Browsing: World

ဒရုန်းတိုက်ခိုက်မှုအတွင်းသေဆုံးခဲ့သော တော်လှန်ရေးအစောင့်တပ် ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလေမာနီအတွက် အီရန်၌ ကျင်းပသည့် လေးနှစ်မြောက်နှစ်ပတ်လည်ပွဲတွင် အနည်းဆုံး လူ ၈၄ ဦးသေဆုံးခဲ့သည့် ဗုံးခွဲမှု နှစ်ခုကို မိမိတို့လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဇန်နဝါရီ ၅ ရက်တွင် IS အုပ်စုက ထုတ်ပြန်ခဲ့သည်။…

၂၀၂၃ ခုနှစ်သည် တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် ဆိုးရွားသောနှစ်တစ်နှစ် ဖြစ်ခဲ့သည်မှာ ဝမ်းနည်းစရာကောင်းသည်။ ဂါဇာတွင် အစ္စရေးနှင့် ဟားမာ့စ်တို့ စစ်ဖြစ်နေရာ ပါလက်စတိုင်းသား သောင်းချီ သေဆုံးခဲ့ရပြီး အစ္စရေးနိုင်ငံသား ထောင်ဂ ဏန်းသေဆုံးခဲ့သည်။ နှစ်ဘက်စလုံးတွင် ကလေးသူငယ် အများအပြားသေဆုံးခဲ့ သည်။…

ဇန်နဝါရီ ၄ ရက်က တောင်တရုတ်ပင်လယ်တွင် တရုတ်က ရေကြောင်းနှင့် လေကြောင်းမှ ကင်းလှည့်လည်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ အမေရိကန်၏ မဟာမိတ်ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်နေစဉ် ပိုင်နက်အငြင်းပွား တောင်တရုတ်ပင်လယ်ရေပြင်၌ တရုတ်နှင့် အမေရိကန်စစ်သင်္ဘောများ ရောက်ရှိနေကာ…

ဟားမာ့စ်ဒုတိယအကြီးအကဲသေဆုံးသွားသည့် ဘေရွတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် မည်သည့် အနာဂတ်ဖြစ်နိုင်ခြေအတွက်မဆို မိမိတို့ ပြင်ဆင်ထားသည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့ရာ ဂါဇာကမ်း မြောင်တွင် ဖြစ်ပွားနေသော စစ်ပွဲက ပိုမိုကျယ်ပြန့်သော ဒေသဆိုင်ရာ ပဋိပက္ခအဖြစ် ကူးစက်သွားနိုင်သည့် စိုးရိမ်ပူပန်မှုများကို လှုံ့ဆွပေးလျက်ရှိသည်။ အစ္စရေး တိုက်ခိုက်မှုတစ်ခုအတွင်း…

ဂျပန်နိုင်ငံတွင် အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၆၂ ဦးထက်မနည်းရှိလာခဲ့ပြီးနောက် အာဏာပိုင်များက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်လာနိုင်ခြေအပေါ် သတိပေးချက်ထုတ်ပြန်ထားချိန်တွင် ကယ်ဆယ်ရေးသမားများသည် ဇန်နဝါရီ ၃ ရက်တွင် အသက်ရှင်သူများကို ရှာဖွေတွေ့ရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ ဇန်နဝါရီ ၁…

ဇန်နဝါရီ ၂ ရက်က ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဟာနဲဒါလေဆိပ်တွင် ဂျပန်လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်တစ်စင်းနှင့် ဝင်တိုက်မိပြီးနောက် ဂျပန်ကမ်းခြေစောင့်တပ် လေယာဉ်ပေါ်တွင် လိုက်ပါသွားသူငါးဦး သေဆုံးခဲ့ကြောင်း သိရသည်။ အလျင်အမြန် မီးလောင်ကျွမ်းခဲ့သည့် ခရီးသည်တင် လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ခရီးသည်နှင့်…

ထိုင်းနိုင်ငံ ရနောင်းမြို့တွင် အချုပ်ကျနေ သည့် မြန်မာနိုင်ငံသား ၂၅၈ ဦးက မြန်မာနိုင် ငံသို့ ပြန်ပို့ပေးရန် ဆန္ဒပြတောင်းဆိုလျက်ရှိ ကြောင်း သိရသည်၊ ဇန်နဝါရီ ၂ ရက်တွင် ထိုင်းနိုင်ငံ ရနောင်း ခရိုင် ရနောင်းမြို့…

ကမ္ဘာ့ဆန်စပါးစျေးကွက်၌ အယ်လ်နီညိုရာသီဥတု၏ သက်ရောက်မှုများကြောင့် ဆန်အရောင်းအဝယ်မြင့်မားနေပြီး နိုင်ငံအလိုက် အစီအမံများဆောင်ရွက်လျက်ရှိသော်လည်း မြန်မာနိုင်ငံအနေဖြင့်မူ ဆန်ပိုလျှံမှု တန်ချိန်သုံးသန်းကျော်အထိရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တင်ပို့မှုမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၉ ရက်မှ ၁၅…

ဂျပန်နိုင်ငံ တိုကျိုရှိဟာနေဒါလေဆိပ်တွင် ဇန်နဝါရီ ၂ ရက်က Japan Airlines လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ကမ်းစောင့်တပ် လေယာဉ်တစ်စင်းနှင့် တိုက်ခဲ့ပုံရပြီးနောက် ပြေးလမ်းပေါ်တွင် မီးလောင်သွားခဲ့သည်။ သို့သော် လေယာဉ်ပေါ်ပါ ခရီးသည် ၃၆၇ ဦးစလုံးကို ဘေးလွတ်ရာရွှေ့ပေးနိုင်ခဲ့သည်ဟု…

ဇန်နဝါရီ ၂ ရက်က တောင်ကိုရီးယား အတိုက်အခံပါတီခေါင်းဆောင် လီဂျေမြောင်အား ၎င်းကိုထောက်ခံသူအဖြစ် ဟန်ဆောင်ထားသည့် အမျိုးသားတစ်ဦးက လူအုပ်ထဲမှ တိုးထွက်လာကာ လည်ပင်းကို ဓားဖြင့်ထိုးခဲ့ကြောင်း သိရသည်။ နိုင်ငံတောင်ပိုင်း ဘူဆန်ဆိပ်ကမ်းမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ၎င်းကိုထောက်ခံသူများနှင့် သတင်းထောက်များက ၀ိုင်းအုံနေစဉ်…