Author: admin

ဘာစီလိုနာအသင်း၏ အဓိက ကစားသမားအများစုသည် အသင်းနည်းပြ ဇာဗီအပေါ် ယုံကြည်မှုပျောက်ဆုံးသွားပြီဖြစ်ကြောင်း ESPN သတင်းဌာနက ဖော်ပြခဲ့သည်။ ဘာစီလိုနာအသင်းသည် ယခုရာသီတွင် ရလဒ်များဆိုးရွားနေပြီး လာလီဂါအမှတ်ပေးဇယားတွင် ရမှတ် (၄၁) မှတ်ဖြင့် အဆင့် (၄) နေရာ ရောက်ရှိနေကာ ထိပ်ဆုံးမှ ဂျီရိုနာအသင်း (၄၉ မှတ်)နှင့် (၈) မှတ်အထိ ကွာဟနေသည်။ ထို့ပြင် ဘာစီလိုနာအသင်းသည် ဇန်နဝါရီ (၁၄) ရက်က ကစားခဲ့သည့် စပိန်စူပါဖလားဗိုလ်လုပွဲတွင်လည်း မဟာပြိုင်ဘက် ရီးယဲလ်အသင်းကို (၁-၄)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ESPN ၏ ဖော်ပြချက်အရ ဘာစီလိုနာအသင်း၏ အဓိကကစားသမားအများစုသည် နည်းပြ ဇာဗီအပေါ် ယုံကြည်မှုပျောက်ဆုံးသွားပြီဖြစ်ပြီး ဘာစီလိုနာအသင်း၏ Style အတိုင်း ကစားခြင်းမရှိဟု ဝေဖန်ခဲ့သည့် ဇာဗီ၏ပြောကြားမှုများကိုလည်း စိတ်ပျက်နေကြကြောင်း သိရှိရသည်။ ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီက လာလီဂါချန်ပီယံဆု ရရှိခဲ့သော်လည်း ယခုရာသီတွင် ဘဏ္ဍာရေးပြဿနာကြောင့် ယခုရာသီအစတွင် ကစားသမားများကို မှတ်ပုံတင်ရန်ရုန်းကန်ခဲ့ရသည်။ ဘာစီလိုနာအားကစားဒါရိုက်တာ ဒေကိုကမူ ဇာဗီကို ယုံကြည်နေဆဲဖြစ်ကြောင်း ပြောကြားထားသည်။

Read More

ပြင်သစ်ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာသည် ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဂျရယ်ဒါမာနင်ကို အသရေဖျက်မှုဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။ ဒါမာနင်က မစ္စတာ ဘန်ဇီမာအနေဖြင့် Sunni Muslim Islamist အဖွဲ့ဖြစ်သည့် Muslim Brotherhood အဖွဲ့အစည်းနှင့် ပတ်သက်ဆက်နွယ်မှုရှိကြောင်း ပြီးခဲ့သည့်အောက်တိုဘာလက စွပ်စွဲခဲ့ခြင်းဖြစ်သည်။ ယင်းမှတ်ချက်စကားသည် အမှုသည်၏ ရိုးဖြောင့်သောဂုဏ်နှင့် ဂုဏ်သိက္ခာကို ထိပါးစေခဲ့ကြောင်း ဘန်ဇီမာ၏ရှေ့နေ Hugues Vigier က မှတ်ချက်ပြုခဲ့သည်။ ဘန်ဇီမာသည် ဂါဇာပြည်သူများအပေါ် လူမှုကွန်ရက် X တွင် ထောက်ခံအားပေးမှုနှင့် ပတ်သက်ပြီး ဒါမင်နင်က အောက်တိုဘာ (၇)ရက်တွင် ဟားမာ့စ်တို့၏တိုက်ခိုက်မှုကြောင့် အစ္စရေးပြည်သူအများစုအပါအဝင် (၁၃၀၀)ဦးခန့် သေဆုံးခဲ့မှုအပေါ် ရေငုံနှုတ်ပိတ်နေခြင်းကြောင့် ဘန်ဇီမာအပေါ် ဝေဖန်ခဲ့ရာတွင် Muslim Brotherhood နှင့် အဆက်အသွယ်ရှိကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

