WBC ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ တိုင်ဆန်ဖျူရီနှင့် ဟဲဗီးဝိတ်ချန်ပီယံ ပေါင်းစည်းပွဲ ရွှေ့ဆိုင်းခဲ့သည့်အတွက် မိသားစုနှင့် ပြန်လည်ဆုံစည်းရသဖြင့် ပျော်ရွှင်မိကြောင်း IBF ၊ WBA (Super) နှင့် WBO ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဖြစ်သူ အိုလက်ဇန္ဒားအူဆိုက်က ပြောကြားခဲ့သည်။
၎င်းတို့နှစ်ဦး ယှဉ်ပြိုင်ထိုးသတ်မည့် ဟဲဗီးဝိတ်တန်းချန်ပီယံ ခါးပတ် ပေါင်းစည်းပွဲကို ဖေဖော်ဝါရီ (၁၇)ရက်၌ ဆော်ဒီနိုင်ငံ၊ ရီယာ့ဒ်မြို့၌ကျင်းပရန် စီစဉ်ထားသော်လည်း တိုင်ဆန်ဖျူရီမှာ လေ့ကျင့်မှုပြုလုပ်စဉ် ဒဏ်ရာရရှိသွားသဖြင့် မေလ (၁၈)ရက်သို့ ရွှေ့ ဆိုင်းခဲ့ရခြင်းဖြစ်သည်။
တိုင်ဆန်ဖျူရီ သည် ဖေဖော်ဝါရီ(၂)ရက်က လေ့ ကျင့်မှုပြုလုပ်စဉ် ညာဘက်မျက်လုံး အပေါ်ဘက်နှင့် မျက်ခုံးအောက်ဘက်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပြန်ချုပ် ၍ ကုသမှုပြုလုပ်ခဲ့ရကြောင်း သိရသည်။
အူဆိုက်က “ဒီအရာတွေ ဖြစ်လာပေမဲ့လည်း ကျွန်တော် ပျော်နေတုန်းပါ။ ဒါက ဘဝပါပဲ။ ကျွန်တော် အရမ်းပျော်နေတယ်ဆိုတာက အခု ယူကရိန်းကို ပြန်ရမှာမို့လို့ပါ။ ဇနီး၊ သမီးနှစ်ယောက်နဲ့ တွေ့ဆုံရမယ်။ ပြီးရင် ဘုရားကျောင်းသွားပြီး ဆုမွန်ကောင်းတောင်းကြမယ်။ အနည်းငယ် အနားယူပြီး လေ့ကျင့်ရေးစခန်းကို ကျွန်တော် ပြန်လာမှာဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။ အူဆိုက်၏ဇနီး သည် ဇန်နဝါရီလ(၂၈)ရက်က ဒုတိယသမီးကို မွေးဖွားခဲ့သည်။