Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Friday, June 13
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Entertainment 0 Views

၂၀၂၄ ရွှေကမ္ဘာလုံးဆုပေးပွဲတွင် Oppenheinmer က အကောင်းဆုံးဒရာမာဇာတ်ကားဆုအပါအဝင် ဆုငါးဆုဆွတ်ခူး

January 9, 20241 Min Read
Share
Facebook Twitter

ဇန်နဝါရီ ၇ ရက်က အမေရိကန်ပြည်ထောင်စုတွင်ကျင်းပသည့် ၈၁ ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲတွင် ဒါရိုက်တာခရစ္စတို ဖာနိုလန် ရိုက်ကူးသည့် Oppenheinmer ဇာတ်ကားက အကောင်းဆုံးဒရာမာဇာတ်ကားဆု၊ အကောင်းဆုံးဒါရိုက်တာဆုအပါအဝင် ဆုငါးဆု သိမ်းပိုက်ယူသွားသည်။

နျူကလီးယားဗုံးတီထွင်သူ ဂျေရောဘတ် အော့ပန်ဟိုင်မာအကြောင်း ရိုက်ထားသည့် ဇာတ်ကားဖြစ်ပြီး အဓိကသရုပ်ဆောင် ခီလီယန်မာဖီက အကောင်းဆုံးဒရာမာဇာတ်ဆောင် မင်းသားဆုလည်းရခဲ့ကာ အကောင်း ဆုံးဇာတ်ပို့မင်းသားဆု၊ တေးသွားဆုတို့ကိုလည်း Oppenheinmer မှပင်ဆွတ်ခူးခဲ့သည်။ အကောင်းဆုံး ဒရာမာဇာတ်ဆောင်မင်းသမီးဆုက လီယိုနာဒိုပါဝင်သည့် Killers of the flower moon ဇာတ်ကားထဲမှ မင်းသမီးလီလီ ဂလက်စတုန်းကို ပေးအပ်လိုက်သည်။

ဇာတ်မြူးရွေးချယ်မှုတွင် အမ်မာစတုန်း ပါဝင်သည့် Poor Things ဇာတ်ကားက အကောင်းဆုံးဇာတ်ကားဆုရခဲ့ပြီး အမ်မာစတုန်းက ဇာတ်ဆောင်မင်းသမီးဆုရသည်။ ခင်ပွန်းသည်ကိုသတ်မှုဖြင့် စွပ်စွဲခံရသူ စာရေးဆရာမတစ်ဦးအကြောင်း ရိုက်ကူးထားသည့် Anatomy of a fall ပြင်သစ်ရုပ်ရှင် ဇာတ်ကားက အကောင်းဆုံးဇာတ်ညွှန်းဆု ရယူသွားပြီး အကောင်းဆုံးမူရင်းတေးသီချင်းဆုကို Barbie ဇာတ်ကားတွင် ဘီလီအိုင်းလစ်ရှ်သီဆိုထားသည့် What was I Made For? သီချင်းက ရသွားသည်။

အကောင်းဆုံးအန်နီမေးရှင်းဇာတ်ကားဆုကို The Boy and the Heron ကရသည်။ အကောင်းဆုံး နိုင်ငံခြားဇာတ်ကားဆုကို Anatomy of a fall ကပင် ရယူသွားသည်။

လူအားပေးမှုအများဆုံး၊ အအောင်မြင် ဆုံးရုံတင်ဇာတ်ကားဆုကို Barbie ဇာတ် ကားကရခဲ့ပြီး ရွှေကမ္ဘာလုံးဆုပေးပွဲ ဆန်ခါတင်စာရင်းတွင် Barbie က ဆုကိုးဆုဖြင့် ဦးဆောင်ခဲ့သော်လည်း တကယ့်ရလဒ်တွင် အားရစရာမကောင်းခဲ့၊ ဆုနှစ်ဆုဖြင့်သာ ကျေနပ်လိုက်ရသည်။

ရုပ်သံဇာတ်လမ်းတွဲ ချီးမြှင့်မှုတွင်မူ Successing က ဆန်ခါတင်ခန့်မှန်းချက်အတိုင်း အကောင်းဆုံးဒရာမာဇာတ်လမ်းတွဲဆု၊ အကောင်းဆုံးဒရာမာဇာတ်ဆောင်မင်းသမီးဆု၊ ဇာတ်ဆောင်မင်းသားဆု၊ ဇာတ်ပို့မင်းသားဆုတို့ ရခဲ့သည်။

The Crown ဇာတ်လမ်းတွဲတွင် ဒိုင်ယာနာအဖြစ် သရုပ်ဆောင်ခဲ့သည့် အဲလစ်ဇဘတ် ဒက်ဘစ်ကီက အကောင်းဆုံးဇာတ်ပို့မင်းသမီးဆုကို ရခဲ့သည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleဂျပန်က ယူကရိန်းကို ဆက်လက်ကူညီရန် ပိုင်းဖြတ်ထားသည်ဟု ကြေညာထားခြင်းမရှိသော ကိယက်ဗ်ခရီးစဉ်တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
Next Article လာမည့်ရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းသို့ ဘာပေ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိထားပြီဟု ပြင်သစ်အခြေစိုက် Foot Mercato ဖော်ပြ
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.