Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် အရေးအကြီးဆုံး ကိစ္စရပ်မှာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် မှန်မှန်ကန်ကန် နားလည်မှုတို့ကို တည်ဆောက်ရန်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဇန်နဝါရီ ၅ ရက်တွင် ပြောကြားခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးသည် ရွေးချယ်စရာမဟုတ်ဘဲ အရေးတကြီး လုပ်ဆောင်ရ မည့်အရာပင်ဖြစ်ကြောင်းလည်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးသည် နှစ်နိုင်ငံဆက်ဆံရေး အဆင်ပြေချောမွေ့စေရန် အမှန်ကန်ဆုံး ရွေးချယ်မှုဖြစ်ကြောင်း တရုတ်-အမေရိကန် သံတမန်ဆက်ဆံရေး ထူထောင်မှု ၄၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတစ်ခုတွင် မိန့်ခွန်းပြောကြားစဉ် ဝမ်ယိက ထည့်သွင်းပြောဆိုခဲ့သည်။ “တရုတ်-အမေရိကန်ဆက်ဆံရေးဟာ နှစ်နိုင်ငံအတွက်တင်မကဘဲ ကမ္ဘာကြီးအတွက်လည်း ရွေးချယ်စရာတစ်ခု မဟုတ်တော့ ဘဲ အလေးအနက်ကိုင်တွယ်စီမံရမယ့် အလွန်အရေးပါတဲ့ ကိစ္စရပ်ဖြစ်တယ်” ဟု ဝမ်ကထပ်မံပြောကြားခဲ့သည်။ အမျိုးသားလုံခြုံရေး၊ ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခများ၊ ကုန်သွယ်ရေးကန့်သတ်ပိတ်ပင်မှုများ၊ ရာသီဥတုပြောင်းလဲမှုနှင့် ထိုင်ဝမ်အရေးအပါအဝင် ကိစ္စရပ်အများအပြားနှင့်ပတ်သက်၍ အမေရိကန်နှင့် တရုတ်အကြားဆက်ဆံရေး တင်းမာလျက်ရှိသည်။ ယမန်နှစ်တွင် လေပိုင်နက်ထဲသို့ အမြင့်ပျံမိုးပျံပူဖောင်းများ စေလွှတ်ပျံသန်းနေသည်ဟု နှစ်ဖက်စလုံးက အပြန်အလှန်စွပ်စွဲခဲ့ကာ သံတမန်ရေးအငြင်းပွားမှု ပိုမိုနက်ရှိုင်းလာခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်ကလည်း မဟာအင်အားကြီးနှစ်နိုင်ငံသည် တောင်တရုတ်ပင်လယ်တွင် စစ်ရေးလေ့ကျင့်မှုများ အပြိုင်အဆိုင် ပြုလုပ်ခဲ့သည်။ အမေရိကန်က ၎င်း၏သဘောထားကို ဖြေလျှော့ကာ မိမိတို့၏ နိုင်ငံတော်အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုတို့ကို ကာကွယ်ခြင်းအပါအဝင် တရုတ်ပြည်သူများ၏ ရွေးချယ်မှုများနှင့် တရုတ်၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို တန်းတူညီမျှမှု၊ မျှဝေခံစားမှုတို့ဖြင့် လေးစားမှုရှိမည်ဟု တရုတ်က မျှော်လင့်ပါကြောင်း ဝမ်က ဆိုသည်။ “အပြန်အလှန် လေးစားမှုအပေါ် အခြေခံပြီး တရုတ်-အမေရိကန်ဆက်ဆံရေးကို တည်ငြိမ်ပြီး ခိုင်မာအားကောင်းကာ…
