Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် ‘ဖားစည်ကျွဲချို’ သင်္ကေတရုပ်ပုံ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၉ ရက် နံနက် ၇ နာရီက ကရင်ပြည်နယ် ဘားအံမြို့နယ် တောင်ကလေးကျေးရွာရှိ နှစ်သစ်ကူးကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ‘ဖားစည်ကျွဲချို’ သင်္ကေတရုပ်ပုံအား တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးလိုက်ပြီးနောက် ကရင်ရိုးရာဒုံးယိမ်းအကများဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။ ထို့နောက် ‘ဖားစည်ကျွဲချို’ သင်္ကေတရုပ်ပုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများအား မုန့်ဟင်းခါးဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။ လာမည့် ဇန်နဝါရီ ၁၁ ရက် ကြာသပတေးနေ့တွင် ကျရောက်မည့် ကရင်သက္ကရာဇ် ၂၇၆၃ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အကြိုအဖြစ် ကရင်ပြည်နယ်အတွင်း အားကစားပြိုင်ပွဲများ၊ ရိုးရာဒုံးယိမ်းပြိုင်ပွဲများ ကျင်းပပြုလုပ်လုပ်လျက်ရှိကြောင်း သိရသည်။
မြန်မာဂန္တဝင်အဆိုတော်ကြီး ဒေါ်မာမာအေးသည် အမေရိကန်နိုင်ငံတွင် ကွယ်လွန်သွားကြောင်း ဒေါ်မာမာအေးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ “ဂန္တဝင်ဂီတမိခင်ကြီး အမေဒေါ်မာမာအေး ဒီကနေ့ ညနေ ၆ နာရီ ၂၈ မိနစ်က ဖိုတ်ဝိန်းမြို့နေအိမ်မှာ ကွယ်လွန်အနိစ္စရောက်ကြောင်း ဝမ်းနည်းစွာဖြင့် အသိပေးအပ်ပါတယ်ခင်ဗျာ” ဟု ဒေါ်မာမာအေးနှင့် နီးစပ်သူတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။ အမေရိကန်နိုင်ငံ ဖို့ဝိန်းမြို့တွင် နေထိုင်သည့် ဒေါ်မာမာအေးမှာ မြန်မာစံတော်ချိန် ဇန်နဝါရီ ၉ ရက် နံနက် ၅ နာရီ ၅၈ မိနစ်တွင် ကွယ်လွန်ခဲ့သည်။ ၁၉၄၂ ခုနှစ် ဇူလိုင် ၂၆ ရက်တွင် မွေးဖွားခဲ့သည့် ဒေါ်မာမာအေးမှာ သွေးလေးဖက်နာ ရောဂါကို ခံစားခဲ့ရပြီး ကွယ်လွန်ချိန်တွင် အသက် ၈၁ နှစ်ရှိပြီဖြစ်သည်။ ဒေါ်မာမာအေးကို မြောင်းမြမြို့ ရှမ်းကုန်းပိုင်း၌ မွေးဖွားခဲ့ပြီး ဖခင်မှာ နှဲဆရာ ဦးအေး၊ မိခင်မှာ ဒေါ်သန်းနှစ် (အဆိုတော် မြောင်းမြသန်း) တို့ဖြစ်ကာ အမည်ရင်းမှာ မအေးမြင့်ဖြစ်သည်။ အသက် ၃ နှစ်ကျော်မှစ၍ “ခေတ်သစ်ရာဇဝင် ပြဇာတ်အဖွဲ့” တွင် သီချင်းဆို၊ ပြဇာတ်ကခဲ့သည်။ အသက် ၈ နှစ်တွင် စတင် အသံလွှင့်ခဲ့သည်။ သန်းသန်းမြင့် အမည်ဖြင့် “စန္ဒရားမြမြအေး အပျော်တမ်း တူရိယာအဖွဲ့”၊ မြင့်မြင့်အေး အမည်ဖြင့် “ပွင့်ဦး တေးသံ အပျော်တမ်း တူရိယာအဖွဲ့”၊ “မြင့်သီရိ အပျော်တမ်း တူရိယာအဖွဲ့”၊ “ချိုတေးရှင် တူရိယာအဖွဲ့”၊ မာမာအေး အမည်ဖြင့် “ရဲသီဟ အပျော်တမ်း…
