Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Browsing: Sports
တရုတ်အာဏာပိုင်များသည် အင်တာမိုင်ယာမီအသင်း၏ ဟောင်ကောင်ခြေစမ်းပွဲ၌ မက်ဆီ ပါဝင်မကစားခဲ့ခြင်းကို တုံ့ပြန်သည့်အနေဖြင့် မတ်လအတွင်း တရုတ်နိုင်ငံတွင်ကစားမည့် အာဂျင်တီးနားအသင်း၏ ခြေစမ်းပွဲနှစ်ပွဲစလုံးကို ဖျက်သိမ်းခဲ့ကြောင်း သိရသည်။ အာဂျင်တီးနားအသင်းသည် မတ် (၁၈) ရက်တွင် တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ နိုင်ဂျီးရီးယားအသင်း၊ မတ်…
စပိန်လာလီဂါပွဲစဉ် (၂၄) ရီးယဲလ်မက်ဒရစ် (၄-၀) ဂျီရိုနာပွဲစဉ်တွင် ရီးယဲလ်အသင်းအတွက် သွင်းဂိုး (၂)ဂိုး သွင်းပေးယူခဲ့သည့် အင်္ဂလန်ကြယ်ပွင့်ကွင်းလယ်လူ ဘယ်လင်ဟမ်သည် ရီးယဲလ်ကစားသမားဘဝ သွင်းဂိုးစံချိန်မှတ်တမ်းကောင်းများစွာကို ပိုင်ဆိုင်နိုင်ခဲ့ကြောင်း စပိန်အားကစားသတင်းစာ Marca ကဖော်ပြခဲ့သည်။ အသက် (၂၀)နှစ်အရွယ်ရှိ ၂၀၂၃…
ဘီလ်ဘာအိုအသင်းမှ လူငယ်တောင်ပံတိုက်စစ်ကစားသမား နီကိုဝီလီယံစ်အား ခေါ်ယူရန် အာဆင်နယ်အသင်း စောင့်ကြည့်နေ
အာဆင်နယ်အသင်းသည် ဘီလ်ဘာအို လူငယ်တောင်ပံတိုက်စစ်ကစားသမား နီကိုဝီလီယံစ်အား ခေါ်ယူရန် အဆက်မပြတ် စောင့်ကြည့်နေကြောင်း သိရသည်။ အသက် ၂၁ နှစ်အရွယ် စပိန်လက်ရွေးစင်တောင်ပံတိုက်စစ်ကစားသမား နီကိုဝီလီယံစ်သည် ပြီးခဲ့သည့်ရာသီကတည်းက တောက်ပလာပြီး ဥရောပထိပ်တန်းအသင်းကြီးများ၏စိတ်ဝင်စားခြင်းကို ခံနေရသူလည်း ဖြစ်သည်။ The Mirror…
WBC ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ တိုင်ဆန်ဖျူရီနှင့် ဟဲဗီးဝိတ်ချန်ပီယံ ပေါင်းစည်းပွဲ ရွှေ့ဆိုင်းခဲ့သည့်အတွက် မိသားစုနှင့် ပြန်လည်ဆုံစည်းရသဖြင့် ပျော်ရွှင်မိကြောင်း IBF ၊ WBA (Super) နှင့် WBO ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဖြစ်သူ အိုလက်ဇန္ဒားအူဆိုက်က ပြောကြားခဲ့သည်။ ၎င်းတို့နှစ်ဦး…
ဘောလုံးပွဲစဉ်များတွင် အပြာကတ်စမ်းသပ်အသုံးပြုမည့်စနစ်ကို ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ဥက္ကဋ္ဌ အလက်ဇန္ဒားဆယ်ဖာရင်က လက်မခံကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။ ဘောလုံးကစားနည်းဥပဒေများ ရေးဆွဲပြဋ္ဌာန်းလျက်ရှိသည့် နိုင်ငံတကာဘောလုံးအဖွဲ့ချုပ်များဘုတ်အဖွဲ့ (IFAB) အနေဖြင့် လာမည့်ရာသီတွင် အပြာကတ်စနစ်စမ်းသပ် အသုံးပြုမည့်အစီအစဉ်ကို ဗြိတိန်အခြေစိုက် The Telegraph သတင်းဌာနက…