Read More

ပရီးမီးယားလိဂ်အမှုဆောင်အရာရှိချုပ် ရစ်ချက်မာစတာစ်က ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု စွဲချက်ပေါင်း (၁၁၅) ချက်ဖြင့် စွဲချက်တင်ခံထားရသည့် မန်စီးတီးအသင်း၏ အမှုကြားနာမည့်ရက်ကို သတ်မှတ်ပြီးဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ သို့သော် ရစ်ချက်မာစတာစ်အနေဖြင့် မန်စီးတီးအသင်း၏အမှု ကြားနာမည့်ရက်အတိအကျကိုမူ ပြောဆိုရန် ငြင်းဆန်ခဲ့သည်။ ပရီးမီးယားလိဂ်သည် (၅) နှစ်ကြာ စစ်ဆေးပြီးနောက် ၂၀၂၃ ဖေဖော်ဝါရီ (၆) ရက်တွင် မန်စီးတီးအသင်းအား ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှု စွဲချက်ပေါင်း (၁၁၅) ချက်ဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။ ပရီးမီးယားလိဂ်အနေဖြင့် ယခင်က မန်စီးတီးအသင်းသည် ၎င်းတို့၏စစ်ဆေးမှုအား ကြန့်ကြာအောင်လုပ်သည်ဟု စွပ်စွဲခဲ့သော်လည်း ဇန်နဝါရီ (၁၅) ရက်တွင် ဗြိတိန်ယဉ်ကျေးမှု၊ မီဒီယာနှင့် အားကစားကော်မတီ ကြားနားမှုပြီးနောက် မန်စီးတီးအသင်း၏ အမှုကြားနာမည့်ရက်ကို သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါကြားနာမှုတွင် ဗြိတိန်ယဉ်ကျေးမှု၊ မီဒီယာနှင့် အားကစားကော်မတီဥက္ကဋ္ဌ ကာရိုလိုင်းဒီနီနိတ်က ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုဖြင့် ဒုတိယအကြိမ်စွဲချက်တင်ခံရသည့် အဲဗာတန်အသင်းကို ရည်ညွှန်းကာ ”မန်စီးတီးအသင်းအမှု ကြန့်ကြာနေတာနဲ့ပတ်သက်လို့ ပရိသတ်တွေ ဒေါသထွက်နေတာကို ရှင် သိလား”ဟု ရစ်ချက်မာစတာစ်ကို မေးမြန်းခဲ့သည်။ ယင်းမေးခွန်းကို ရစ်ချက်မာစတာစ်က ”ဟုတ်ကဲ့ သိပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ စွဲချက်တွေက မတူပါဘူး။ မန်စီးတီးအသင်းအပေါ် တင်ထားတဲ့ စွဲချက်တွေက အဲဗာတန်နဲ့ မတူပါဘူး။ ကျွန်တော့်အနေနဲ့ အသေးစိတ်အချက်အလက်တွေကို မပြောနိုင်ပေမဲ့ မန်စီးတီးအမှုကြားနာမယ့်ရက်ကို သတ်မှတ်ပြီးပါပြီ။ ရက်စွဲအတိအကျကိုတော့ မပြောနိုင်ပါဘူး။ ဒါပေမဲ့ တိုးတက်မှုတွေ ရှိနေပါတယ်”ဟု ပြောကြားခဲ့သည်။ မန်စီးတီးအသင်းကမူ ပရီးမီးယားလိဂ်၏စွဲချက်အားလုံးတွင် အပြစ်မရှိကြောင်း ချက်ချင်းထုတ်ပြန်ခဲ့သည်။ Daily Mail ၏ ဖော်ပြချက်အရ ပရီးမီးယားလိဂ်နှင့် မန်စီးတီးအသင်းတို့သည် အမှုကြားနာမည့်ရက်ကို…

