Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Monday, June 2
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Local 1 Views

ယာဉ်တိုက်မှု၊ လူသေဆုံးမှုတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး

January 17, 20244 Mins Read
Share
Facebook Twitter

ယခုနှစ် လဆန်းပိုင်းမှ စတင်ကာ မြန်မာ နိုင်ငံ၏ အထင်ကရအဝေးပြေးလမ်းမကြီးဖြစ် သည့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်တိမ်းမှောက်မှု၊ ယာဉ်တိုက်မှု၊ ယာဉ်မ တော်တဆမှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိ သည်။

ဇန်နဝါရီ ၁ ရက် ညနေ ၃ နာရီ ၁၀ မိနစ် ခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၁၆/၁) နှင့် (၃၁၆/၂) ကြားတွင် ဟိုက်ဂျက် ယာဉ်တစ်စီး ဘီးပေါက် ကာ လမ်းလယ်ရှိ ဘယ်ရီယာတုံးကို ဝင်တိုက်မိ ခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့သည်။

ဇန်နဝါရီ ၄ ရက် နံနက် ၇ နာရီခွဲခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၂၈၆/၆) နှင့် (၂၈၆/၇)အကြားတွင်  Isuzu အစိမ်းရောင်ယာဉ်တစ်စီး ရှေ့ဝဲဘက် ဘီး ပေါက်ကာ တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် သံဃာတော်တစ်ပါးအပါ အဝင် သုံးဦး သေဆုံးခဲ့သည်။

ယင်းနေ့မှာပင် မိုင်တိုင်အမှတ် ၁၃၁ မိုင်အနီးတွင် အိမ်စီးမော်တော်ယာဉ်တစ်စီးက ရှေ့မှမောင်းနှင်နေသည့် မော်တော်ယာဉ်တစ် စီးကို ဝင်တိုက်မိသဖြင့် လူငါးဦး ထိခိုက်ဒဏ် ရာရရှိခဲ့သည်။

ဇန်နဝါရီ ၅ ရက် နေ့လယ် ၁၁ နာရီ ၅၄ မိနစ်ခန့်တွင် မိုင်တိုင်အမှတ် (၁၇၀/၃) နှင့် (၁၇၀/၄) ကြားတွင် မော်တော်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ယင်းနေ့ မွန်းလွဲ ၂ နာရီ၊ မိနစ် ၂၀ ခန့်ကလည်း မိုင်တိုင်အမှတ် (၁၈၄/၄) နှင့် (၁၈၄/၅) ကြားတွင် မော်တော် ယာဉ်တစ်စီး ရှေ့ယာဘက်ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ဝင် တိုက်မိသဖြင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ သည်။

ဇန်နဝါရီ ၆ ရက် ညနေ ၅ နာရီ မိနစ် ၅၀ ခန့်ကလည်း မိုင်တိုင်အမှတ် ၃၀၂တွင် ဆိုင် ကယ်နှင့် အိမ်စီးမော်တော်ယာဉ်တစ်စီးတို့ တိုက်မိခဲ့ရာ ၅၈ နှစ်အရွယ်ရှိ ဆိုင်ကယ်မောင်း သူအမျိုးသားမှာ အခင်းဖြစ်နေရာတွင် သေ ဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ် ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဇန်နဝါရီ ၉ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်ကလည်း ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး၊ မိုင်တိုင်အမှတ် ( ၂၃၁) တွင် ယာဉ် မတော်တဆမှုတစ်ခု ထပ်မံ ဖြစ်ပွားခဲ့ပြီး သုံး ဦး သေဆုံးသွားခဲ့သည်ဟု မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ယာဉ်ပေါ် ပါ အမျိုးသား ကိုးဦး၊ အမျိုးသမီး သုံးဦး စုစု ပေါင်း ၁၂ ဦးအနက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပြီး ကျန်သူများ ဒဏ်ရာရရှိခဲ့သည်။ 

ယင်းဖြစ်စဉ်များမှာ ၂၀၂၄ ခုနှစ် ဇန်န ၀ါရီလ၏ ပထမပတ်မှာပင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှု၊ ယာဉ်မတော်တဆမှုများနှင့် လူသေဆုံးမှုများ ဖြစ်သည်။