လောက်ကိုင် ပွိုင့် ၂၂၀၂ တောင်ကုန်း (ဆင်ဦးကင်းကုန်း) ပေါ်ရှိ ဗုဒ္ဓဘာသာဝင်တို့၏ စေတီတစ်ဆူအား MNDAA အဖွဲ့ဝင်တစ်ဦးက တူဖြင့်ထုရိုက် ဖြိုဖျက်နေသည့် ရုပ်သံဖိုင်လူမှုကွန်ရက်တွင် ထွက်ပေါ်လာကြောင်း သိရသည်။ အဆိုပါရုပ်သံဖိုင်မှာ စက္ကန့်အနည်းငယ်သာကြာမြင့်ပြီး ခါးကြားတွင် ပစ္စတိုချိတ်ထားကာ အရာရှိအဆင့်ဖြစ်ဖွယ်ရှိသည့် MNDAA အဖွဲ့ဝင်တစ်ဦးက စေတီပေါ်သို့ တက်ရောက်ကာ တူဖြင့် ထုရိုက်ဖြိုဖျက် နေသည်ကို တွေ့ရသည်။ ထိုသို့ ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ် စေတီတစ်ဆူအား ဖြိုဖျက်မှုအပေါ် ဝေဖန်မှုများလည်း ရှိနေသည်။ “ယဉ်ကျေးမှုအမွေအနှစ် ပစ္စည်းတွေတောင် ကိုယ်နဲ့မဆိုင်ပေမဲ့ ကိုယ့်ဒေသ ကိုယ့်နေရာမှာရှိရင် ဝိုင်းဝန်းထိန်းသိမ်းကြရတာပဲ။ အခုဘုရားစေတီဖြိုဖျက်တာ လုပ်တဲ့သူတွေက ဘယ်ဘာသာ ကိုးကွယ်သည်ဖြစ်စေ ဒါကို ယဉ်ကျေးမှုအမွေအနှစ် ပစ္စည်းတစ်ခုလောက်တောင် တန်ဖိုးမထားနိုင်လောက်ဘူးလား။ စစ်ပွဲအတွင်းမှာ ပစ်လို့ခတ်လို့ ဘာသာရေးအဆောက်အအုံတွေ ထိခိုက်ရင်တောင် သက်ဆိုင်ရာ ဘာသာအသီးသီးက ဘာသာဝင်တွေ စိတ်မကောင်းဖြစ်ကြရတယ်။ ဒါပေမဲ့ ဒါကတိုက်ပွဲအတွင်းဆိုတော့ အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်တာ ပုံစံတစ်မျိုးပေါ့။ အခုဟာ သပ်သပ်မဲ့ ရှိပြီးသား ဘာမှမဖြစ်တဲ့ ဘုရားစေတီကို ဒီလိုထုရိုက်နေတာ ဖျက်ဆီးတာမြင်ရတော့ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ အတော်လေးစိတ်မကောင်းဖြစ်ရသလို၊ ရှေ့ဆက်ပြီး အခြားမြို့ရွာတွေအတွက် စိုးရိမ်စရာလည်းကောင်းပါတယ်” ဟု ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။ ယခုကိစ္စရပ်သည် မဖြစ်သင့်ကြောင်း၊ ဘာသာရေးအနေဖြင့် ဘုရားစေတီဆိုသည်မှာ ကမ္ဘာတွင် ရပ်တည်နေသည့် ဗုဒ္ဓဘာသာကြီးထဲတွင် ပါဝင်ကြောင်း၊ ၎င်းတို့အနေဖြင့် ဗမာလူမျိုးရေးတင်မဟုတ်ဘဲ ဘာသာရေးမုန်တီးမှုပါ ဆွဲယူသည့် သဘောဖြစ်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်ဇေယျက ပြောကြားသည်။ ဦးကျော်ဇေယျက “ဘာပဲဖြစ်ဖြစ်ပေါ့။ ဒီလုပ်ရပ်ကတော့ သူတို့အနေနဲ့က ဗမာလူမျိုးအရေးတင် မဟုတ်တော့ဘူး။…