Read More

နာမည်ကျော် အီတလီလူမျိုးနည်းပြဟောင်း ကာပယ်လိုက မော်ရင်ဟိုအား နည်းပြရာထူးမှ ထုတ်ပယ်ခဲ့သည့် ရိုးမားအသင်းပိုင်ရှင်များ၏လုပ်ရပ်မှာ လက်ခံနိုင်စရာမရှိကြောင်း ဝေဖန်ပြောကြားခဲ့သည်။ ရိုးမားအသင်းပိုင်ရှင်များဖြစ်သည့် ဖရိုင်းကင်မိသားစုသည် ယခုရာသီတွင် ရလဒ်များဆိုးရွားနေခြင်းကြောင့် နာမည်ကျော်နည်းပြ မော်ရင်ဟိုကို ရာထူးမှအံ့အားဖွယ်ထုတ်ပယ်ခဲ့ရာ ရိုးမားပရိသတ်များပင် ဝမ်းနည်းခဲ့ကြကြောင်း သိရှိရသည်။ ယခုအခါ ကာပယ်လိုက ဖရိုင်းကင်မိသားစုသည် မော်ရင်ဟိုအပေါ် လေးစားမှုမရှိကြောင်း ဝေဖန်ခဲ့ခြင်းဖြစ်သည်။ ကာပယ်လိုက ” မော်ရင်ဟို ထုတ်ပယ်ခံရမယ်လို့ မထင်ခဲ့ပါဘူး။ ရိုးမားက သူ တောင်းဆိုတာတွေ တစ်ခုမှ လုပ်မပေးခဲ့ပါဘူး။ အခုပြဿနာတွေ ဖြစ်လာတော့ သူ့ကို ရာထူးက ထုတ်လိုက်တယ်။ ရိုးမားအသင်းပိုင်ရှင်တွေဟာ မော်ရင်ဟိုအပေါ် လေးစားမှုမရှိခဲ့ပါဘူး။ မော်ရင်ဟိုအပေါ် သူတို့ရဲ့ဆက်ဆံပုံဟာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိပါဘူး”ဟု ပြောကြားခဲ့သည်။

Read More

အနုပညာရှင်များကို မည်မျှချစ်ခင်နှစ်သက်နေပါစေ၊ လူကိုယ်တိုင်တွေ့ရသဖြင့်လည်း မည်မျှအံ့သြနေပါစေ အခြေခံစောင့် ထိန်းရမည့် အပြုအမူ၊ကျင့်ဝတ်များကို ပြောစရာမလိုအောင် သိနေသင့်သည်။သို့သော် တရုတ်အမျိုးသားတစ်ဦးက ၎င်းတို့ကိုနား လည်ပုံမရသဖြင့် ထိပ်တန်းရုပ်ရှင်မင်းသမီး ယန်းမီက သူ့ခေါင်းကိုမထိနှင့်ဟုပင် လူပုံအလယ် သတိပေးခဲ့ရသည်။ ဇန်နဝါရီ ၁၅ ရက်က တရုတ်လူမှုကွန်ရက်ဝေပိုတွင် ဗီဒီယိုတစ်ခုပျံ့လာခဲ့ပြီး၊ Ten Miles of Peach Blossoms တရုတ်ဇာတ် လမ်းတွဲဖြင့် မသိသူမရှိသည့် ထိပ်တန်းသရုပ်ဆောင်ယန်းမီက စီစီတီဗွီတရုတ်နှစ်ကူးအထိမ်းအမှတ်ပွဲအတွက် ဇာတ်တိုက်လေ့ကျင့်မှုများပြီးသည့်နောက် သူ့ကားရှိရာသို့ သွားနေသည်ကို မြင်တွေ့ရသည်။ ထိုအချိန် (အသက် ၃၇ နှစ်အရွယ်ရှိ) ယန်းမီ၏အနားသို့ ပရိသတ်များက ဖုန်းများဖြင့်ဝိုင်းအုံလာပြီး ဓာတ်ပုံဗီဒီယိုများရိုက်ကူး ကြသည်။အချို့ပရိသတ်က “မတွန်းကြပါနဲ့၊ တောင်းပန်တယ် မတွန်းကြပါနဲ့”ဟု အော်ပြောနေသံလည်း ဗီီဒီယိုထဲတွင် ကြားရသည်။ ထိုသို့ ရုတ်ရုတ်သဲသဲဖြစ်နေစဉ် ယန်းမီ၏ ဦးခေါင်းနောက်ဘက်ဆီသို့ လက်တစ်ဖက်ဆန့် ထုတ်လာခဲ့သည်။ လက်ပိုင်ရှင်က ယန်းမီ၏ ဆံပင်ကို စက္ကန့်ပိုင်းကြာထိခဲ့သည်။ အမှတ်မထင်ထိတွေ့မှု တစ်ခုကိုသိလိုက်သဖြင့် ယန်းမီက နောက်ပြန်လှည့်လိုက်ပြီး လက်ပိုင်ရှင်ဆိုသူကို မျက်နှာထားတင်းတင်း ဖြင့် ကြည့်လိုက်သည်။နှုတ်မှလည်း“ငါ့ခေါင်းကို မထိနဲ့၊ ငါ့ခေါင်းကိုမထိနဲ့”ဟုပြောသည်။ နောက်ပိုင်း ယန်းမီက သူ့ကိုလမ်းဖယ်ပေးရန် ပရိသတ်ကို မေတ္တာရပ်ခံခဲ့သည်။ ထိုဖြစ်စဉ်အပေါ် အွန်လိုင်းတွင် ပရိသတ်များက တုံ့ပြန်နေကြပြီး ယန်းမီ၏လုံခြုံရေးအတွက် အတူလိုက်လာသည့် ဝန်ထမ်းများက ပိုဂရုစိုက်သင့်သည်ဟု ပြောကြသည်။ “ဘယ်သူဘယ်ဝါမသိနိုင်လို့ ကြောက်စရာ ကောင်းတယ်”၊ “ဒီတခါယန်းမီရဲ့ခေါင်းကို ကိုင်တယ်၊နောက်တခါ ခေါင်းကိုရိုက်သွားရင် ဘယ်လိုလုပ်မလဲ အန္တရာယ်များလိုက်တာ”၊ “တကယ်လို့အဲဒီလူမှာ အကြံဆိုးရှိနေရင် အကျိုးဆက်ကိုမတွေးရဲဘူး”၊ “ယန်းမီကသက်တော်စောင့်တွေ ထပ်ခန့်ထားသင့််တယ်”ဟု ဝေဖန်နေကြသည်။ အခြေအနေကို…

