အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေး ပုဂ္ဂိုလ်နှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၄) ပြည်ထောင်စုဝန် ကြီး ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာ ဗီနေးကူးမားဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့ ဇန်နဝါရီ ၁၇ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံး ဧည့်တွေ့ဆောင်၌ တွေ့ဆုံခဲ့ ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ် များ၊ နှစ်နိုင်ငံအကြား ဆောင်ရွက်လျက်ရှိ သည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများ တိုးမြှင့်ဆောင်ရွက်သွားရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသများ တည် ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင် ရွက်သွားရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ နှစ် ဖက် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရ သည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီရုံးနှင့် အိန္ဒိယနိုင်ငံသံရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရ သည်။
အလားတူ ဇန်နဝါရီ ၁၆ ရက်က နေပြည် တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာဗီနေးကူးမားတို့ တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆက် ဆံရေး၊ စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် လူ့ စွမ်းအားအရင်းအမြစ်အပါအဝင် နှစ်ဖက်အ ကျိုးရှိမည့်ကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင် ရွက်သွားရေး၊ နှစ်နိုင်ငံအကြား ဆောင်ရွက် လျက်ရှိသည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံ ကိန်းများ တိုးမြှင့်ဆောင်ရွက်သွားရေး ဆွေး နွေးခဲ့ကြသည်။
ထို့ပြင် နှစ်နိုင်ငံနယ်စပ်ဒေသများ တည် ငြိမ်အေးချမ်းမှု ထိန်းသိမ်းရန်အတွက် နှစ် ဖက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွား ရေး နှင့် ဘင်းမ်စတက်အဖွဲ့အပါအဝင် ဒေသ တွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စ ရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အ မြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရ သည်။