၂၀၂၂ ခုနှစ် အောက်တိုဘာ ၅ ရက်က ယူကရိန်း၏ ဒိုးနက်ဒေသရှိ လိုင်မန်မြို့တွင် ပစ်ချခံခဲ့ရသည့် ရုရှား၏ Su-34 ဗုံးကြဲတိုက်လေယာဉ်၏ အပျက်အစီးများကို ပြသနေသည့် ယူကရိန်းစစ်သားတစ်ဦးကို တွေ့ရစဉ်
ယူကရိန်းနိုင်ငံ တောင်ပိုင်းတွင် ရုရှား၏ Su-34 ဗုံးကြဲတိုက်လေယာဉ် သုံးစင်းကို ပစ် ချခဲ့ကြောင်း ယူကရိန်းစစ်တပ်က ပြောကြားခဲ့ သည်။
အဆိုပါ Su-34 တိုက်လေယာဉ်များကို ဒီဇင်ဘာ ၂၂ ရက်မွန်းလွဲပိုင်းက ပစ်ချခဲ့ခြင်း ဖြစ်သည်ဟု ယူကရိန်းလေတပ်၏ တပ်မှူး မိုင်ကိုလာ အိုလက်ရှ်ချက်က ပြောကြားခဲ့ သည်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စ ကီးကလည်း ခါဆန်ဒေသတွင် ရုရှားတိုက် လေယာဉ်များကို ပစ်ချခဲ့သည့် စစ်သားများ ကို ကျေးဇူးတင်ကြောင်း ဒီဇင်ဘာ ၂၄ ရက် က ၎င်းင်း၏ ညစဉ်ပြောနေကျ မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့သည်။
“ဒါဟာ ကျွန်တော်တို့ လေတပ်ရဲ့ အသာစီးရမှုဖြစ်ပြီး အိုဒက်ဆာ လေယာဉ်ပစ် ဒုံးကျည်တပ်ဖွဲ့ရဲ့ တိုက်ရိုက်လုပ်ဆောင်ချက် ဖြစ်ပါတယ်။ခင်ဗျားတို့ကို ကျေးဇူးတင်ပါ တယ်” ဇယ်လန်စကီးက ပြောကြားခဲ့သည်။
ရုရှားလေယာဉ်မှူးများသည် မိမိတို့၏ တုံ့ပြန်ချက်ကို ကောင်းစွာ သတိပြုမိဖွယ်ရှိ ကာ ရုရှားစစ်သားများအားလုံး အပြစ်ပေးခံရ မည့်အရေးမှ လွတ်မြောက်လိမ့်မည်မဟုတ် ကြောင်း ဇယ်လန်စကီးက ပြောကြားခဲ့သည်။
ယူကရိန်း၏ ပြောကြားချက်များနှင့် ပတ်သက်ပြီး ရုရှား၏ ကရင်မလင်နန်းတော် က မှတ်ချက်ပေးခဲ့ခြင်းမရှိသော်လည်း ရုရှား စစ်ပွဲဘလော့ဂ်ဖြစ်သည့် Fighter bomber တွင်မူ ပက်ထရီးယော့ လေကြောင်းကာကွယ်ရေးစနစ်ကြောင့် ဆုံးရှုံးနစ်နာမှုများရှိခဲ့သည် ဟု ပြောကြားခဲ့သည်။
နောက်ထပ် စစ်ပွဲဘလော့ဂ်တစ်ခုဖြစ် သည့် voenniy osvedomitel (စစ်တပ် သတင်းပေး) telegram ချန်နယ်တွင်လည်း ရုရှားတပ်များ ထိန်းချုပ်ထားသည့် နီပရိုမြစ်၏ အရှေ့ဘက်ကမ်းဒေသရှိ ခရင်ကီကျေးရွာ တွင် အခိုင်အမာခြေကုပ်ယူထားသည့် ယူက ရိန်းတပ်များကို ဗုံးကြဲတိုက်ခိုက်ရာတွင် အသုံး ပြုသည့် Su-34 ဗုံးကြဲတိုက်လေယာဉ်များ ဆုံးရှုံးမှုရှိခဲ့သည်ဟု ဖော်ပြခဲ့သည်။
ဇယ်လန်စကီးကမူ ယူကရိန်းသို့ F-16 တိုက်လေယာဉ်များ ဖြန့်ချိရေးနှင့် ယူကရိန်း အတွက် ဥရောပသမဂ္ဂ၏ ယူရို ၅၀ ဘီလျံ တန်ကြေးရှိ အစီအစဉ်သစ်တစ်ခုကို အတည် ပြုရေးတို့အတွက် နယ်သာလန်ဝန်ကြီးချုပ် မာ့ခ် ရုတေးနှင့် ဆွေးနွေးခဲ့ကြောင်း ပြောကြား ခဲ့သည်။
နယ်သာလန်သည် ယူကရိန်းအား ပထ မအသုတ် F-16 တိုက်လေယာဉ်များပေးပို့ ရန် ပြင်ဆင်နေကြောင်း၊ နိုင်ငံရေးအရ ဆုံး ဖြတ်ချက်များနှင့်စပ်လျဉ်းပြီး မိမိတို့အနေနှင့် လေယာဉ်မှူးများနှင့် အင်ဂျင်နီယာများကို လေ့ကျင့်သင်တန်းပေးနေကြောင်းနှင့် လက်ရှိ တွင် မိမိတို့သည် F-16 တိုက်လေယာဉ်များ ဖြန့်ချိမှုအပိုင်းကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ဇယ်လန်စကီးက ပြောကြားခဲ့သည်။
နယ်သာလန်နိုင်ငံသည် ယူကရိန်းအား အမေရိကန်လုပ် F-16 တိုက်လေယာဉ် ၁၈ စင်း ဖြန့်ချိပေးရန် ပြင်ဆင်နေကြောင်း ဒီဇင် ဘာ ၂၂ ရက်က ကြေညာခဲ့သည်။
ယူကရိန်းသည် စစ်မျက်နှာအားလုံးတွင် ဖိအားများနှင့် ရင်ဆိုင်နေရချိန်တွင် နယ်သာ လန်၏ ကြေညာချက် ထွက်ပေါ်ခဲ့ခြင်းဖြစ် သည်။ အမေရိကန်၏ ခွင့်ပြုချက်နှင့်အတူ ဒိန်းမတ်နှင့် နယ်သာလန်တို့သည် ယူကရိန်း ၏ လေယာဉ်မှူးများကို လေ့ကျင့်သင်တန်း ပေးပြီးသည့်အချိန်တွင် ယူကရိန်းအား F-16 တိုက်လေယာဉ် ၆၁ စင်း ထောက်ပံ့ပေးမည် ဟု သြဂုတ်လက ကြေညာခဲ့သည်။