Read More

စစ်အေးခေတ်နောက်ပိုင်း နေတိုးမဟာမိတ်အဖွဲ့၏ အကြီးဆုံးစစ်ရေးလေ့ကျင့်မှုတစ်ခုအတွက် ဗြိတိန်က တပ်ဖွဲ့ဝင် ၂၀,၀၀၀ စေလွှတ်မည်ဟု ကာကွယ်ရေးဝန်ကြီး ဂရန့်ရှပ်စ်က ဇန်နဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့ပြီး နေတိုးအဖွဲ့အပေါ် ခြိမ်းခြောက်မှုများ မြင့်တက်လာသည်ဟုလည်း ၎င်းက သတိပေးခဲ့သည်။ ဆယ်စုနှစ်လေးခုအတွင်း နေတိုးအဖွဲ့ထံ ဗြိတိန်တပ်ဖွဲ့ဝင်များကို အကြီးမားဆုံးစေလွှတ်မှုဖြစ်သည့် ယင်းအစီအစဉ်သည် ယူကရိန်းကို ကျူးကျော်ပြီးနောက် ရုရှားသမ္မတ ဗလာဒီမာပူတင်ကြောင့် ဖြစ်ပေါ်လာသည့်ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ စိတ်ချလက်ချရှိစေရေး အာမခံချက်ပေးနိုင်ရန် ရည်ရွယ် သည်ဟု ရှပ်စ်က ပြောကြားခဲ့သည်။ တော်ဝင်ကြည်းတပ်၊ တော်ဝင်ရေတပ်နှင့် တော်ဝင်လေတပ်မှ ဗြိတိန်တပ်ဖွဲ့ဝင်များကို နေတိုးအုပ်စု၏ လတ်တလော စစ်ရေးလေ့ကျင့်မှုဖြစ်သည့် Exercise Steadfast Defender တွင် ပါဝင်ရန် ဥရောပတစ်လွှားတွင် တပ်ဖြန့်စေလွှတ်မည်ဖြစ်ကာ အခြားအဖွဲ့ဝင် ၃၁ နိုင်ငံနှင့် နေတိုးအဖွဲ့ဝင် အလောင်းအလျာဖြစ်သည့် ဆွီဒင်တို့မှ တပ်ဖွဲ့ဝင်များလည်းပါဝင်မည်ဖြစ်သည်။ “မျက်မှောက်ခေတ်မှာ နေတိုးအဖွဲ့ဟာ အရင်ထက်ပိုပြီး အင်အားကြီးလာပေမဲ့ စိန်ခေါ်မှုတွေကလည်း ပိုကြီးထွားလာတယ်”ဟု လန်ဒန်တွင် မိန့်ခွန်းပြောကြားစဉ် ရှပ်စ်က ထည့်သွင်းပြောဆိုခဲ့သည်။ နိုင်ငံတကာစည်း မျဉ်းအခြေပြုအခင်းအကျင်းသည်လည်း အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု ၎င်းက သတိပေးခဲ့သည်။ “ဒါကြောင့် ဗြိတိန်ဟာ မိမိတို့ရဲ့ ကြည်း၊ ရေ၊လေအင်အားတွေကို နေတိုးအဖွဲ့ထံမှာ အလုံးစုံ မြှုပ်နှံထားခြင်းဖြစ်တယ်”ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။ “၂၀၂၄ ခုနှစ်မှာ အဲဒီထက်ပိုပြီး လုပ်ဆောင်သွားဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ ဗြိတိန်ဟာ စစ်အေးတိုက်ပွဲ ပြီးဆုံးပြီးနောက်ပိုင်း နေတိုးအဖွဲ့ရဲ့ အကြီးမားဆုံးတပ်ဖြန့်မှုကို ဦးဆောင်ဖို့ တပ်ဖွဲ့ဝင် ၂၀,၀၀၀ ခန့်ကို စေလွှတ် သွားမယ်ဆိုတာကို ဒီကနေ့ ကြေညာချင်ပါတယ်”ဟု…