ယင်းဖြစ်စဉ်များတွင် သေဆုံးသူများမှာ နှစ်နှစ်သားအရွယ် ကလေးငယ်တစ်ဦး အပါ အဝင် ကိုးဦးအထိရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ များမှာ အနည်းဆုံး ၁၆ ဦးအထိ ရှိခဲ့ကာ ယာဉ် တိုက်မှု၊ ယာဉ်မတော်တဆမှုများမှာအနည်း ဆုံး ကိုးခုအထိရှိခဲ့သည်ကို တွေ့ရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ် တွင် ပြီးခဲ့သော ၂၀၂၃ ခုနှစ်အတွင်း၌ ယာဉ် မတော်တဆမှုပေါင်း ၁၆၃ ကြိမ်ဖြစ်ပွားခဲ့ပြီး အဆိုပါ ယာဉ်မတော်တဆမှု များကြောင့် သေဆုံးသူ ၈၆ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၃၂၆ ဦးရှိခဲ့ကြောင်း နေပြည်တော်အမြန်လမ်း မကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယာဉ်မတော်တဆမှုပေါင်း ၁၆၃ ကြိမ် အတွက် အမှုဖွင့် အရေးယူထားသူပေါင်း အမျိုးသား၁၅၉ ဦး၊ အမျိုးသမီးရှစ်ဦး စုစုပေါင်း ၁၆၇ ဦးရှိခဲ့ပြီး ၊ယာဉ် မတော်တဆမှုများကြောင့် သေဆုံးသူ အမျိုးသား ၆၂ ဦး၊ အမျိုးသမီး ၂၆ ဦး၊ စုစုပေါင်း ၈၆ ဦးနှင့် ထိခိုက် ဒဏ်ရာရရှိသူ အမျိုးသား ၁၈၀ ဦး၊ အမျိုးသမီး ၁၄၆ ဦး၊ စုစု ပေါင်း ၃၂၆ ဦးရှိခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ၁၂ လတာအတွက် တစ်လ ချင်းပျမ်းမျှ ယာဉ်မတော်တဆမှုပေါင်း ၁၃  ကြိမ်၊ တစ်လချင်းပျမ်းမျှ အမှုဖွင့်အရေးယူထား သူ ၁၃ ဦးရှိခဲ့ပြီး ယာဉ်မတော်တဆမှုများ ကြောင့် တစ်လချင်းပျမ်းမျှ လူသေဆုံးမှု ခုနစ် ဦးနှင့် တစ်လချင်းပျမ်းမျှ ထိခိုက်ဒဏ်ရာရရှိမှု ၂၇ ဦး ရှိခဲ့ကြောင်း ဖြစ်စဉ်မှတ်တမ်းများအရ သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ပြီးခဲ့သော ၂၀၂၂ ခုနှစ်အတွင်း၌ ယာဉ်မတော် တဆမှုပေါင်း ၁၆၉ ကြိမ်ဖြစ်ပွားခဲ့ပြီး ယာဉ် မတော်တဆမှုများကြောင့် သေဆုံးသူ ၅၇ ဦး နှင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၈၀ ဦးအထိရှိခဲ့ရာ ၂၀၂၃ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုများ ကြောင့် လူသေဆုံးမှု ထိခိုက်ဒဏ်ရာရရှိမှုနှုန်း မှာ ၂၀၂၂ ခုနှစ်ကထက် အနည်းငယ်ပိုများခဲ့ ကြောင်း မှတ်တမ်းများ နှိုင်းယှဉ်ချက်အရသိရ သည်။

ယခုနှစ် ဇန်နဝါရီလလယ်ပိုင်းခန့်မှာပင် ယာဉ်မတော်တဆမှု၊ ယာဉ်တိုက်မှုများကြောင့် အနည်းဆုံး လူကိုးဦးအထိ သေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့သဖြင့် ၂၀၂၃ ခုနှစ် လအလိုက် ပျမ်းမျှ သေဆုံးသူ၊ ဒဏ်ရာရရှိသူစာရင်းထက် ပိုများနေသည်ကို တွေ့ရသည်။

“အခုနှစ်ဆန်းပိုင်းမှာတင် ယာဉ်တိုက်မှု တွေက များလာတော့ ကားမောင်းရမှာတောင် ကြောက်လာတယ်။ အဓိက ဖြစ်တာက အိပ် ရေးဝ၀ မအိပ်လို့ဖြစ်တာလို့ ပြောလို့ရတယ်။ ကျွန်တော်တို့ဆို မောင်းရမယ့်နေ့ဆို အိပ်ရေး ဝအောင် အိပ်ထားတယ်။ အိပ်ရေးမဝရင် သွားရောပ” ဟု ရန်ကုန်-မန္တလေးအမြန်လမ်း မကြီးတွင် မောင်းနှင်နေသည့် အဝေးပြေး ယာဉ်လိုင်းတစ်ခုမှ ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