ထိုင်းနိုင်ငံ စမွတ်စခုံအခြေစိုက် ငါးဖမ်းလှေကြီးပေါ်တွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားတစ်ဦး ပိုက်ကြိုးများ ရစ်ပတ်မိပြီး သေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးသူမှာ မြန်မာနိုင်ငံသား အောင်မိုး (၄၂ နှစ်) ဆိုသူဖြစ်ပြီး ထိုင်းပင်လယ်ကွေ့အတွင်း ငါးဖမ်းဆီးနေစဉ် ပိုက်ကြိုးများနှင့် ခန္ဓာကိုယ်တစ်ခုလုံး မလှုပ်ရှားနိုင်အောင် မတော်တဆ ရစ်ပတ်မိခဲ့ခြင်းဖြစ်ကြောင်း၊ ရေလုပ်သားများက ကူညီရန် ကြိုးစားသော်လည်း အသက်သေဆုံးသွားခဲ့ကြောင်း ထိုင်းမီဒီယာများတွင် ဖော်ပြထားချက်အရ သိရသည်။ ငါးဖမ်းစက်လှေမှာ တန်ချိန် ၆၀ ရှိ အကြီးစားငါးဖမ်းလှေကြီးဖြစ်ပြီး အလုပ်သမား ၃၀ လိုက်ပါခဲ့ကြောင်း၊ အလုပ်သမားများရှေ့တွင် အဆိုပါအဖြစ်အပျက်ဖြစ်ခဲ့သော်လည်း မကူညီနိုင်ဘဲ အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ငါးဖမ်းစက်လှေထဲတွင် သေဆုံးခဲ့သည့် မြန်မာနိုင်ငံသား၏အလောင်းကို စမွတ်စခုံ ဆိပ်ကမ်းသို့ ပြန်သယ်ရန်ဝေးကွာသည်ဟုဆိုကာ တရတ်ခရိုင်ဆိပ်ကမ်းသို့ သယ်ဆောင်လာခဲ့ကြောင်း သိရသည်။ ဇန်နဝါရီ ၃ ရက်က တရတ်ခရိုင် ခလောင်ယိုင်မြို့နယ် ကန်ပါဟာဆိပ်ကမ်းတွင် ခလောင်ယိုင်ရဲတပ်ဖွဲ့က အလောင်းကို မှတ်တမ်းယူခြင်း၊ သက်သေရှာဖွေခြင်းများ လုပ်ဆောင်ကာ ရဲလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သရေစည်သူဘွဲ့ရရှိသူ ကိုးဦး၊ စည်သူဘွဲ့ရရှိသူ ငါးဦး၊ သူရဘွဲ့ရရှိသူ ခြောက်ဦး၊ သီရိပျံချီဘွဲ့ရရှိသူ ၄၂ ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ ၈၃ ဦး၊ အလင်္ကာကျော်စွာ ဘွဲ့ရရှိသူ လေးဦးနှင့် သိပ္ပကျော်စွာဘွဲ့ရရှိသူ လေးဦးတို့အား ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သဘင်ဆောင်၌ ဇန်နဝါရီ ၄ ရက်နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။ ယင်းအခမ်းအနားသို့ နစကဥက္ကဋ္ဌ၏ ဇနီးဒေါ်ကြူကြူလှ၊ နစကဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ နစကအဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသည့် ပုဂ္ဂိုလ်များနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ နစကဥက္ကဋ္ဌက ပြည်ထောင်စုကြီး ထာဝရတည်တံ့ရေးကြိုးပမ်းမှုနှင့် အတူ တစ်ဖက်တွင်လည်း ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ ပြည်သူလူထု တစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြှင့်တင်ရေး၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေ စီစနစ်ခိုင်မာစေရေးစသည့် နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းစဉ်များကိုလည်း အထူးအလေးထားပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင် ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ပြည်ထောင်စုအစိုးရစသည့် တိုင်းပြည်၏ အဓိကမဏ္ဍိုင်ကြီးများက တာဝန်ရှိသူများနှင့်အတူ ကဏ္ဍပေါင်းစုံ၊ ဘက်ပေါင်းစုံက ပုဂ္ဂိုလ်အသီးသီးတို့ကလည်း လက်တွဲကြိုးပမ်းနေခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ (၇၆)နှစ်မြောက်နေ့ထူးနေ့မြတ် အခါသမယတွင် နိုင်ငံတော်အတွက် ထူးကဲသာလွန်စွာ အကျိုးပြုခဲ့သူများကို ဂုဏ်ပြုချီးမြှင့်နိုင်ရန်အတွက် ယခုအခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့ပြင် အေးချမ်းသာယာပြီး…
အိန္ဒိယဗဟိုအစိုးရသည် မဏိပူရပြည်နယ််နှင့် မြန်မာနိုင်ငံအကြား လွတ်လပ်စွာလှုပ်ရှားသွားလာခွင့် အစီအစဉ်(Free Movement Regime – FMR)ကို အဆုံးသတ်ရန် စဉ်းစားသုံးသပ်နေကြောင်း Northeast Now သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။ ထိုအစီအစဉ်ကို အဆုံးသတ်ရန် မဏိပူရပြည်နယ်် ဝန်ကြီးချုပ် အန်ဘိုင်ရန်ဆင်းက ပြည်ထောင်စုအစိုးရကို တိုက်တွန်းခဲ့ပြီးနောက် ဗဟိုအစိုးရက ထိုအကြောင်းအရာကို ဆင်ခြင်စဉ်းစားနေခြင်းဖြစ်သည်ဟု ဆိုသည်။ အိန္ဒိယ၏ မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံအကြား လွတ်လပ်စွာသွားလာလှုပ်ရှားခွင့် သဘောတူညီချက်အရ မဏိပူရပြည်နယ်တွင် နေထိုင်သည့်ဒေသခံများနှင့် မြန်မာနိုင်ငံသားများသည် တစ်ဖက်နှင့် တစ်ဖက် ၁၆ ကီလိုမီတာအထိ ဗီဇာမလိုဘဲ ဝင်ထွက်သွားလာခွင့် ရရှိထားသည်။ သို့သော် မကြာသေးမီက မဏိပူရပြည်နယ််တွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေးပဋိပက္ခများနှင့် မြန်မာနိုင်ငံသားများ အစုလိုက်အပြုံလိုက်် ဝင်ရောက်လာသည့် အခြေအနေများကြောင့် အိန္ဒိယဗဟိုအစိုးရက FMR ကို အဆုံးသတ်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု အိန္ဒိယ ထိပ်သီးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ မဏိပူရပြည်နယ်ဝန်ကြီးချုပ် အန်ဘိုင်ရန်ဆင်းသည် ၂၀၂၃ ခုနှစ် စက်တင်ဘာ တတိယပတ်တွင် FMR သဘောတူညီချက်အား ရာသက်ပန်ဖျက်သိမ်းရန် ဗဟိုအစိုးရအား တောင်းဆိုထားသည့် စာတစ်စောင်ကို ပေးပို့ခဲ့သည်။ လက်ရှိအိန္ဒိယဝန်ကြီးချုပ် နရင်ဒါရာမိုဒီ၏ အာဏာရပါတီဖြစ်သည့် BJP ပါတီ၏ မဏိပူရပြည်နယ် လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ရာဇကုမာ အင်မိုကလည်း FMR ကို အဆုံသတ်ရေးနှင့် နယ်စပ်စည်းရိုးများ အပြီးသတ်တည်ဆောက်ရေးတို့သည် လွှတ်တော်အမတ်အားလုံးက ဗဟိုအစိုးရကို တောင်းဆိုနေသည့် အရေးတကြီးလုပ်ဆောင်ရမည့် အကြောင်းအရာများဖြစ်သည်ဟု ပြောကြားခဲ့သည်။ လက်ရှိတွင် အိန္ဒိယ၏ မဏိပူရပြည်နယ်တွင် မြန်မာနိုင်ငံသားပေါင်း ၁၀၀၀၀ ခန့် ဒုက္ခသည်အဖြစ် ခိုလှုံလျက်ရှိသည်။ အိန္ဒိယသည်…
မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က ရှယ်ယာရှင်အသစ်များနှင့် ဆွေးနွေးမှုမှာ အလွန်အပြုသဘောဆောင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ မန်ယူအသင်း၏ရှယ်ယာ ၂၅ ရာခိုင်နှုန်း ဝယ်ယူရန် သဘောတူညီမှုရရှိထားသည့် ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ်နှင့် INEOS လုပ်ငန်းစု ကိုယ်စားလှယ်များဖြစသည့် ဆာဒေ့ဗ်ဘရေးလ်စဖို့ဒ်၊ ဂျွန်ကလော်ဒီဘလန့်တို့သည် ဇန်နဝါရီ ၂ ရက်က မန်ယူအသင်း၏ လေ့ကျင့်ရေးကွင်းသို့ ပထမဆုံးအကြိမ်သွားရောက်ခဲ့ပြီး အဲရစ်တန်ဟက်ဂ််အပါ အဝင် အသင်းတာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ သတင်းစာရှင်းလင်းပွဲတွင် ရှယ်ယာရှင်အသစ်များနှင့် ဆွေးနွေးမှုအပေါ် အဲရစ်တန်ဟက်ဂ်က ယခုလိုဖြေကြားခဲ့ခြင်းဖြစ်ပြီး အတူလက်တွဲလုပ်ဆောင်နိုင်ရန် မျှော်လင့်ထားကြောင်းလည်း ပြောကြားခဲ့သည်။ “အဲဒါက အရမ်းကို အပြုသဘောဆောင်ခဲ့ပါတယ်။ တူညီတဲ့စာမျက်နှာပေါ်က ကိစ္စတွေအများကြီးအတွက် ကျွန်တော်တို့ နာရီပေါင်းများစွာအတူထိုင်ပြီး အချိန်အတော်ကြာ ဆွေးနွေးခဲ့ပါတယ်။ ဒါက အလွန်အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုဖြစ်ပြီး အချင်း ချင်းလက်တွဲလုပ်ဆောင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ သူတို့က အခုမှရောက်လာပြီး ကိုယ့်ကိုယ်ကိုမိတ်ဆက်တုန်းပဲ ရှိပါသေးတယ်။ သူတို့ဆီမှာ ကောင်းမွန်တဲ့ အကြံညဏ်တွေ ရှိတာဖြစ်လို့ ဘယ်လိုပေါင်းစပ်ရမလဲဆိုတာ ကြည့်ရပါမယ်။ ကျွန်တော်တို့ အလုပ်တွေ အတူလုပ်သွားမှာပါ။ ဗျူဟာတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ ငြင်းခုန်မှုတွေရှိခဲ့ပြီး အတူပေါင်းစည်းလာမယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု အဲရစ်တန်ဟက်ဂ်က ဆိုသည်။ ထို့ပြင် ညာနောက်ခံလူ ဝမ်ဘစ်ဆာကာ၊ ခံစစ်အတွင်းလူ လင်ဒီလော့ဖ်နှင့် လူငယ်ကွင်းလယ်ကစားသမား ဟန်နီဘယ်လ်တို့ကို တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပြီး ခံစစ်အတွင်းလူ ဗာရန်း၊ တိုက်စစ်ကစားသမား မာစီယဲလ်တို့နှင့်လည်း ဆွေးနွေးနေကြောင်း အဲရစ်တန်ဟက်ဂ်က အတည်ပြုပြောကြားခဲ့သည်။ “ရာဖာဗာရန်း၊ အန်သိုနီမာစီယဲလ်တို့နဲ့ ကျွန်တော်တို့ ဆွေးနွေးနေပါတယ်။ အာရွန်ဝမ်ဘစ်ဆာကာ၊ ဗစ်တာလင်ဒီလော့ဖ်နဲ့ ဟန်နီဘယ်လ်တို့ကိုတော့ သက်တမ်းတိုးခွင့်ရမယ့် ရွေးချယ်မှု လုပ်ခဲ့ပါတယ်။ ဗာရန်း၊…
