Browsing: World

အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုက၎င်း၏စစ်သားများသည် မြေပြင်စစ်ဆင်ရေး၏ အဆိုးရွားဆုံးနေ့များကိုကြံ့ကြံ့ခံခဲ့ပြီးနောက် ဂါဇာထဲအထိ နက်နက်ရှိုင်း ရှိုင်းတိုက်ခိုက်သွားမည်ဟု ဒီဇင်ဘာ ၂၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ အစ္စလာမ်မစ်ဂျီဟတ်အုပ်စုသည် ကိုင်ရိုဆွေးနွေးပွဲတွင်ပါဝင်လာခဲ့ရာ ယင်းသည် သံတမန်ရေး အသက်ဝင်နေဆဲဆိုသည့် လက္ခဏာဖြစ်လာသည်။ အစ္စလာမ်မစ်ဂျီဟတ်အုပ်၏စု၏ ပြည်ပြေးခေါင်းဆောင် ဇာအက်အယ်နက်ခလာ ဦးဆောင်သော…

ဒိန်းမတ်၏ Maersk(မာ့စ်)သင်္ဘောကုမ္ပဏီသည် ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့တို့တွင် သင်္ဘောဖြင့်ကုန်စည်ပို့ဆောင်သော လုပ်ငန်းများကို ပြန်လည်လုပ်ဆောင်ရန် ပြင်ဆင်နေသည်ဟု ဒီဇင်ဘာ ၂၄ ရက်တွင် ယင်းကုမ္ပဏီက ပြောကြားခဲ့သည်။ Maersk ကုမ္ပဏီက အဆိုပါလမ်းကြောင်းများတွင် ၎င်း၏သင်္ဘောများကို ပြန်လည်ပြေးဆွဲရန် ပြင်ဆင်ခြင်းမှာ ယင်းနေရာများတွင်…

(၁) နိုင်ငံတကာငွေကြေးပေးချေမှုကိစ္စတွင် အကျပ်အတည်းအခက်အခဲများ တစ်စပြီးတစ်စ ထွက်ပေါ်လာချိန်၌ အမေရိကန်ငွေကြေးဒေါ်လာကိုနိုင်ငံတကာသုံးငွေမာအဖြစ်အသုံးပြုခြင်းကိစ္စနှင့်ပတ်သက်၍ ရှုထောင့်အမျိုးမျိုးမှ ဆွေးနွေးသုံးသပ်မှုများရှိလာသည်။ ဒုတိယကမ္ဘာစစ်ပြီးစကာလက နိုင်ငံတကာ ငွေပေးမှုများ၊ ငွေပေးငွေယူကိစ္စများနှင့်ပတ်သက်၍ နိုင်ငံများလက်ခံခဲ့ကြသည့် ဘရစ်တန်ဝုဒ် သဘောတူညီမှု (Bretton Woods Agreement) သည် ၁၉၇၁…

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် လူ ၁၄၈ ဦးထက်မနည်း သေဆုံးစေခဲ့သည့် အင်အားပြင်းငလျင်ကြောင့် စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းများတွင် ဒေါ်လာသန်းချီတန်ကြေးရှိ စီးပွားရေးထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ် စေခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာတွင် ဒီဇင်ဘာ ၂၃ ရက်က ဖော်ပြခဲ့သည်။ ကန်းဆုပြည်နယ်၏ စိုက်ပျိုးရေးနှင့်ငါးဖမ်းလုပ်ငန်းများတွင် ယွမ်…

ကမ္ဘာ့အလျှို့ဝှက်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သော တာမင်နစ္စတန်ရှိ ကက်စပီယန်ပင်လယ်ကမ်းရိုးတန်းပေါ်တွင် ဘတ်တားယူဆူပေါ့သည် ခရီးသည်များကို ဆိပ်ကမ်းနှစ်ခုအကြားတွင် ကူတို့ပို့ပေးနိုင်ခြင်းမရှိတော့ပါ။ ရေသည် အလုံအလောက် မရှိတော့ပါ။ “ကျွန်တော်က တာမင်ဘာရှီနဲ့ ဟာဇာအကြားကို သွားလေ့ရှိပါတယ်”ဟု အသက် ၃၆ နှစ်အရွယ်ရှိ ကူတို့လုပ်သားကပြောသည်။ တာမင်နစ္စတန်ကမ်းရိုးတန်းပေါ်တွင်…