အမြန်လမ်းမကြီးပေါ်တွင် ဖြစ်ပွားသော ယာဉ်မတော်တဆမှုများတွင် မော်တော်ယာဉ် ကို အရှိန်ပြင်းပြင်း မောင်းနှင်ခြင်း၊ ယာဉ် မောင်း အိပ်ငိုက်ပြီး မောင်းနှင်ခြင်း၊ လမ်းမကို ဖြတ်ကူးသူ ပေါ့ဆခြင်း၊ ဆိုင်ကယ်များမောင်း နှင်ခြင်း၊ မော်တော်ယာဉ်ကို မဆင်မခြင် မောင်းနှင်ခြင်း၊ မော်တော်ယာဉ်ဘီးပေါက် ခြင်း၊ စက်ချို့ယွင်းခြင်း စသော အကြောင်းများ ကြောင့် ယာဉ်မတော်တဆမှုများဖြစ်ပွားကြ ရခြင်းဖြစ်သည်ဟု အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ မှူးရုံးက ထုတ်ပြန်ထားသည်။

ယင်းကြောင့် ခရီးသွားပြည်သူများအနေ ဖြင့် အမြန်လမ်းတွင် ယာဉ်မတော်တဆဖြစ်ပွား မှုများကို ကာကွယ်နိုင်ရန်အတွက်ခရီးစတင် မထွက်ခွာမီ ယာဉ်ကြံ့ခိုင်မှုစစ်ဆေးခြင်း၊ သတ် မှတ်မိုင်နှုန်းအတိုင်းမောင်းနှင်ခြင်း၊ အိပ်ရေး ဝဝအိပ်ပြီးမှ မောင်းနှင်ခြင်းအပြင် အချိန်ရှစ် နာရီအထက် ပိုကြာအောင် မောင်းရမည့်ခရီး ဖြစ်ပါက ယာဉ်မောင်းနှစ်ဦးအထိ လိုက်ပါ မောင်းနှင်ခြင်းဖြင့် လုပ်ဆောင်ရမည်ဖြစ် ကြောင်း၊ ကီလိုမီတာ ၁၀၀ ဖြင့်မောင်းနှင်သော မော်တော်ယာဉ်သည် ၁ စက္ကန့်လျှင် ပေ ၉၀ အထိ ရွေ့သည်ကိုသတိပြုပြီး လမ်းအကျယ် သည် ပေ၂၀ တည်းသာ ရှိသည်ဆိုပါက တစ် စက္ကန့်အတွင်း၌ပင် လမ်းဘေးသို့ထိုးကျတိမ်း မှောက်နိုင်သဖြင့် သတိပြုမောင်းနှင်ရန် လိုအပ် ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးက အသိပေးထုတ်ပြန်ထားသည်။

“အမြန်လမ်းပေါ်မှာ သွားနေတဲ့ ကားရဲ့ အမြန်နှုန်းက မြို့တွင်းလမ်းတွေမှာ မောင်းနေ တဲ့ အမြန်နှုန်းတွေထက် ရွေ့လျားနေတဲ့အရှိန် အရမ်းကိုများပါတယ်။ ယာဉ်မတော်တဆမှု ဖြစ်ရင် ထိခိုက်မှု ပိုပြင်းထန်တတ်ပါတယ်”ဟု ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုများကို လိုက်လံကူညီပေး နေသည့် ပရဟိတအဖွဲ့တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထို့ပြင် ခရီးဝေးသွားလာမည့် ယာဉ် မောင်းများအနေဖြင့် နေ့လယ်စာ ထမင်း စားပြီးချိန် အိပ်ငိုက်တတ်သည့် အချိန်များတွင် ကားမောင်းခြင်းကို ရှောင်ကြဉ်သင့်ပြီး ခေတ္တ အနားယူသင့်သည်ဟု အဝေးပြေးမော်တော် ယာဉ်မောင်းနှင်သူများက အကြံပြုသည်။