ပြည်တွင်းလေကြောင်းလိုင်းတစ်ခုဖြစ်သည့် Air KBZ လေကြောင်းလိုင်းအား Mingala လေကြောင်းလိုင်းအမည်ဖြင့် ဇန်နဝါရီ ၆ ရက်မှစတင်ကာ အမည်ပြောင်းလဲပျံသန်းခဲ့ကြောင်း သတင်းရရှိသည်။ Air KBZ လေကြောင်းလိုင်းသည် မြန်မာနိုင်ငံတွင်းရှိ ပြည်တွင်းခရီးစဉ် ၁၃ ခုအား ပျံသန်းနေခြင်းဖြစ်ပြီး လက်ရှိ Mingala လေကြောင်းလိုင်းအမည်ဖြင့် အမည်ပြောင်းလဲပျံသန်းပြီးသည့်နောက်တွင် လက်ရှိခရီးစဉ်များအတိုင်း ဆက်လက်ပျံသန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ Mingala လေကြောင်းလိုင်းသည် ၂၀၂၄ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့မှ စတင်ကာ Mingala Aviation Services (Mingala) လေကြောင်းလိုင်းအမည်ဖြင့် အမည်ပြောင်းလဲကာ ခရီးစဉ်များကို ဆက်လက်ပျံသန်းသွား မည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း၏ တရားဝင် Facebook Page မှကြေညာခဲ့ခြင်း ဖြစ်သည်။ “Air KBZ လေကြောင်းလိုင်းကို Mingala Aviation Services လေကြောင်းလိုင်းအမည်နဲ့ အမည်ပြောင်းလဲပြီး ခရီးစဉ်တွေပျံသန်းသွားမှာပါ။ လက်ရှိလေဆိပ်တွေမှာလည်း လေကြောင်းလိုင်း အမည်ပြောင်းလဲပျံသန်းခြင်း လုပ်ငန်းစဉ်တွေကို တစ်ဆင့်ခြင်းစီ ဆောင်ရွက်နေပါတယ်”ဟု Mingala Aviation Services လေကြောင်းလိုင်းက ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇန်နဝါရီ ၈ ရက်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။ အစိုးရကသာလုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည့် လေကြောင်းပို့ဆောင်ရေးလုပ်ငန်းကို မင်္ဂလာလေကြောင်းဝန်ဆောင်မှုကုမ္ပဏီလီမီတက် (Mingala Aviation Services Co.,Ltd) အားလုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်က ထုတ်ပြန်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အမှတ် ၃၉၊ အတွဲ ၇၆ တွင် ဖော်ပြထားချက်အရ သိရသည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည်…