လီဗာပူးလ်နောက်ခံလူဟောင်း ဂလင်းဂျွန်ဆင်က လီဗာပူးလ်အသင်းအနေဖြင့် နည်းပြ ကလော့ပ်ထွက်ခွာသွားပါက အသင်း၏အဓိကကစားသမားများဖြစ်သည့် ဆာလာ နှင့် အာနိုးလ်တို့ကို ဆုံးရှုံးရနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။ လီဗာပူးလ်အသင်းကို ရှစ်နှစ်ကျော်ကြာ ကိုင်တွယ်ထားသည့် နည်းပြ ကလော့ပ်သည် အသင်းကိုဆက်လက်ကိုင်တွယ်ရန် အင်အားမရှိတော့သဖြင့် ယခုရာသီကုန်တွင် အသင်းနည်းပြရာထူးမှထွက်ခွာမည်ဖြစ်ကြောင်း…
အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ၎င်း၏အနာဂတ်ကို ယူရို-၂၀၂၄ ပြိုင်ပွဲပြီးမှသာ ဆုံးဖြတ်မည်ဖြစ်ကြောင်း ၂၀၂၄-၂၅ UEFA Nations League ပြိုင်ပွဲ မဲခွဲပွဲအခမ်းအနားပြီးနောက် ထုတ်ဖော်ပြောကြားခဲ့သည်။ အင်္ဂလန်အသင်းသည် ၂၀၂၂-၂၃ UEFA Nations League ပြိုင်ပွဲ၏ League…
WBC ဟဲဗီးဝိတ်တန်းချန်ပီယံ ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီက ကစားသမားဘဝမှ အနားယူဖွယ်ရှိသည်ဆိုသော သတင်းများကို ငြင်းဆန်ခဲ့ပြီး အူဆိုက်၊ ဂျိုရှူအာ၊ အန်ဂန်နူတို့နှင့် အနည်းဆုံး (၅)ပွဲ ထိုးသတ်ဦးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ တိုင်ဆန်ဖျူရီသည် WBA(Super)၊ WBO၊ IBF ဟဲဗီးဝိတ်တန်းချန်ပီယံ…
နိုက်ကလပ်တစ်ခုအတွင်း အ မျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်မှုဖြင့် တရားရင်ဆိုင်နေရသည့် ဒန်နီအဲလ်ဗတ်စ်က စွပ်စွဲသူအနေဖြင့် ထွက် သွားခွင့်ပြုရန် တောင်းဆိုခဲ့ခြင်းမရှိကြောင်း တရားခွင်တွင် ထွက်ဆိုခဲ့သည်။ အသက် (၄၀) ရှိပြီဖြစ်သည့် ဆီဗီလာ၊ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်နှင့် PSG အသင်း…
ဘောလုံးဥပဒေများအား ရေးဆွဲပြဋ္ဌာန်းပေးနေသည့် နိုင်ငံတကာဘောလုံးဘုတ်အဖွဲ့(IFAB) သည် ပရော်ဖက်ရှင်နယ်ဘောလုံးပွဲများ၌ အပြာကတ်စနစ်ကို စတင်အသုံးပြုရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်၌ ပရော်ဖက် ရှင်နယ်ဘောလုံးလောကတွင် အနီကတ်နှင့် အဝါကတ်တို့ကိုသာ အသုံးပြုနေပြီး အပြာကတ်ကို လာမည့်ရာသီတွင် အင်္ဂလန် FA ဖလားပြိုင်ပွဲ၌…