ဘောလုံးဥပဒေများအား ရေးဆွဲပြဋ္ဌာန်းပေးနေသည့် နိုင်ငံတကာဘောလုံးဘုတ်အဖွဲ့(IFAB) သည် ပရော်ဖက်ရှင်နယ်ဘောလုံးပွဲများ၌ အပြာကတ်စနစ်ကို စတင်အသုံးပြုရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်၌ ပရော်ဖက် ရှင်နယ်ဘောလုံးလောကတွင် အနီကတ်နှင့် အဝါကတ်တို့ကိုသာ အသုံးပြုနေပြီး အပြာကတ်ကို လာမည့်ရာသီတွင် အင်္ဂလန် FA ဖလားပြိုင်ပွဲ၌ စတင်စမ်းသပ်သုံးစွဲဖွယ်ရှိကြောင်း သိရသည်။
အပြာကတ်ပြသခံရသည့်ကစားသမားမှာ ကွင်းအတွင်းမှ (၁၀)မိနစ် ထုတ်ပယ်ခံရမည်ဖြစ်သည်။
အပြာကတ်နှစ်ကြိမ် ပြသခံရပါက အနီကတ်အဖြစ် သတ်မှတ်မည်ဖြစ်သလို၊ အပြာကတ်တစ်ကြိမ်၊ အဝါကတ်တစ်ကြိမ် ပြသခံရပါကလည်း ထုတ်ပယ်ခံရမည်ဟု သိရသည်။