အာဆင်နယ်အသင်းနည်းပြ အာတီတာက တိုက်စစ် ပိုင်းပြဿနာမှာ စိတ်ပိုင်းဆိုင်ရာအခြေအနေ ဖြစ်နိုင်ကြောင်း FA ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရပြီးနောက် ပြောကြားခဲ့သည်။ အာဆင်နယ်အသင်းသည် FA ဖလား တတိယအဆင့်အဖြစ် ဇန်နဝါရီ (၇) ရက် ညပိုင်းတွင် လီဗာပူးလ်အသင်းနှင့် အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားရာ နောက်ကျဂိုးများ နှင့်အတူ (၀-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ အာဆင်နယ်အသင်းသည် အစောပိုင်းတွင် ကစားပုံကောင်းမွန်ပြီး ဂိုးသွင်းခွင့်များရရှိသော်လည်း အော်ဒီဂွါ၏ ကန်သွင်းမှု ဘားတန်းထိသွားသလို နယ်လ်ဆင်၊ ဟာဗက်ဇ်တို့လည်း ပထမပိုင်းတွင် ရရှိသည့် အခွင့်အရေးများအား အသုံးမချနိုင်သဖြင့် နစ်နာခဲ့ရသည်။ အာဆင်နယ်အသင်းအနေဖြင့် လိဂ်ဖလားပြိုင်ပွဲတွင် (၁၆) သင်းအဆင့်မှထွက်ခဲ့ရသလို FA ဖလားပြိုင်ပွဲတွင်လည်း တတိယအဆင့်မှ ထွက်ခဲ့ရပြီဖြစ်သည်။ ထို့ပြင် ပြိုင်ပွဲစုံ နောက်ဆုံးခုနစ်ပွဲတွင် တစ်ပွဲသာ အနိုင်ရပြီး နှစ်ပွဲ သရေ၊ လေးပွဲအထိ ရှုံးနိမ့်ထားသလို ခရစ္စမတ်ကာလမှစ၍ ဂိုးကန်သွင်းခွင့် (၆၃) ကြိမ်တွင် တစ်ဂိုးသာရရှိထားကြောင်း သိရသည်။ သို့ဖြစ်ရာ တိုက်စစ်ပိုင်းပြဿနာမှာ စိတ်ပိုင်းဆိုင်ရာအခြေအနေ ဖြစ်နိုင်သလားဟု မေးမြန်းရာ အာတီတာက ”အဲဒါဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ဒီနေ့ပွဲအပြီးမှာပေါ့။ ဒါက အရင်ကစားခဲ့တဲ့ ဖူလ်ဟမ်၊ ဝက်စ်ဟမ်းတို့နဲ့ပွဲထက် ပိုပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ပြန်ပြီးချိန်ညှိဖို့ လိုမယ်ထင်ပါတယ်။ ဒီအနားပေးကာလက ကောင်းပါတယ်။ ဒါက အချိန်ကောင်းတစ်ခု ရောက်လာတာပါ။ ဒီအခြေအနေက ခက်ခဲပါတယ်။ ဒါပေမဲ့ အသင်းအနေနဲ့ ကောင်းကောင်း မကစားနိုင်ဘူး၊ နိုင်ပွဲတွေရဖို့ မထိုက်တန်ဘူးဆိုရင်တော့ ကျွန်တော် ပိုပြီးစိုးရိမ်မိမှာပါ။ ကျွန်တော်က နိုင်ပွဲတွေကို နှစ်သက်တာကြောင့် စိုးရိမ်မိပါတယ်။…
PSG အသင်း၏ ကြယ်ပွင့်ကစားသမား ဘာပေအနေဖြင့် လာမည့်နွေရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း ပြင်သစ်အခြေစိုက် Foot Mercato သတင်းဌာနက ဇန်နဝါရီ (၈) ရက်တွင် ဖော်ပြခဲ့သည်။ ပြင်သစ်လက်ရွေးစင်အသင်းခေါင်းဆောင် ဘာပေ (၂၅ နှစ်) နှင့် PSG အသင်း၏ စာချုပ်သက်တမ်းမှာ နောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ၎င်းအနေဖြင့် ဇန်နဝါရီ (၁) ရက်မှစ၍ ပြည်ပကလပ်အသင်းများနှင့် အကြိုသဘောတူညီမှုယူခွင့် ရရှိထားပြီဖြစ်သည်။ Foot Mercato သတင်းဌာန၏ ဖော်ပြမှုအရ ဘာပေသည် လာမည့် နွေရာသီတွင် ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့ကစားရန် ပြီးခဲ့သည့်ရက်ပိုင်းက သဘောတူညီမှုရရှိခြင်းဖြစ်ကြောင်း သိရသည်။ သို့သော် ရီးယဲလ်အသင်း၏ကမ်းလှမ်းမှုမှာ ၂၀၂၂ ခုနှစ်တွင် ကမ်းလှမ်းခဲ့သည့် ပမာဏထက် လျော့နည်းကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။ ဘာပေသည် PSG အသင်းနှင့် ပထမအကြိမ် စာချုပ်ကုန်ဆုံးချိန် ၂၀၂၂ ခုနှစ် နွေရာသီကတည်းက ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရောက်ရှိရန် အလွန်နီးစပ်ခဲ့ဖူးသည်။ သို့သော် ၎င်းအနေဖြင့် PSG အသင်း၏ အလွန်များပြားသည့် လစာနှုန်းထားဖြင့် ကမ်းလှမ်းမှုကို လက်ခံ၍ စာချုပ်သစ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ စာချုပ်သက်တမ်းမှာ ကနဦး(၂)နှစ်နှင့် တစ်နှစ်သက်တမ်းတိုးခွင့်ရှိသော်လည်း (၂)နှစ်ပြည့်ချိန်တွင် ထွက်ခွာလိုပါက ခွင့်ပြုရမည့်အချက် ပါဝင်ကြောင်း သိရသည်။ ထို့ကြောင့် ဘာပေက ပြီးခဲ့သည့်နှစ် နွေရာသီကတည်းက စာချုပ်သစ် ချုပ်ဆိုတော့မည်မဟုတ်ကြောင်း အသိပေးပြောကြားခဲ့ရာ ရာသီကြို အာရှခြေစမ်းခရီးစဉ်သို့ ခေါ်ဆောင်သွားခြင်းမပြုဘဲ ချန်လှပ်ခံခဲ့ရသည်။ PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီကလည်း ကမ္ဘာ့အကောင်းဆုံးကစားသမားကို…
ဇန်နဝါရီ ၇ ရက်က အမေရိကန်ပြည်ထောင်စုတွင်ကျင်းပသည့် ၈၁ ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲတွင် ဒါရိုက်တာခရစ္စတို ဖာနိုလန် ရိုက်ကူးသည့် Oppenheinmer ဇာတ်ကားက အကောင်းဆုံးဒရာမာဇာတ်ကားဆု၊ အကောင်းဆုံးဒါရိုက်တာဆုအပါအဝင် ဆုငါးဆု သိမ်းပိုက်ယူသွားသည်။ နျူကလီးယားဗုံးတီထွင်သူ ဂျေရောဘတ် အော့ပန်ဟိုင်မာအကြောင်း ရိုက်ထားသည့် ဇာတ်ကားဖြစ်ပြီး အဓိကသရုပ်ဆောင် ခီလီယန်မာဖီက အကောင်းဆုံးဒရာမာဇာတ်ဆောင် မင်းသားဆုလည်းရခဲ့ကာ အကောင်း ဆုံးဇာတ်ပို့မင်းသားဆု၊ တေးသွားဆုတို့ကိုလည်း Oppenheinmer မှပင်ဆွတ်ခူးခဲ့သည်။ အကောင်းဆုံး ဒရာမာဇာတ်ဆောင်မင်းသမီးဆုက လီယိုနာဒိုပါဝင်သည့် Killers of the flower moon ဇာတ်ကားထဲမှ မင်းသမီးလီလီ ဂလက်စတုန်းကို ပေးအပ်လိုက်သည်။ ဇာတ်မြူးရွေးချယ်မှုတွင် အမ်မာစတုန်း ပါဝင်သည့် Poor Things ဇာတ်ကားက အကောင်းဆုံးဇာတ်ကားဆုရခဲ့ပြီး