ဗြိတိန်ဟဲဗီးဝိတ်လက်ဝှေ့သမား အန်သိုနီဂျိုရှူအာ၏ လာမည့်ပွဲကို မတ်လ၌ ဆော်ဒီ အာရေဗျနိုင်ငံတွင် ထိုးသတ်သွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူ အက်ဒီဟန်းက အတည် ပြုခဲ့သည်။ ထို့ပြင် ၎င်းက ဂျိုရှူအာနှင့် ထိုးသတ်မည့်ပြိုင်ဘက်မှာ ခရိုအေးရှားလက်ဝှေ့ သမား ဟဲဂိုဗစ်၊ UFC ဟဲဗီးဝိတ်ချန်ပီယံဟောင်း အန်ဂန်နူနှင့် တရုတ်လက်ဝှေ့သမား ချင်လင်ကျောင်တို့ထဲမှ တစ်ဦးဦးဖြစ်ဖွယ်ရှိကြောင်း ဖွင့်ဟခဲ့သည်။ ဂျိုရှူအာသည် ယင်းလက်ဝှေ့သမားများထဲမှ တစ်ဦးဦးနှင့် ကနဦးထိုးသတ်ပြီး ဖေဖော်ဝါရီ၌ ပြုလုပ်ဖွယ်ရှိသည့် အူဆိုက်နှင့် တိုင်ဆန်ဖျူရီတို့ပွဲမှ အနိုင်ရမည့်သူနှင့် ထိုးသတ်ခွင့်ရရေးမှာ အဓိကပစ်မှတ်ဖြစ်ကြောင်း သိရသည်။ “အခုချိန်မှာ ကျွန်တော်တို့ ထိပ်တန်းပြိုင်ဘက်တွေနဲ့ ဆွေးနွေးနေတဲ့ ပွဲသုံးပွဲ ရှိပါတယ်။ ပြီးတော့ ဒီပြိုင်ဘက်တွေထဲမှာ ဒီယွန်တေးဝိုင်လ်ဒါ မပါဝင်ပါဘူး။ ဖျူရီ-အူဆိုက် ပွဲက အနိုင်ရမယ့်သူနဲ့ ထိုးသတ်ဖို့ ကျွန်တော် တို့ ဆွေးနွေးခဲ့ပြီးပါပြီ။ ဒီပွဲက ကျွန်တော်တို့ အားလုံး အလိုရှိတဲ့ပွဲပါ။ သိသာမြင်လွယ်တာက ဟဲဂိုဗစ်နဲ့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံလုပွဲ၊ ဖရန်စစ်အန်ဂန်နူနဲ့ ပွဲကြီးပွဲကောင်းတွေပေါ့။ အခြာထိပ်တန်းဟဲဗီးဝိတ်ပွဲတွေလည်း ဖြစ်နိုင်ပါတယ်။ ချင်လင်ကျောင်နဲ့ပွဲက ဖြစ်နိုင်ခြေအရှိဆုံးပေါ့”ဟု အက်ဒီဟန်းက iFL TV သို့ ပြောကြားခဲ့သည်။ အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်သူ ဂျိုရှူအာသည် ယူကရိန်းလက်ဝှေ့သမား အူဆိုက်အား နှစ်ပွဲဆက် အရေးနိမ့်ပြီး နောက် ၂၀၂၃ ခုနှစ်အတွင်း သူ၏လက်ဝှေ့ သမားဘဝကို ပြန်လည်တည်ဆောက်ခဲ့ရသည်။ ဂျိုရှူအာသည် ပြီးခဲ့သည့်နှစ်အတွင်း ထိုးသတ်ခဲ့သည့်ပွဲများ၌ အမေရိကန်လက်ဝှေ့သမား ဖရန်ကလင်ကို အမှတ်ဖြင့်နိုင်၊ ဖင်လန်လက်ဝှေ့သမား ဟယ်လန်နီးယပ်စ်ကို ခုနစ်ချီတွင် အလဲထိုး၊ ဆွီဒင်လက်ဝှေ့သမား အော်တိုဗယ်လင်ကို ငါးချီတွင် အလဲထိုးဖြင့်…