“ထမင်းစားပြီး ဗိုက်လေးနေတဲ့အချိန်မှာ ဟိုင်းဝေးမောင်းမယ်ဆိုရင် သတိထားရတယ်။ ဘာကြောင့်ဆိုတော့ အိပ်ငိုက်ဖို့အကောင်းဆုံး အချိန်ဖြစ်နေတာလေ။ အဲဒါကြောင့် ထမင်း စားပြီးတာနဲ့ ကားကို တက်မမောင်းသင့်ဘူး။ ကျွန်တော်တို့ဆိုရင် ကားမောင်းရင်းနဲ့ ကွမ်း ယာစားတော့ တော်ရုံတော့ မငိုက်တော့ဘူး။ ဒါပေမဲ့ အကောင်းဆုံးက ဘေးကနေ စကား ပြောပေးမယ့်သူရှိရင်အကောင်းဆုံးပဲ။ ဘေး လူက အမြဲ သတိပေးနေရင် အကောင်းဆုံးပဲ။ ဘယ်လိုမှ မရတော့ရင် ကားကိုလမ်းဘေးချပြီး ခဏနားလိုက်တာ ကောင်းတယ်” ဟု အဝေး ပြေးယာဉ်လိုင်းတစ်ခုမှ မော်တော်ယာဉ်မောင်း နှင်သူတစ်ဦးက ပြောကြားသည်။

    ထို့ပြင် ညပိုင်း ဟိုင်းဝေးမောင်းနှင်သူ များအနေဖြင့် သန်းခေါင်ယံနှင့် အရုဏ်တက် ချိန်များတွင် အိပ်ငိုက်တတ်သဖြင့် သတိပြု ဆင်ခြင်သင့်သည်ဟု အဆိုပါယာဉ်မောင်းက အကြံပြုသည်။

“ ညပိုင်းက ပိုဆိုးတယ်။ ဟိုင်းဝေးလမ်းက တစ်ဖြောင့်တည်းမောင်းရတာကပိုများတယ်။ ကြာတော့ အိပ်ငိုက်လာတတ်တယ်။ ဒါကကား  သမားတိုင်းဖြစ်တတ်တဲ့အရာတွေ။ အကောင်း ဆုံးက ဘေးနားက အဖော်ပါတာ အကောင်း ဆုံးပဲ။ တစ်ယောက်တည်း ဟိုင်းဝေးမောင်းတာ က အဆင်မပြေဘူး” ဟု အဝေးပြေးယာဉ် မောင်းနှင်သူက ဆက်လက်ပြောကြားသည်။

အလားတူ အိပ်ချင်လာသည်ဆိုပါက လမ်းဘေးတွင် ချရပ်ကာ မှန်တံခါးများကို လုံ ခြုံအောင် ပြုလုပ်ပြီး အိပ်စက်ခြင်းသည်အ ကောင်းဆုံးဖြစ်ပြီး အန္တရာယ်ကို ကြိုတင်ကာ ကွယ်ရာ ရောက်သည်ဟု ၎င်းင်းက အကြံပြု ပြောကြားသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို ၂၀၀၅ ခုနှစ်တွင် စတင်ဖောက်လုပ်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ဖွင့်လှစ်အသုံးပြုခဲ့သော်လည်း ၂၀၁၁ ခုနှစ်ရောက်မှသာ ရန်ကုန်-မန္တ လေးကို ချိတ်ဆက်အသုံးပြုနိုင်ခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုများ၊ ယာဉ်မတော်တဆမှု များ ဆက်တိုက်ဖြစ်ပွားနေသည့် အဆိုပါအ မြန်လမ်းမကြီးတွင် မောင်းနှင်သူများအနေဖြင့် သတိထားမောင်းနှင်မှသာ ထိခိုက်နစ်နာမှုများ ကို ကာကွယ်နိုင်မည်သာဖြစ်ပြီး သတ်မှတ် စည်းကမ်းချက်များအတိုင်းလိုက်နာမောင်း နှင်ရန် လိုအပ်နေပြီဖြစ်သည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleထိုင်းနိုင်ငံတွင် မြန်မာလုပ်သားများ စီးနင်းလာသောကားနှင့် ထိုင်းနိုင်ငံသူမောင်းနှင်သည့် အိမ်စီးကား တိုက်မိ်ပြီး မြန်မာလုပ်သားတစ်ဦးနှင့် ထိုင်းနိုင်ငံသူ သေဆုံးကာ မြန်မာလုပ်သားရှစ်ဦး ဒဏ်ရာရရှိ
Next Article အိုင်အိုဝါတွင် ကျင်းပသည့် ကိုယ်စားလှယ်လောင်းရွေးပွဲတွင် သမ္မတဟောင်းဒေါ်နယ်ထရန့်အနိုင်ရသဖြင့် ၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ထရန့်သည် အဓိက စိန်ခေါ်သူဖြစ်လာနိုင်
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.