတပ်ဖွဲ့သည် ဥပဒေချိုးဖောက်မှုများရှိခဲ့သည်ဟု ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုလ်ကာ တာ့ခ်က ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့သည်။
သီရိလင်္ကာ ပြည်သူ့လုံခြုံရေးဝန်ကြီး တီရန်အဲလက်စ်ကမူ ၎င်းအနေဖြင့် ထိုစွပ်စွဲချက်များကို လက်မခံကြောင်းနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်သည့် စစ်ဆင်ရေးသည် သီရိလင်္ကာနိုင်ငံ၏ အကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်ကြောင်း ကိုလံဘိုမြို့တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
လူ့အခွင့်အရေး ကော်မရှင်အနေနှင့် ထိုစစ်ဆင်ရေးတွင် ထိခိုက်မှုများရှိကြောင်းနှင့် မိမိတို့အဖြေကို နားထောင်ရန် မိမိတို့ကို ပြောကြားရမည့် တာဝန်ရှိကြောင်း၊ ၎င်းတို့ အနေဖြင့် ကြေညာချက်များ ထုတ်ပြန်နိုင် ကြောင်း၊ သို့သော်မိမိအနေဖြင့် ထိုစစ်ဆင်ရေးကို ရပ်တန့်သွားမည်မဟုတ်ကြောင်း၊ ထိုစစ်ဆင်ရေးသည် နိုင်ငံအတွင်းရှိ အမျိုးသမီးများနှင့် ကလေးများအတွက် ကောင်းမွန်စေသည်ကို မိမိတို့သိရှိနားလည်ထားကြောင်း” အဲလက်စ်က ပြောကြားခဲ့သည်။
ကုလသမဂ္ဂကမူ သီရိလင်္ကာလုံခြုံရေး တပ်ဖွဲကများသည် ခွင့်ပြုချက်မရဘဲ ရှာဖွေမှုများ၊ တစ်ဖက်သတ် ဖမ်းဆီးထိန်းသိမ်းမှုများ၊ ရိုင်းပျစွာဆက်ဆံမှုများ၊ လူမြင်ကွင်းတွင် သံသယရှိသူများကို အဝတ်အစားများချွတ်ပြီး ရှာဖွေမှုများနှင့် ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့သည့် သတင်းများကို ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
သီရိလင်္ကာ အစိုးရအနေဖြင့် ထိုစစ်ဆင်ရေးကို ပြန်လည်စိစစ် ရန်နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်မှုတွင် လူ့ အခွင့်အရေးကို အခြေခံသည့် ချဉ်းကပ်လုပ်ဆောင်မှုများ ပြဋ္ဌာန်းရန်လည်း တာ့ခ်က တိုက်တွန်းခဲ့သည်။
“လုံခြုံရေးတပ်ဖွဲ့တွေဟာ ရှာဖွေခွင့်ဝရမ်းတွေမပါဘဲ စီးနင်းဝင်ရောက်မှုတွေ၊ မူးယစ်သံသယရှိသူတွေကို ဖမ်းဆီးထိန်းသိမ်းတာ၊ စစ်တပ်ရဲ့ ပြန်လည်ထူထောင်ရေးစင်တာတွေကို ပို့ပစ်တာတွေကို မကြာခဏ ပြု လုပ်ခဲ့ကြပါတယ်”ဟု တာ့ခ်၏ ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
လက်ရှိအချိန်အထိ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်ရေးတွင် ဖမ်းဆီးရမိထားသည့် လူပေါင်း ၄၀၀၀၀ ကျော်၏ ၁၀ ပုံတစ်ပုံသာ ထိန်းသိမ်းခံထားရပြီး အခြားသူများကို ပြစ်မှုဆိုင်ရာ စွဲချက်များနှင့် တရားရင်ဆိုင်ရန် အာမခံပေးခဲ့ကြောင်း အဲလက်စ်က ပြောကြားခဲ့သည်။
ထိုစစ်ဆင်ရေးကြောင့် ဒီဇင်ဘာလကတည်းက လမ်းများပေါ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ သိသိသာသာ ကျဆင်းသွားသည်ကို မြင်တွေ့ခဲ့ရကြောင်း ၎င်းက ဆိုသည်။
လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ အမ်ဘီကာ ဆက်ကူနာနာသန်ကမူ ရဲတပ်ဖွဲ့သည် သက်သေအထောက်အထားများဖြင့် ရှာဖွေခြင်းမဟုတ်ဘဲ ဆင်းရဲမွဲတေသည့် နေရာဒေသများကိုသာ ပစ်မှတ်ထားရှာဖွေနေကာ အကြီးစား မူးယစ်ဆေးဝါးမှောင်ခိုကူးသူများကို လျစ်လျူရှုထားကြောင်း ပြောကြားခဲ့ သည်။
ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ သီရိလင်္ကာနိုင်ငံသည် မူးယစ်ဆေးဝါးများ မှောင်ခိုကူးသည့်လမ်းကြောင်းတွင် ခရီးတစ်ထောက်နားသည့် နေရာတစ်ခုအဖြစ် အသုံးချခံနေရသည်ဟု အာဏာပိုင်များက ယူဆထားကြသည်။