အာဆင်နယ်အသင်းသည် ဘီလ်ဘာအို လူငယ်တောင်ပံတိုက်စစ်ကစားသမား နီကိုဝီလီယံစ်အား ခေါ်ယူရန် အဆက်မပြတ် စောင့်ကြည့်နေကြောင်း သိရသည်။
အသက် ၂၁ နှစ်အရွယ် စပိန်လက်ရွေးစင်တောင်ပံတိုက်စစ်ကစားသမား နီကိုဝီလီယံစ်သည် ပြီးခဲ့သည့်ရာသီကတည်းက တောက်ပလာပြီး ဥရောပထိပ်တန်းအသင်းကြီးများ၏စိတ်ဝင်စားခြင်းကို ခံနေရသူလည်း ဖြစ်သည်။
The Mirror ၏ ဖော်ပြမှုအရ အာဆင်နယ်အသင်းသည် နီကိုဝီလီယံစ်အား လာမည့် ၂၀၂၄ နွေရာသီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူရန် ကင်းထောက်များစေလွှတ်ကာ စောင့်ကြည့်နေကြောင်း သိရသည်။
နီကိုဝီလီယံစ်သည် ဘီလ်ဘာအိုအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး ၎င်း၏စာချုပ်လျော်ကြေးမှာ ယူရိုသန်း ၅၀ ဖြစ်ကြောင်း သိရသည်။
၎င်းကိုခေါ်ယူရန် အာဆင်နယ်အသင်းအပြင် ရီးယဲလ်မက်ဒရစ်နှင့် လီဗာပူးလ်တို့ကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။