အမ်မာစတုန်းက ဇာတ်ဆောင်မင်းသမီးဆုရသည်။ ခင်ပွန်းသည်ကိုသတ်မှုဖြင့် စွပ်စွဲခံရသူ စာရေးဆရာမတစ်ဦးအကြောင်း ရိုက်ကူးထားသည့် Anatomy of a fall ပြင်သစ်ရုပ်ရှင် ဇာတ်ကားက အကောင်းဆုံးဇာတ်ညွှန်းဆု ရယူသွားပြီး အကောင်းဆုံးမူရင်းတေးသီချင်းဆုကို Barbie ဇာတ်ကားတွင် ဘီလီအိုင်းလစ်ရှ်သီဆိုထားသည့် What was I Made For? သီချင်းက ရသွားသည်။ အကောင်းဆုံးအန်နီမေးရှင်းဇာတ်ကားဆုကို The Boy and the Heron ကရသည်။ အကောင်းဆုံး နိုင်ငံခြားဇာတ်ကားဆုကို Anatomy of a fall ကပင် ရယူသွားသည်။ လူအားပေးမှုအများဆုံး၊ အအောင်မြင် ဆုံးရုံတင်ဇာတ်ကားဆုကို Barbie ဇာတ် ကားကရခဲ့ပြီး ရွှေကမ္ဘာလုံးဆုပေးပွဲ ဆန်ခါတင်စာရင်းတွင် Barbie က ဆုကိုးဆုဖြင့်…
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုကိုကာမီ ကာဝါသည် ဇန်နဝါရီ ၇ ရက်တွင် ကိယက်ဗ်ကို မမျှော်လင့်ဘဲ ရောက်ရှိသွားခဲ့ပြီး ဂျပန်က ယူကရိန်းကို ဆက်လက်ကူညီသွားရန် ပိုင်းဖြတ်ထားသည်ဟု ပြောကြားခဲ့သည်။ ယခုနှစ်တွင် ကိယက်ဗ်ကိုသွားသည့် ပထမဆုံးထိပ်တန်းအဆင့်ရှိ ပြည်ပတာဝန်ရှိသူဖြစ်သော ကာမီကာဝါက ယူကရိန်းထံ ကာကွယ်ရေးပစ္စည်းပေးပို့မှုအသစ်များကို ကြေညာခဲ့သည်။ ထို့အပြင် ယူကရိန်း၏ စီးပွားရေးဆိုင်ရာ ပြန်လည်တည်ဆောက်မှုကို မြှင့်တင်ရန် ဖေဖော်ဝါရီညီလာခံကိုလက်ခံကျင်းပရေး ဂျပန်၏အစီအမံများကိုလည်း ဆွေးနွေးခဲ့သည်။ “ယူကရိန်းထံ ငြိမ်းချမ်းရေးပြန်ရောက်လာစေဖို့ ဂျပန်က ယူကရိန်းကို ထောက်ပံ့ဖို့ပိုင်းဖြတ်ထားပါတယ်”ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဒီမိုင်ထရိုကူလီဘာနှင့် ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကာမီ ကာဝါက ပြောကြားခဲ့သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲကို လေကြောင်းအချက်ပေးသံများ ထွက်ပေါ်နေချိန်တွင် ဗုံးဒဏ်အကာအကွယ်ရှိသည့်နေရာတွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “အခု ယူကရိန်းမှာ အခြေအနေ ဘယ်လောက်တင်းမာနေသလဲဆိုတာကို ကျွန်မသိသွားပါပြီ”ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ စစ်ပွဲတွင် နှစ်ဘက်စလုံး၏ တိုက်ခိုက်မှုများ အရှိန်ပြင်းထန်နေချိန်တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုကိုကာမီကာဝါ၏ ယူကရိန်းခရီးစဉ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ “အထူးသဖြင့် နှစ်သစ်ကူးနေ့မှာ ရုရှားရဲ့ ဒုံးကျည်၊ ဒရုန်းတို့နဲ့ တိုက်ခိုက်တာတွေကို ကျွန်မထပ်မံ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်”ဟု ကာမီကာဝါက ပြောကြားခဲ့သည်။ ဂျပန်သည် ဒရုန်း ခြေရာခံစနစ်နှင့်အတူ ယူကရိန်းကို အမေရိကန်ဒေါ်လာ ၃၇ သန်း ထောက်ပံ့ပေးမည်ဟု ၎င်းက ပြောကြားခဲ့သည်။ နောက်ထပ်ဆောင်းတွင်းတစ်ခုကို ယူကရိန်းကျော်ဖြတ်နိုင်ရေးအတွက် မီးစက် ငါးလုံးကို ထောက်ပံ့ပေးမည်ဟု ဆိုသည်။ ကာမီကာဝါသည် ကိယက်ဗ်ဆင်ခြေဖုံး ဘူချာကို သွားရောက်ခဲ့သည်။ ဘူချာသည် ၂၀၂၂ ခုနှစ်တွင် ရုရှားတပ်ဖွဲ့များက အရပ်သားများကို အစုလိုက်အပြုံလိုက်သတ်ခဲ့သည့် နေရာဖြစ်သည်။…
ဇန်နဝါရီ ၁ ရက်က ဂျပန်နိုင်ငံတွင် အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးသူဦးရေသည် ဇန်နဝါရီ ၈ ရက်တွင် ၁၆၈ ဦးအထိ မြင့်တက်လာခဲ့ပြီး ပျောက်ဆုံးသူဦးရေမှာလည်း သုံးဆမြင့်တက်ကာ ၃၂၃ ဦး ရှိလာပြီ ဖြစ်ကြောင်း ဒေသန္တရ အာဏာပိုင်များ၏အဆိုအရ သိရသည်။ ၇ ဒသမ ၅ မဂ္ဂနီကျုရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး သီတင်းတစ်ပတ်အကြာတွင် ဆီးနှင်းများထူထပ်စွာ ကျဆင်းနေသည့်အတွက် ကယ်ဆယ်ရေး အစီအစဉ်များကို ရှုပ်ထွေးစေခဲ့ပြီး လူ ၂,၀၀၀ ကျော်သည် ပြင်ပနှင့် အဆက်အသွယ် ပြတ်တောက်နေဆဲဖြစ်ကာ နောက်ထပ်လူအများအပြားသည်လည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်း သို့မဟုတ် လူကျပ်ညပ်နေသည့် ယာယီခိုလှုံရေးစခန်းများတွင် သွားရောက်နေထိုင်ရခြင်းတို့နှင့် ကြုံတွေ့နေရသည်။ ဇန်နဝါရီ ၈ ရက်က ဂျပန်အလယ်ပိုင်း အိရှိကာဝါစီရင်စု အာဏာပိုင်များက ထုတ်ပြန်ခဲ့သည့် စာရင်းအရ ငလျင်ဒဏ်ကို အဆိုးရွားဆုံးကြုံခဲ့ရသည့် ၀ါဂျိမမြို့တွင် ပျောက်ဆုံးသူ ၃၁ ဦးမှ ၂၈၁ ဦးအထိ မြင့်တက်ခဲ့သည်။ အဆိုပါမြို့တွင် ငလျင်ဒဏ်ကြောင့် အိမ်ခြေဒါဇင်ပေါင်းများစွာ ပြိုကျပျက်စီးခဲ့ပြီး အကြီးစား မီးလောင်ကျွမ်းမှုကြောင့် ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ ဆုဇုမြို့တွင် အသက် ၉၀ ကျော် အမျိုးသမီးတစ်ဦးသည် ပြိုကျသွားသည့် အဆောက်အအုံ အပျက်အစီးများကြား ငါးရက်ကြာပိတ်မိနေခဲ့ပြီးနောက် ဇန်နဝါရီ ၆ ရက်တွင် ကယ်ဆယ်ရေးသမားများက ၎င်းကို ကယ်တင်နိုင်ခဲ့သည်။ သို့သော် အသက် ၅၂ နှစ်အရွယ် နာအိုယုခိတဲရာမိုတို၏ ကလေးငယ်လေးဦးအနက် သုံးဦး၏ ရုပ်အလောင်းများကို အနမိဇုမြို့တွင် တွေ့ရှိခဲ့သည်။ ရက်အတန်ကြာ မိုးရွာသွန်းမှုကြောင့်…