ထိုင်ဝမ်ရေလက်ကြား၏ အလယ်စည်းကို တရုတ်တိုက်လေယာဉ် ရှစ်စင်းနှင့် တရုတ်မိုးပျံပူဖောင်းတစ်လုံး ဖြတ်သန်းဝင်ရောက်ခဲ့ကြောင်း ထောက်လှမ်းတွေ့ရှိခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ တရုတ်၏ အချုပ်အခြာအာဏာပိုင်နယ်မြေဖြစ်ကြောင်း ကြေညာခံထားရသည့် ထိုင်ဝမ်သည် ပြီးခဲ့သည့် လေးနှစ်အတွင်း ၎င်းကျွန်းအနီးဝန်းကျင်တွင် တရုတ်စစ်တပ်၏…

အိန္ဒိယထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသတွင် စစ်တပ်၏ ဖမ်းဆီးချုပ်နှောင်မှုခံထားရသူသုံးဦး သေဆုံးခဲ့ပြီးနောက် ဝေးလံခေါင်သီသောအချို့နေရာများရှိ ဒေသခံများအကြား ဒေါသများမြင့်တက်လာသည်ဟု တာဝန်ရှိသူများနှင့် ဒေသခံများက ဒီဇင်ဘာ၂၃ ရက်တွင် ပြောကြားခဲ့သည်။ ပွန်နက်ချ်ခရိုင်တွင် သူပုန်များကအိန္ဒိယအစိုးရ၏ စစ်တပ်သုံးယာဉ်နှစ်စင်းကို ခြုံခိုတိုက်ခိုက်မှုကြောင့် စစ်သားလေးဦးသေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရရှိခဲ့ပြီးနောက် တစ်ရက်အကြာ…

ဂါဇာကမ်းမြောင်ဒေသ၏ မြောက်ပိုင်းတွင်ရှိသည့် ဆေးရုံများသည် ကျန်းမာရေးစောင့်ရှောက်မှု မပေးနိုင်တော့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ပြောကြားခဲ့ပြီး စွန့်ပစ်ခံထားရသည့် လူနာများသည် အစားအစာနှင့်ရေများကို တောင်းခံနေကြသည်ဟု ဆိုသည်။ WHO သည် ပြီးခဲ့သည့် သီတင်းပတ်က ဂါဇာမြောက်ပိုင်းရှိ ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးနေသည့် အယ်လ်ရှီဖာနှင့်…

ပင်လယ်နီတွင် ပင်လယ်ကူးသင်္ဘောများအား ဟူရ်သီသူပုန်များက တိုက်ခိုက်နေသည့် ဖြစ်စဉ်တွင် အီရန်နိုင်ငံလည်း ပါဝင်ပတ်သက်နေကြောင်း အမေရိကန်က စွပ်စွဲခဲ့သည်။ အီရန်သည် ယီမင်သူပုန်အဖွဲ့ကို လက်နက်များနှင့် နည်းဗျူဟာမြောက်ထောက် လှမ်းရေးအချက်အလက်များကို ထောက်ပံ့ပေးနေကြောင်း ဒီဇင်ဘာ ၂၂ ရက်တွင် အိမ်ဖြူတော်က ပင်လယ်နီတွင်…

၂၀၂၂ ခုနှစ် အောက်တိုဘာ ၅ ရက်က ယူကရိန်း၏ ဒိုးနက်ဒေသရှိ လိုင်မန်မြို့တွင် ပစ်ချခံခဲ့ရသည့် ရုရှား၏ Su-34 ဗုံးကြဲတိုက်လေယာဉ်၏ အပျက်အစီးများကို ပြသနေသည့် ယူကရိန်းစစ်သားတစ်ဦးကို တွေ့ရစဉ် ယူကရိန်းနိုင်ငံ တောင်ပိုင်းတွင် ရုရှား၏ Su-34…