Read More

အီရန်၏ တော်လှန်ရေးအစောင့်တပ်သည် ဆီးရီးယား၊ အီရတ်၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာ့ဒ်ဒေသတို့ရှိ အကြမ်းဖက်ပစ်မှတ် အများအပြားကို ဒုံးကျည်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဇန်နဝါရီ ၁၆ ရက်တွင် အီရန်အစိုးရမီဒီယာက ဖော်ပြခဲ့သည်။ တိုက်ခိုက်မှုများသည် စပိုင်ရုံးချုပ်များကိုလည်းကောင်း၊ အီရတ်ကာ့ဒ်၏မြို့တော် အာဘီလ်ရှိ အီရန်ဆန့်ကျင်ရေးအကြမ်းဖက်အုပ်စုများ၏ တွေ့ဆုံပွဲကိုလည်းကောင်း ပျက်စီးသွားစေခဲ့သည်ဟု အီရန်အစိုးရသတင်းဌာန IRNA က အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC)၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး သတင်းဖော်ပြခဲ့သည်။ တိုက်ခိုက်မှုအတွင်း လူလေးဦးသေဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရခဲ့သည်ဟု အီရတ်၏ကာ့ဒ် လုံခြုံရေးကောင်စီက ထုတ်ပြန်ခဲ့သည်။ သေဆုံးသွားသော အရပ်သားအချို့တွင် ထင်ရှားသောလုပ်ငန်းရှင် ပက်ရှဝါဒီဇာရီပါဝင်သည်ဟု ကာ့ဒ် ဒီမိုကရက်တစ်ပါတီက ပြောကြားသည်။ တိုက်ခိုက်မှုများကို မဆင်မခြင်တိုက်ခိုက်မှုများအဖြစ် ဇန်နဝါရီ ၁၅ ရက်တွင် အမေရိကန်ပြည်ထောင်စုက ရှုတ်ချခဲ့ပြီး ယင်းတိုက်ခိုက်မှုများသည်တည်ငြိမ်မှုကို အားနည်းစေသည်ဟု သတိပေးခဲ့သည်။ “အီရတ်ရဲ့တည်ငြိမ်မှုကို အားနည်းစေတဲ့ အီရန်ရဲ့မဆင်မခြင်တိုက်ခိုက်မှုတွေကို ကျွန်တော်တို့ ဆန့်ကျင်ပါတယ်”ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မတ်သရူးမေလာက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အမေရိကန်စစ်သားများ သို့မဟုတ် အမေရိကန် အဆောက်အအုံများကို ပစ်မှတ်ထားခြင်းမဟုတ်ဟု အိမ်ဖြူတော်ပြောရေးဆိုခွင့်ရသူက အစောပိုင်းတွင် ပြောကြားခဲ့သည်။ IRGC သည် ဆီးရီးယားနိုင်ငံရှိ ပစ်မှတ်များကိုလည်း ပဲ့ထိန်းဒုံးကျည်များဖြင့် ပစ်မှတ်ထားခဲ့သည်ဟု ဆိုသည်။ အထူးသဖြင့်မကြာသေးမီက IS အုပ်စုက လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်စစ်ဆင်ရေးများနှင့်ဆက်စပ်နေသော တပ်မှူးများနှင့် အဓိကအဖွဲ့များဆုံတွေ့ရာနေရာများကိုလည်း ပစ်မှတ်ထားခဲ့သည်ဟု ၎င်းတို့၏ ဆီပါသတင်းဌာနက ဖော်ပြခဲ့သည်။ ဆီးရီးယားတွင် လုပ်ဆောင်ခဲ့သောတိုက်ခိုက်မှုသည် တောင်ပိုင်းမြို့များဖြစ်သော ကာမန်းနှင့်ရာ့စ်တို့တွင် အီရန်နိုင်ငံသားများကိုသေဆုံးစေခဲ့သောအကြမ်းဖက်အုပ်စုများ၏ မကြာသေးမီက တိုက်ခိုက်များကို တုံ့ပြန်ခြင်းဖြစ်သည်ဟု ဖြည့်စွက်ဖော်ပြထားသည်။ အလက်ပိုတွင်လည်းကောင်း၊ ၎င်း၏ ကျေးလက်တွင်လည်းကောင်း…

