ထိုင်းနိုင်ငံ ရနောင်းမြို့တွင် အချုပ်ကျနေ သည့် မြန်မာနိုင်ငံသား ၂၅၈ ဦးက မြန်မာနိုင် ငံသို့ ပြန်ပို့ပေးရန် ဆန္ဒပြတောင်းဆိုလျက်ရှိ ကြောင်း သိရသည်၊
ဇန်နဝါရီ ၂ ရက်တွင် ထိုင်းနိုင်ငံ ရနောင်း ခရိုင် ရနောင်းမြို့ လဝကအချုပ်ခန်းရှိ နှစ်ထပ် မှ ငါးထပ်အထိ အခန်းများတွင် အချုပ်ကျနေ သည့် မြန်မာနိုင်ငံသား ၂၅၈ ဦးမှာ မြန်မာနိုင် ငံသို့ ပြန်ပို့ပေးရန် ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း ထိုင်းမီဒီယာများတွင် ဖော်ပြထားချက်အရ သိရသည်။
အချုပ်ကျနေသည့် မြန်မာနိုင်ငံသားများ မှာ အချုပ်ခန်းအတွင်းပိုင်း တံခါးပိတ်ပြီး ဆန္ဒ ပြတောင်းဆိုနေသည့်အတွက် တာဝန်ရှိသူ များက အချုပ်ခန်းတံခါးကို ဖျက်ခဲ့ရကြောင်း သိရသည်။ အချုပ်ကျနေသည့် မြန်မာနိုင်ငံ သားများတွင် အမျိုးသား ၂၁၀ ဦး၊ အမျိုးသမီး ၄၈ ဦးပါဝင်ပြီး မြန်မာနိုင်ငံဘက်သို့ ချိတ် ဆက်ပေးရန် ကြန့်ကြာနေသည့်အတွက် ဆန္ဒ ပြတောင်းဆိုနေခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်ကလည်း မြန်မာအချုပ် သားများကို လွှဲပြောင်းပေးရန် ကြန့်ကြာနေ သည့်အတွက် ရနောင်းအချုပ်ထောင်တွင် ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီး မြန်မာတာဝန်ရှိသူများ က သွားရောက်ညှိနှိုင်းကာ ၂၀၀ ဦးခန့် ပြန်လည် ခေါ်ဆောင်လာနိုင်ခဲ့ကြောင်း သိရသည်။