အိန္ဒိယထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသတွင် စစ်တပ်၏ ဖမ်းဆီးချုပ်နှောင်မှုခံထားရသူသုံးဦး သေဆုံးခဲ့ပြီးနောက် ဝေးလံခေါင်သီသောအချို့နေရာများရှိ ဒေသခံများအကြား ဒေါသများမြင့်တက်လာသည်ဟု တာဝန်ရှိသူများနှင့် ဒေသခံများက ဒီဇင်ဘာ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ပွန်နက်ချ်ခရိုင်တွင် သူပုန်များကအိန္ဒိယအစိုးရ၏ စစ်တပ်သုံးယာဉ်နှစ်စင်းကို ခြုံခိုတိုက်ခိုက်မှုကြောင့် စစ်သားလေးဦးသေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရရှိခဲ့ပြီးနောက် တစ်ရက်အကြာ ဒီဇင်ဘာ ၂၂ ရက်တွင် စစ်တပ်ကအ ရပ်သားရှစ်ဦးထက်မနည်းအား စစ်ဆေးမေးမြန်းရန်အတွက် ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ဒေသခံများက ပြောကြားခဲ့သည်။
ပွန်နက်ချ်ခရိုင်သည် အိန္ဒိယနှင့်ပါကစ္စတန်ကြား အငြင်းပွားဖွယ် ဟိမဝန္တာဒေသကို ပိုင်းခြားထားသည့် စစ်အင်အားမြင့်မားသော ထိန်းချုပ်မှုမျဉ်း၏အနီးတွင်တည်ရှိသည်။
အနီးအနားရှိ စစ်စခန်းတစ်ခုတွင်စစ်တပ်အရာရှိများက ဖမ်းဆီးထားသူများထဲမှ သုံးဦးကို သေဆုံးသည်အထိ ညှင်းပန်းနှိပ်စက်ခဲ့သည်ဟု ဒေသခံများကစွပ်စွဲပြောကြားခဲ့သည်။နောက်ပိုင်းတွင် ယင်းအလောင်းများကို ဒေသခံရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ရဲတပ်ဖွဲ့က ၎င်းတို့၏ကျန်ရစ်သူမိသားစုများကို ဆက်သွယ်ခဲ့သည်။ယင်းအလောင်းများတွင် ဆိုးရွားစွာညှင်းပန်းနှိပ်စက်ခံရသည့် ဒဏ်ရာများကို တွေ့ရှိခဲ့သည်ဟု ဒေသခံများက ပြောကြားခဲ့သည်။
နောက်ထပ်ဖမ်းဆီးထားသူငါးဦးကို ဆိုးရွားစွာ ညှင်းပန်းနှိပ်စက်ခဲ့ပြီးနောက် စစ်ဆေးရုံတစ်ရုံသို့ ပို့ဆောင်ခဲ့သည်ဟု ၎င်းတို့၏မိသားစုများက ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၂၂ ရက်နံနက်ပိုင်းက ပွန်နက်ချ်ခရိုင်ရှိ ၎င်း၏တိုပါပီယာကျေးရွာသို့ စစ်သားများရောက်ရှိလာခဲ့ပြီး ဦးနှင့်ဝမ်းကွဲညီတစ်ဦးအပါအဝင် ရွာသားကိုးဦးကို ဖမ်းဆီးခဲ့သည်ဟု ဒေသခံမိုဟာမက်ယူနစ်က ပြောကြားခဲ့သည်။အသက်ကြီးသည့် အမျိုးသားတစ်ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း အခြားသူများကို အညှာအတာမဲ့စွာ ရိုက်နှက်ပြီး လျှပ်စစ်ရှော့တိုက်၍နှိပ်စက်ခဲ့သည်ဟု ၎င်းကဆိုသည်။
“ကျွန်တော့်ရဲ့ညီနှစ်ဦးနဲ့ ဝမ်းကွဲညီကတော့ ညှင်းပန်းနှိပ်စက်မှုတွေကြောင့် ဆိုးဆိုး ရွားရွားထိခိုက်နာကျင်ခဲ့ရပါတယ်။သူတို့တွေကို စစ်ဆေးရုံတစ်ရုံမှာ ကုသပေးနေပါတယ်” ဟု ယူနစ်က ၎င်း၏ညီများမ ှတစ်ဦးနှင့်တွေ့ဆုံခဲ့ပြီးနောက် ပြောကြားခဲ့သည်။
၎င်းတို့ကို ဖမ်းဆီးခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ဖမ်းဆီးခံရသော အရပ်သားများ ညှင်းပန်းနှိပ်စက်ခံရမှုကို ရိုက်ကူးထားသော ဗီဒီယိုဖိုင်များသည် အွန်လိုင်းတွင်ကျယ်ကျယ် ပြန့်ပြန့် ပျံ့နှံ့ခဲ့ပြီးနောက် စိတ်တိုဒေါသဖြစ်မှု များ မြင့်တက်လာခဲ့သည်။
ဒီဇင်ဘာ ၂၂ ရက်နံနက်ပိုင်းတွင် ပွန်နက်ချ်နှင့်အနီးအနားရှိ ရာဂျိုရီတို့တွင် အာဏာပိုင်များက စမတ်ဖုန်းများရှိ အင်တာနက်များကို ဖြတ်တောက်ခဲ့ကာ ယင်းသည် ဗီဒီယိုများပျံ့နှံ့မှုကို တားဆီးရန်နှင့်အလားအလာ ရှိသော ဆန္ဒပြမှုများကို ပပျောက်စေရန် လုပ်ဆောင်လေ့ရှိသည့် နည်းလမ်းတစ်ရပ် ဖြစ်သည်။
ဒီဇင်ဘာ ၂၁ ရက်ညနေခင်းအချိန်ကတည်းက ခြုံခိုတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သည့် စစ်သွေးကြွများကို ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကာ အရပ်သားသုံး ဦးသေဆုံးမှုဖြစ်စဉ်နှင့်ပတ်သက်၍ မှတ်ချက် ပြုပြောကြားရန်မရှိဟု အိန္ဒိယစစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် လက်ထောက်ဗိုလ်မှူးကြီး ဆူနီးလ်ဘာ့တ်ဝဲလ်ကဆိုသည်။
ပွန်နက်ချ်တွင် အရပ်သားသုံးဦးသေဆုံးမှုနှင့်ပတ်သက်၍ အစီရင်ခံစာများရရှိကြောင်း အိန္ဒိယစစ်တပ်က ဒီဇင်ဘာ ၂၃ရက် နှောင်းပိုင်းတွင်