ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် ‘ဖားစည်ကျွဲချို’ သင်္ကေတရုပ်ပုံ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၉ ရက် နံနက် ၇ နာရီက ကရင်ပြည်နယ် ဘားအံမြို့နယ် တောင်ကလေးကျေးရွာရှိ နှစ်သစ်ကူးကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ‘ဖားစည်ကျွဲချို’ သင်္ကေတရုပ်ပုံအား တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးလိုက်ပြီးနောက် ကရင်ရိုးရာဒုံးယိမ်းအကများဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။
ထို့နောက် ‘ဖားစည်ကျွဲချို’ သင်္ကေတရုပ်ပုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများအား မုန့်ဟင်းခါးဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။
လာမည့် ဇန်နဝါရီ ၁၁ ရက် ကြာသပတေးနေ့တွင် ကျရောက်မည့် ကရင်သက္ကရာဇ် ၂၇၆၃ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အကြိုအဖြစ် ကရင်ပြည်နယ်အတွင်း အားကစားပြိုင်ပွဲများ၊ ရိုးရာဒုံးယိမ်းပြိုင်ပွဲများ ကျင်းပပြုလုပ်လုပ်လျက်ရှိကြောင်း သိရသည်။