Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Wednesday, May 28
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Local 0 Views

သရေစည်သူဘွဲ့ရရှိသူ ကိုးဦး၊ စည်သူဘွဲ့ရရှိသူ ငါးဦး၊ သူရဘွဲ့ရရှိသူ ခြောက်ဦး၊ သီရိပျံချီဘွဲ့ရရှိသူ ၄၂ ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိသူ ၈၃ ဦး၊ အလင်္ကာကျော်စွာဘွဲ့ရရှိသူ လေးဦးနှင့် သိပ္ပကျော်စွာဘွဲ့ရရှိသူ လေးဦးတို့အား ဆုချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကျင်းပ

January 6, 20242 Mins Read
Share
Facebook Twitter

(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သရေစည်သူဘွဲ့ရရှိသူ ကိုးဦး၊ စည်သူဘွဲ့ရရှိသူ ငါးဦး၊ သူရဘွဲ့ရရှိသူ ခြောက်ဦး၊ သီရိပျံချီဘွဲ့ရရှိသူ ၄၂ ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ ၈၃ ဦး၊ အလင်္ကာကျော်စွာ ဘွဲ့ရရှိသူ လေးဦးနှင့် သိပ္ပကျော်စွာဘွဲ့ရရှိသူ လေးဦးတို့အား ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သဘင်ဆောင်၌ ဇန်နဝါရီ ၄ ရက်နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားသို့ နစကဥက္ကဋ္ဌ၏ ဇနီးဒေါ်ကြူကြူလှ၊ နစကဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ နစကအဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသည့် ပုဂ္ဂိုလ်များနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

နစကဥက္ကဋ္ဌက ပြည်ထောင်စုကြီး ထာဝရတည်တံ့ရေးကြိုးပမ်းမှုနှင့် အတူ တစ်ဖက်တွင်လည်း ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ ပြည်သူလူထု တစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြှင့်တင်ရေး၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေ စီစနစ်ခိုင်မာစေရေးစသည့် နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းစဉ်များကိုလည်း အထူးအလေးထားပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင် ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ပြည်ထောင်စုအစိုးရစသည့် တိုင်းပြည်၏ အဓိကမဏ္ဍိုင်ကြီးများက တာဝန်ရှိသူများနှင့်အတူ ကဏ္ဍပေါင်းစုံ၊ ဘက်ပေါင်းစုံက ပုဂ္ဂိုလ်အသီးသီးတို့ကလည်း လက်တွဲကြိုးပမ်းနေခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ (၇၆)နှစ်မြောက်နေ့ထူးနေ့မြတ် အခါသမယတွင် နိုင်ငံတော်အတွက် ထူးကဲသာလွန်စွာ အကျိုးပြုခဲ့သူများကို ဂုဏ်ပြုချီးမြှင့်နိုင်ရန်အတွက် ယခုအခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တည်ဆောက်ရာတွင် ထူးကဲစွာဆောင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်များ၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရာတွင် သက်စွန့်ကြိုးပမ်း ထမ်းဆောင်ခဲ့သည့်ပုဂ္ဂိုလ်များ၊ နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးကဏ္ဍများတွင် ထူးခြားထက်မြက်စွာ စွမ်းဆောင်နိုင်ခဲ့သည့် ပုဂ္ဂိုလ်များ၊ နယ်ဘက်နှင့် စစ်ဘက်ဆိုင်ရာတွင် တိုင်းကျိုးပြည်ကျိုးကို အများနှင့်မတူအောင် ထူးခြားစွာစွမ်းဆောင်နိုင်ခဲသည့်ပုဂ္ဂိုလ်များ၊ နိုင်ငံနှင့် လူမျိုးအတွက် သိပ္ပံပညာ၊ ၀ိဇ္ဇာပညာနှင့် အခြားပညာရပ်တစ်ခုခုတွင် ကမ္ဘာ့အဆင့်မီစွာ တီထွင် ဖန်တီးအောင်မြင်အောင် စွမ်းဆောင်နိုင်သည့်ပုဂ္ဂိုလ်များ၊ စာပေနှင့် အနုသုခုမပညာရပ်များတွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူပုဂ္ဂိုလ်များ၊ နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ကြိုးပမ်းထမ်းဆောင်သည့် ပုဂ္ဂိုလ်များကို ယခုကဲ့သို့ ထူးခြားလေးနက်သည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ထူးဆောင်ဘွဲ့များကို ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်ခြင်းခံရသည့်အတွက် ဘွဲ့ခံပုဂ္ဂိုလ်များအနေဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်သကဲ့သို့ ဘွဲ့ခံပုဂ္ဂိုလ်များအတွက်သာမက သက်ဆိုင်ရာမိသားစုဝင်များအတွက်လည်း သားစဉ်မြေးဆက်ဂုဏ် ယူဝင့်ကြွားစရာအထိမ်းအမှတ် သင်္ကေတများအဖြစ်ဖြင့် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း၊ လွတ်လပ်ရေးခရီး (၇၆)နှစ်ပြည့်မြောက်လာပြီဖြစ်သည့် ယနေ့အချိန်တွင် နိုင်ငံတော်အစိုးရအနေဖြင့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး၊ တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးစသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များ ခိုင်ခိုင်မာမာချမှတ်ပြီး နိုင်ငံတော်ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက်အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရနှင့်အတူ ကဏ္ဍပေါင်းစုံ၊ ဘက်ပေါင်းစုံက အသိပညာရှင်၊ အတတ်ပညာရှင်များ၊ တိုင်းရင်းသားပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများ ဆက်လက်၍ လိုအပ်နေဦးမည်ဖြစ်သည့်အတွက် နိုင်ငံတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေး၊ အေးချမ်းသာယာရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အတူတကွ လက်တွဲဆောင်ရွက်သွားကြပါဟု တိုက်တွန်းကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ထို့နောက် နစကဥက္ကဋ္ဌက ဂုဏ်ထူးဆောင်ဘွဲ့များရရှိသူ ၁၅၃ ဦးအနက် ယခုအခမ်းအနားသို့တက်ရောက်ရယူသည့် သရေစည်သူဘွဲ့ရရှိသူလေးဦးနှင့် စည်သူဘွဲ့ရရှိသူ သုံးဦး၊ သူရဘွဲ့ရရှိသူခြောက်ဦး၊ သီရိပျံချီဘွဲ့ရရှိသူ ၁၆ ဦးနှင့် ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ ၅၈ ဦး၊ အလင်္ကာကျော်စွာဘွဲ့ရရှိသူသုံးဦးနှင့် သိပ္ပကျော်စွာဘွဲ့ရရှိသူ လေးဦးတို့ကိုဂုဏ် ထူးဆောင်ဘွဲ့များ တစ်ဦးချင်း လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleအိန္ဒိယ ဗဟိုအစိုးရက မဏိပူရနှင့် မြန်မာအကြား လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အစီအစဉ်ကို အဆုံးသတ်ရန် စဉ်းစားသုံးသပ်နေဟု Northeast Now သတင်းဌာန ဖော်ပြ
Next Article ထိုင်းနိုင်ငံ စမွတ်စခုံအခြေစိုက် ငါးဖမ်းလှေပေါ်တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦး ပိုက်ကြိုးများ ရစ်ပတ်မိပြီး သေဆုံး
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.