ကမ္ဘာ့မွေထိုင်းအဖွဲ့ချုပ် (WMO) သည် ပြီးခဲ့သည့်ရက်ပိုင်းက ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးမွေထိုင်းကစားသမားများ စာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး ကယန်းတိုင်းရင်သူ မြန်မာ့ရိုးရာလက်ဝှေ့မယ် ဘရော်နီကာမှာ ၂၀၂၃ ခုနှစ် အမျိုးသမီး စူပါဘင်တန်ဝိတ်တန်း၏ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရကြောင်း သိရသည်။ ထို့ပြင် ဘရော်နီကာသည် WMO က ထုတ်ပြန်ခဲ့သည့် ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး အမျိုးသမီးမွေထိုင်းကစားသမား (၁၀)ဦး စာရင်းတွင်လည်း ပါဝင်ခဲ့သည်။ ကယန်းတိုင်ရင်းသူ ဘရော်နီကာသည် ၂၀၂၃ ခုနှစ်အတွင်း မွေထိုင်း (၇)ပွဲ ထိုးသတ်ခဲ့ရာ (၇)ပွဲစလုံးအနိုင်ရရှိခဲ့သည်။ ဘရော်နီ ကာသည် ယင်း (၇)ပွဲတွင် (၃)ပွဲကို အလဲထိုးဖြင့် အနိုင်ရခဲ့ပြီး (၄)ပွဲကိုမူ အမှတ်ဖြင့်အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ဘရော်နီကာသည် ပြီးခဲ့သည့် ဒီဇင်ဘာအတွင်းက Thai Fight Queen’s Cup ဗိုလ်လုပွဲ အဖြစ် ထိုင်းနိုင်ငံသူ မွေထိုင်းမယ် ဖာရာဆင်းဂါနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ပထမအချီမှာပင် အလဲထိုး ခဲ့ပြီး ချန်ပီယံခါးပတ် ကာကွယ်နိုင်ခဲ့သည်။ ဘရော်နီကာသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါ ရီတွင် ဘရာဇီးလ်နိုင်ငံသူ မွေထိုင်းမယ် ယူရီအဲလ်ဗတ်ကို အမှတ်ဖြင့် အနိုင်ရရှိခဲ့သည့်ပွဲအား (၅၃) ကီလို(ဘင်တန်ဝိတ်တန်း)၊ ၂၀၂၃ ခုနှစ်၊ ဧပြီတွင် အီတလီနိုင်ငံသူ မွေထိုင်းမယ် အက်စတာဗီအိုလာကို အမှတ်ဖြင့် အနိုင်ရရှိခဲ့သည့်ပွဲအား (၅၃) ကီလို (ဘင်တန်ဝိတ် တန်း)၊ ၂၀၂၃ ခုနှစ် မေလတွင် ထိုင်းနိုင်ငံသူ မွေထိုင်းမယ် အွမ်ဆင်းဆရီထောင်ကို အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲအား…
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဇန်နဝါရီ ၅ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာ ၁၆ သန်းထပ်မံရောင်းချခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာ ၁၃ သန်းနီးပါး ရောင်းချပေးခဲ့ပြီး ဒေါ်လာလေးသန်းနှင့်ညီမျှသော တရုတ်ယွမ်အား SWAP Facility ပေးခဲ့ကြောင်း ဗဟိုဘဏ် က ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာ ၁၂ ဒသမ ၉၃ သန်း ရောင်းချပေးခဲ့ပြီး ဒေါ်လာလေးသန်းနှင့် ညီမျှသောတရုတ်ယွမ်အား SWAP Facility ပေးခဲ့သည်။ ဗဟိုဘဏ်အနေဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်က စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအတွက် ဒေါ်လာ ၉ ဒသမ ၇၂ သန်း၊ ဒီဇင်ဘာ ၂၁ ရက်က ဒေါ်လာ ၁၂ ဒသမ ၄၃ သန်း ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံ တော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ သီလဝါဆိပ်ကမ်းမှ စက်သုံးဆီများကို ပြည်နယ်နှင့်တိုင်းဒေသကြီးများသို့ ဖြန့်ဖြူး ရာတွင်မျှောစနစ်ဖြင့်ဆောင်ရွက်နေပြီး အွန်လိုင်းမှတစ်ဆင့် မျှောစနစ်ထုတ်ယူနိုင်ရန် စီစဉ်ထားကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်က ဆီသယ်ယာဉ်များအတွက် လူကိုယ်တိုင် မျှောထုတ်ယူရသည့်စနစ်မှ အွန်လိုင်းဖြင့် မျှောထုတ်ယူနိုင်သည့် အဆင့်သို့အသုံးပြု သွားနိုင်ရေးနှင့် Software pepf စနစ်တပ်ဆင်အသုံးပြု၍ စက်သုံးဆီဝယ်ယူသုံးစွဲမှု အခြေအနေကို ကြီးကြပ်စောင့်ကြည့် နိုင်ရေးအမြန်ဆုံးအကောင်အထည်ဖော်ဆောင် ရွက်ကြရန်နှင့် စက်သုံးဆီအရောင်းဆိုင်များက အများပြည်သူသို့ဝန်ဆောင်မှု ကောင်းမွန်စွာဖြင့်…
ရုရှားသည် မကြာသေးမီက မြောက်ကိုရီးယား၏ ဒုံးကျည်များနှင့် ဒုံးပစ်လောင်ချာများကို အသုံးပြုပြီး ယူကရိန်းကို တိုက်ခိုက်ခဲ့သည်ဟု အိမ်ဖြူတော်က ဇန်နဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။ ထို့ပြင် ယူကရိန်းစစ်ပွဲဖြစ်ပွားခဲ့သည်မှာ နှစ်နှစ်နီးပါးကြာမြင့်လာခဲ့ချိန်တွင် လက်နက်များ ပြတ်လပ်လာသဖြင့် ရုရှားသည် ၎င်း၏ မဟာမိတ်အီရန်နိုင်ငံထံမှ ဒုံးကျည်များကိုရယူရန် စီစဉ်နေကြောင်းလည်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က တောင်ကိုရီးယား၊ အမေရိကန်တို့နှင့် စစ်ရေးအရ ထိပ်တိုက်တွေ့မှုအတွက် ကြိုတင်ပြင်ဆင်ရာတွင် ဒုံးပစ်လောင်ချာများ ထုတ်လုပ်မှုအားတိုးမြှင့်ရန် တိုက်တွန်းနေချိန်တွင် အိမ်ဖြူတော်၏ မှတ်ချက်များ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ မြောက်ကိုရီးယားက ထောက်ပံ့ပေးခဲ့သည့် ကီလိုမီတာ ၉၀၀( မိုင် ၅၅၀) အကွာ အဝေးအထိ ပစ်ခတ်ရောက်ရှိနိုင်သည့် ဒုံးကျည်များကို ရုရှားက အသုံးပြုပြီးပြီးခဲ့သည့် သီတင်းပတ်အတွင်း ယူကရိန်းကို နှစ်ကြိမ်တိုက်ခိုက်ခဲ့သည်ဟု အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောကြားခဲ့သည်။ “ကျွန်တော်တို့ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ မြောက်ကိုရီးယားနိုင်ငံဟာ မကြာသေးမီက ရုရှားကို ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်တဲ့ လောင်ချာတွေနဲ့ ပဲ့ထိန်းဒုံးကျည်တွေကို ထောက်ပံ့ပေးခဲ့တယ်ဆိုတာ ညွှန်ပြ နေပါတယ်။ ဒါဟာမြောက်ကိုရီးယားက ရုရှားကို ထောက်ပံ့ပေးနေတယ်ဆိုတာ သိသာထင်ရှားနေပါတယ်”ဟု ကာဘီက အိမ်ဖြူတော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ထိုအခြေအနေများအရ အမေရိကန်လွှတ်တော်အနေနှင့် ယူကရိန်းအတွက် အကူအညီပေးရေးအစီအစဉ်ကို အတည်ပြုထောက်ခံပေးရန် လိုအပ်နေကြောင်းကို မောင်းထိုးပြသရာရောက်နေသည်ဟုလည်း ကာဘီက ပြောကြားခဲ့သည်။ ရုရှား၏ လေကြောင်းတိုက်ခိုက်မှုများအောက်တွင်ယူကရိန်းအတွက် လေကြောင်းကာကွယ်ရေးစနစ်များသည် ဦးစားပေးကိစ္စဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။ လွှတ်တော်အနေနှင့် ယခုကဲ့သို့ အချိန်အခါမျိုးတွင်…
