ပြင်သစ်ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာသည် ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဂျရယ်ဒါမာနင်ကို အသရေဖျက်မှုဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။
ဒါမာနင်က မစ္စတာ ဘန်ဇီမာအနေဖြင့် Sunni Muslim Islamist အဖွဲ့ဖြစ်သည့် Muslim Brotherhood အဖွဲ့အစည်းနှင့် ပတ်သက်ဆက်နွယ်မှုရှိကြောင်း ပြီးခဲ့သည့်အောက်တိုဘာလက စွပ်စွဲခဲ့ခြင်းဖြစ်သည်။
ယင်းမှတ်ချက်စကားသည် အမှုသည်၏ ရိုးဖြောင့်သောဂုဏ်နှင့် ဂုဏ်သိက္ခာကို ထိပါးစေခဲ့ကြောင်း ဘန်ဇီမာ၏ရှေ့နေ Hugues Vigier က မှတ်ချက်ပြုခဲ့သည်။
ဘန်ဇီမာသည် ဂါဇာပြည်သူများအပေါ် လူမှုကွန်ရက် X တွင် ထောက်ခံအားပေးမှုနှင့် ပတ်သက်ပြီး ဒါမင်နင်က အောက်တိုဘာ (၇)ရက်တွင် ဟားမာ့စ်တို့၏တိုက်ခိုက်မှုကြောင့် အစ္စရေးပြည်သူအများစုအပါအဝင် (၁၃၀၀)ဦးခန့် သေဆုံးခဲ့မှုအပေါ် ရေငုံနှုတ်ပိတ်နေခြင်းကြောင့် ဘန်ဇီမာအပေါ် ဝေဖန်ခဲ့ရာတွင် Muslim Brotherhood နှင့် အဆက်အသွယ်ရှိကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။