Read More

ဟူသီရ်သူပုန်တို့က အမေရိကန်ဖျက်သင်္ဘောကို ခရုစ်ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် အမေရိကန်ပိုင်ကုန်တင်သင်္ဘောသည် ဇန်နဝါရီ ၁၅ ရက်က ယီမင်ကမ်းရိုးတန်းအလွန်တွင် ဒုံးကျည်ထိ မှန်ခဲ့သည်ဟု ဗြိတိန်ရေကြောင်းကုန်သွယ်မှု စစ်ဆင်ရေးများလုံခြုံရေးဌာနက ပြောကြားခဲ့သည်။ အပေါ်မှလာသော ဒုံးကျည်က သင်္ဘောကို ထိမှန်သွားသည်ဟု ဗြိတိန်ရေကြောင်း ကုန်သွယ်မှုစစ်ဆင်ရေးများ လုံခြုံရေးဌာနက ၎င်း၏ဝက်ဆိုက်တွင် ဖော်ပြထားသည်ဆိုသော်လည်း နောက်ထပ် အသေးစိတ်များကို ဖော်ပြထားခြင်းမရှိပေ။ အမေရိကန်ပိုင်ဖြစ်ပြီး မာရှယ်ကျွန်းစု များ အလံတင်ထားသောသင်္ဘောပေါ်တွင် မီးလောင်ခဲ့သည်ဟုဗြိတိန်ရေကြောင်း ဘေးန္တရာယ်သက်ရောက်မှု တွက်ချက်ရေးကုမ္ပဏီဖြစ်သော အမ်ဘရေး၏ ထုတ်ပြန်ချက်အရသိရသည်ဆိုသော်လည်း သင်္ဘောသည် လှိုင်း၊လေဒဏ် ခံနိုင်ရည်ရှိနေဆဲဖြစ်ကာ ထိခိုက်ဒဏ်ရာရသူမရှိဟု ဆိုသည်။ ယီမင်ရှိ ဟူသီရ်စစ်ဘက် တည်နေရာများကို အမေရိကန်တိုက်ခိုက်မှုများအား တုံ့ပြန်သည့်အနေဖြင့် ယခုတိုက်ခိုက်မှုက အမေရိကန်အကျိုးစီးပွားများကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု သုံးသပ်ကြောင်း အမ်ဘရေးကုမ္ပဏီက ပြောကြားခဲ့သည်။ ဒုံးကျည်ထိမှန်သော သင်္ဘောသည် အစ္စရေးနှင့်ဆက်စပ်နေသော သင်္ဘောမဟုတ်ဟု ဆိုသည်။ ဇန်နဝါရီ ၁၂ ရက် နံနက်စောစောတွင် အမေရိကန်နှင့်ဗြိတိန်တို့ကဟူသီရ်၏စစ်ရေးပစ်မှတ်များကို ပြင်းထန်သောလေကြောင်း တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ပြီး လေတပ်အခြေစိုက်စခန်း၊ လေဆိပ်များ၊ စစ်စခန်း တစ်ခု၊ ဟူသီရ်၏အယ်လ်-မာဆီရာ ရုပ်သံလွှင့်ရုံတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အီရန် ကျောထောက်နောက်ခံပြုဟူသီရ်ထံမှ ချက်ချင်းမှတ်ချက်ပေးခြင်းမပြုပေ။ အမေရိကန်စစ်သင်္ဘောကို ဟူသီရ်ပစ်လိုက်သော ခရုစ်ဒုံးကျည်သည် ဇန်နဝါရီ ၁၄ ရက်တွင် ပစ်ချခံခဲ့ရသည်။ အမေရိကန်စစ်တပ်သည် ဟူသီရ်ရေဒါစခန်းကို နောက်ဆက်တွဲ တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည်ဟု ဇန်နဝါရီ ၁၂ ရက်ညပိုင်းတွင် အမေရိကန်စစ်တပ်က ထုတ်ပြန်ခဲ့သည်။ ယင်းနေ့ အစောပိုင်းတိုက်ခိုက်မှုများသည် ဟူသီရ်၏စစ်ဘက်အဆောက်အအုံများကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်ဟု အမေရိကန်တာဝန်ရှိသူက ပြောကြားခဲ့သည်။ အောက်တိုဘာကတည်းကဟူသီရ် သူပုန်များသည် ပင်လယ်နီတွင်ကုန်တင်…