အစ္စရေးကာကွယ်ရေးဝန်ကြီးသည် စစ်အပြီး ဂါဇာအစိုးရအဖွဲ့အတွက် ကနဦး အစီအမံများကို ပထမဆုံးအကြိမ်တင်ပြခဲ့ရာ စစ်ပွဲအပြီး၌ ဂါဇာကို အစ္စရေးရော ဟားမာ့စ်ပါ အုပ်ချုပ်ရလိမ့်မည်မဟုတ်ဟု ဆိုသည်။ စစ်ပွဲအပြီး ဂါဇာအခင်းအကျင်းကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို ဘလင်ကင် အစ္စရေးသို့လာမည့် ခရီးစဉ်မ တိုင်မီတစ်ရက်အလို ဇန်နဝါရီ ၄ ရက်ညပိုင်းတွင်အစ္စရေးကာကွယ်ရေးဝန်ကြီးက ထုတ် ပြန်လိုက်ခြင်းဖြစ်သည်။ အောက်တိုဘာ ၇ ရက်ဟားမာ့စ်တိုက်ခိုက်မှုကဂါဇာတွင်စစ်ပွဲဖြစ်ပွားစေခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကင်သည် အရှေ့အလယ်ပိုင်းသို့ စတုတ္ထအကြိမ်မြောက် ရောက်ရှိလာခြင်းဖြစ်သည်။ အရပ်သား သေဆုံးမှုများ တိုးလာခြင်း၊ ပြည်သူထောင်သောင်းချီ စစ်ဘေးရှောင်ရခြင်းတို့ကြောင့်ဖြစ်လာသည့် လူသားချင်းစာနာမှုအကျပ်အတည်းနှင့်ပတ်သက်၍ကု လသမဂ္ဂ၏သတိပေးမှု၊ အငတ်ဘေးနှင့် ရော ဂါဘယတို့ကို ရင်ဆိုင်နေရခြင်းတို့နှင့်အတူ အပစ်အခတ်ရပ်စဲရေးအတွက် တောင်းဆိုမှုများ မြင့်တက်နေချိန်တွင် ဂါဇာကမ်းမြောင်၏ အနာဂတ်နှင့်ပတ်သက်ပြီး လူအများအပြားက စိုးရိမ်လျက်ရှိသည်။ ကာကွယ်ရေးဝန်ကြီး ယိုအက်ဂါးလန့်ချပြလာသော စစ်ပြီး ဂါဇာအခင်းအကျင်းကို အစ္စရေးစစ်ကော်မတီထံမတင်ပြမီ မီဒီယာတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။ ဟားမာ့စ်သည် ဂါဇာကို အုပ်ချုပ်ရမည်မဟုတ်သလို အစ္စရေးကလည်း ဂါဇာအရပ်သားများကို အုပ်ချုပ်ရလိမ့်မည်မဟုတ်ဟု ဖော်ပြထားသည်။ “ဂါဇာဒေသခံတွေဟာ ပါလက်စတိုင်း တွေဖြစ်ပါတယ်။ ဒါကြောင့် အစ္စရေးနိုင်ငံတော်ကို ရန်လိုခြင်းမရှိတဲ့ လုပ်ရပ်တွေ ဒါမှမဟုတ် ခြိမ်းခြောက်တဲ့ လုပ်ရပ်တွေမရှိဘူး ဆိုတဲ့အခြေအနေနဲ့ ပါလက်စတိုင်းအဖွဲ့ အ စည်းတွေက အုပ်ချုပ်ရပါလိမ့်မယ်”ဟု ဖြည့် စွက်ဖော်ပြထားသည်။ အတည်မပြုရသေးသော အခင်းအကျင်းအရ ဂါဇာ၌ အစ္စရေးဆင်နွှဲနေသော စစ်ပွဲသည် အောက်တိုဘာ ၇ ရက်တွင် ဖမ်းဆီးခံသော ဓားစာခံများပြန်လွတ်ရေး သေချာပြီး ဟားမာ့စ်၏စစ်ရေးနှင့်အုပ်ချုပ်ရေး စွမ်းရည်များကို ဖြိုဖျက်ပြီးချိန်အထိ ဆက်လက်ဖြစ်ပွားနေမည်ဟု ဆိုသည်။ ယင်းနောက် အဆင့်သစ်တစ်ရပ် အစပြုမည်ဟု…