နာမည်ကျော် အီတလီလူမျိုးနည်းပြဟောင်း ကာပယ်လိုက မော်ရင်ဟိုအား နည်းပြရာထူးမှ ထုတ်ပယ်ခဲ့သည့် ရိုးမားအသင်းပိုင်ရှင်များ၏လုပ်ရပ်မှာ လက်ခံနိုင်စရာမရှိကြောင်း ဝေဖန်ပြောကြားခဲ့သည်။
ရိုးမားအသင်းပိုင်ရှင်များဖြစ်သည့် ဖရိုင်းကင်မိသားစုသည် ယခုရာသီတွင် ရလဒ်များဆိုးရွားနေခြင်းကြောင့် နာမည်ကျော်နည်းပြ မော်ရင်ဟိုကို ရာထူးမှအံ့အားဖွယ်ထုတ်ပယ်ခဲ့ရာ ရိုးမားပရိသတ်များပင် ဝမ်းနည်းခဲ့ကြကြောင်း သိရှိရသည်။
ယခုအခါ ကာပယ်လိုက ဖရိုင်းကင်မိသားစုသည် မော်ရင်ဟိုအပေါ် လေးစားမှုမရှိကြောင်း ဝေဖန်ခဲ့ခြင်းဖြစ်သည်။
ကာပယ်လိုက ” မော်ရင်ဟို ထုတ်ပယ်ခံရမယ်လို့ မထင်ခဲ့ပါဘူး။ ရိုးမားက သူ တောင်းဆိုတာတွေ တစ်ခုမှ လုပ်မပေးခဲ့ပါဘူး။ အခုပြဿနာတွေ ဖြစ်လာတော့ သူ့ကို ရာထူးက ထုတ်လိုက်တယ်။ ရိုးမားအသင်းပိုင်ရှင်တွေဟာ မော်ရင်ဟိုအပေါ် လေးစားမှုမရှိခဲ့ပါဘူး။ မော်ရင်ဟိုအပေါ် သူတို့ရဲ့ဆက်ဆံပုံဟာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိပါဘူး”ဟု ပြောကြားခဲ့သည်။