ရန်စမှုမှန်သမျှကို စစ်ရေးအရ ချက်ချင်းလက်တုံ့ပြန်တိုက်ခိုက်မှု လုပ်ဆောင်မည်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ ညီမဖြစ်သူ ကင်ယိုဂျုံက ဇန်နဝါရီ ၇ ရက်တွင် ပြောကြားခဲ့ပြီး မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် နယ်စပ်အနီးသို့ သုံးရက်ဆက်တိုက်လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်ခဲ့သည်။ ဇန်နဝါရီ ၆ ရက်က မြောက်ကိုရီးယားသည် အငြင်းပွားပင်လယ်ရေကြောင်းနယ်နိ မိတ်အနီးသို့ လက်နက်ကြီးကျည် ၆၀ ကျော် ပစ်ခတ်ခဲ့သည်ဟု တောင်ကိုရီးယားက ပြောကြားခဲ့ပြီးနောက်တွင် ကင်ယိုဂျုံ၏ မှတ်ချက်စကားထွက်ပေါ်လာခြင်းဖြစ်သည်။ ဇန်နဝါရီ ၅ ရက်လည်း မြောက်ကိုရီးယားသည် လက် နက်ကြီးကျည် ၂၀၀ ကျော်ကို အလားတူပုံစံအတိုင်း တရစပ်ပစ်ခတ်ခဲ့သည်။ ထို့နောက် ဇန်နဝါရီ ၇ ရက်ကလည်း မြောက်ကိုရီးယားသည် လက်နက်ကြီးကျည် ၉၀ ခန့် ထပ်မံပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု တောင်ကိုရီးယားကဆိုသည်။ မြောက်ကိုရီးယား စစ်တပ်ကမူ အဆိုပါပစ်ခတ်မှုလေ့ကျင့် ခန်းများကိုနယ်စပ်အနီးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် တောင်ကိုရီးယားအားမည်သည့် ခြိမ်းခြောက်မှုမျိုးမှ မဖြစ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။ “ကိုရီးယားပြည်သူ့တပ်မတော် (KPA)ဟာ သေနတ်လုံခြုံရေးခလုတ်ကို မောင်းဖြုတ်ထားပြီးဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ထပ်မံပြောကြားလိုတယ်”ဟု ကင်ဂျုံအွန်အစိုးရ၏ သြဇာအကြီးဆုံး တာဝန်ရှိသူများထဲတွင် ပါဝင်သည့် ကင်ယိုဂျုံက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။ “အစောပိုင်းမှာ အတိအလင်းပြောကြားထားသလိုပဲ ရန်သူက မဆိုစလောက်လေးရန်စခဲ့မယ်ဆိုရင်တောင် KPA က စစ်ရေးအရ ချက်ချင်းတုံ့ပြန် တိုက်ခိုက်သွားမှာဖြစ်တယ် “ ဟု ၎င်းက ပြောကြားသည်။ မြောက်ကိုရီးယား၏ လက်နက်ကြီးပစ်ခတ်မှုများကို တုံ့ပြန်သည့်အနေဖြင့် တောင်ကိုရီးယားသည် ဇန်နဝါရီ ၅ ရက်က ပင်လယ်ထဲသို့ ပစ်ခတ်မှုလေ့ကျင့်ခန်းများကို တန်ပြန်လုပ်ဆောင်ခဲ့သည်ဟု…