Read More

၂၀၂၄ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲတွင် သမ္မတဂျိုးဘိုင်ဒင်ကို စိန်ခေါ်ရန် ရီပတ်ဘလီကင်ပါတီကို ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် သမ္မတလောင်းဟူသော အဆင့်အတန်း တစ်ရပ်သေချာသွားစေသည့် ကိုယ်စားလှယ်လောင်းရွေးချယ်ပွဲကို ဇန်နဝါရီ ၁၅ ရက်က အိုင်အိုဝါပြည်နယ်၌ ပထမဆုံးကျင်းပခဲ့ရာ အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရန့် အေးအေးဆေးဆေးအနိုင်ရသွားခဲ့သည်ဟု သိရသည်။ အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရန့်သည် လူထုသဘောထားစစ်တမ်းများတွင် ထိပ်ဆုံးက တစ်နှစ်ကျော်ဦးဆောင်ခဲ့သူဖြစ်သည်ဆိုသော်လည်း ထရန့်သည် အိမ်ဖြူ တော်ကို တစ်ကျော့ပြန်လာနိုင်ရေးအတွက် သူ၏အားသာချက်ကို ပြောင်းလဲပစ်နိုင်ခြင်းရှိမရှိဆိုသည်ကို အရှင်းလင်းဆုံး ထိုးထွင်းသိ မြင်မှုအဖြစ်ယခုကိုယ်စားလှယ်လောင်းရွေးပွဲကို ရှုမြင်ထားကြသည်။ အမေရိကန်သတင်းဌာနကြီးများက ယခုပွဲတွင် အနိုင်ရမည့်သူမှာထရန့်ဖြစ်သည်ဟု နာရီဝက်သာသာတွင် ခန့်မှန်းခဲ့ကြသည်။ ထရန့်သည် ဒုတိယနေရာကလိုက်နေသော ရွန်ဒီဆန်းတစ်ကို ၃၂ မှတ်ဖြင့် ပြတ်ပြတ်သား သားဦးဆောင်ခဲ့ပြီးနောက် ထရန့်အနိုင်ရမည် ဟု သတင်းဌာနကြီးများက ခန့်မှန်းလိုက်ခြင်းဖြစ်သည်။ ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်းတစ်နှင့် ထရန့်၏အခြား အဓိကပြိုင်ဘက်ဖြစ်သော အမေရိကန်သံအမတ်ဟောင်း နစ်ကီဟာလေတို့သည် ၂၀ နှင့် ၁၉ ရာခိုင်နှုန်းစီဖြင့် ဒုတိယနေရာအတွက် အကြိတ်အနယ် ပြိုင်နေကြရပုံပေါ်သည်။ ထရန့်သည် ၂၀၂၄ ခုနှစ်ထဲတွင် တရားမမှုများနှင့်ရာဇဝတ်မှုများကို တရားစီရင်ပိုင်ခွင့်ရှိသည့် နေရာအများအပြားတွင် ရင်ဆိုင်နေရသောကြောင့် အဆိုပါ ဥပဒေရေးရာပြဿနာများက ထရန့်ကို အဟန့်အတားဖြစ်စေနိုင်ခြင်းရှိမရှိဆိုသည်နှင့်ပတ်သက်၍မေးခွန်းများပေါ်ပေါက်လျက်ရှိသည်။ သို့ရာတွင် အိုင်အိုဝါအောင်ပွဲကြောင့် ထရန့်သည် ဇန်နဝါရီ ၂၃ ရက်တွင်ပြုလုပ်မည့် နယူးဟမ့်ရှိုင်းယား ကိုယ်စားလှယ်လောင်းရွေးပွဲတွင် အောင်မြင်မှုရနိုင်သည်ကို ဖော်ပြလျက်ရှိသည်။ ဒက်မွိုက်တွင်ပြုလုပ်သည့် ထရန့်၏ရွေးကောက်ပွဲ ပါတီကို မသွားမီမဲပေးခဲ့သော အသက် ၆၂ နှစ်အရွယ် နှလုံးအထူးကုဆရာဝန် အလန်လက်ချ်ချမ်ကမဲရလဒ် မြန်မြန်ထုတ်ပြန်ပေးခဲ့သည်ကို အံ့အားသင့်သည်ဟု ဝန်ခံခဲ့သော်လည်း အောင်ပွဲရသည့်ညကို ထုတ်ဖော်ချီးကျူးခဲ့သည်။ ထရန့်ကို အိမ်ဖြူတော်သို့ ပြန်ရောက်စေချင်သည်ဟု…

Read More

ယခုနှစ် လဆန်းပိုင်းမှ စတင်ကာ မြန်မာ နိုင်ငံ၏ အထင်ကရအဝေးပြေးလမ်းမကြီးဖြစ် သည့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်တိမ်းမှောက်မှု၊ ယာဉ်တိုက်မှု၊ ယာဉ်မ တော်တဆမှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိ သည်။ဇန်နဝါရီ ၁ ရက် ညနေ ၃ နာရီ ၁၀ မိနစ် ခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၁၆/၁) နှင့် (၃၁၆/၂) ကြားတွင် ဟိုက်ဂျက် ယာဉ်တစ်စီး ဘီးပေါက် ကာ လမ်းလယ်ရှိ ဘယ်ရီယာတုံးကို ဝင်တိုက်မိ ခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့သည်။ဇန်နဝါရီ ၄ ရက် နံနက် ၇ နာရီခွဲခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၂၈၆/၆) နှင့် (၂၈၆/၇)အကြားတွင် Isuzu အစိမ်းရောင်ယာဉ်တစ်စီး ရှေ့ဝဲဘက် ဘီး ပေါက်ကာ တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် သံဃာတော်တစ်ပါးအပါ အဝင် သုံးဦး သေဆုံးခဲ့သည်။ယင်းနေ့မှာပင် မိုင်တိုင်အမှတ် ၁၃၁ မိုင်အနီးတွင် အိမ်စီးမော်တော်ယာဉ်တစ်စီးက ရှေ့မှမောင်းနှင်နေသည့် မော်တော်ယာဉ်တစ် စီးကို ဝင်တိုက်မိသဖြင့် လူငါးဦး ထိခိုက်ဒဏ် ရာရရှိခဲ့သည်။ ဇန်နဝါရီ ၅ ရက် နေ့လယ် ၁၁ နာရီ ၅၄ မိနစ်ခန့်တွင် မိုင်တိုင်အမှတ် (၁၇၀/၃) နှင့် (၁၇၀/၄) ကြားတွင် မော်တော်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ယင်းနေ့ မွန်းလွဲ ၂ နာရီ၊ မိနစ် ၂၀ ခန့်ကလည်း မိုင်တိုင်အမှတ် (၁၈၄/၄)…

Read More