Author: admin

အေစီမီလန်အသင်း တိုက်စစ်ကစားသမား ခရစ္စတီယန်ပူလီဆစ်သည် ၂၀၂၃ ခုနှစ်အတွက် အမေရိကန်အကောင်းဆုံး ဘောလုံးသမားဆု ဆွတ်ခူးရရှိပြီး လေးကြိမ်ရရှိထားသူ ဒိုနိုဗန်၏စံချိန်ကို အမီလိုက်နိုင်ခဲ့ကြောင်း သိရသည်။ အသက် ၂၅ နှစ်ရှိပြီဖြစ်သူ အမေရိကန်လက်ရွေးစင် အသင်းခေါင်းဆောင် ပူလီဆစ်သည် ပြီးခဲ့သည့်နှစ်အတွင်း လက်ရွေးစင်အသင်းအတွက် ခုနစ်ပွဲကစား၊ ခြောက်ဂိုးသွင်းယူပေးပြီး ၂၀၂၂-၂၀၂၃ ကွန်ကာကပ်ဖ် Nations League ပြိုင်ပွဲ ၌ ဗိုလ်စွဲခဲ့သလို ယင်းပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့သည်။ ၎င်းအနေဖြင့် ချယ်လ်ဆီးအသင်း၌ ရုန်းကန်ခဲ့ရသော်လည်း ပြီးခဲ့သည့်နှစ် နွေရာသီတွင် အေစီမီလန်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ပုံမှန်ခြေစွမ်းပြန်လည်ရရှိလာပြီး ပြိုင်ပွဲစုံ ၂၆ ပွဲကစား၊ ခုနစ်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ငါးကြိမ် ပြုလုပ်ပေးထားသည်။ ထို့ကြောင့် ပူလီဆစ်အနေဖြင့် မဲပေးမှု၏ ၅၃ ရာခိုင်နှုန်း အထိရရှိခဲ့ပြီး အေစီမီလန်အသင်းဖော်ကွင်းလယ်လူ မူဆာ (၂၁ ဒသမ ၅ ရာခိုင်နှုန်း)၊ PSV အသင်းတိုက်စစ်မှူး ရီကာဒို ပီပီ (၁၂ ဒသမ ၉ ရာခိုင်နှုန်း) တို့ထက် မဲအရေအတွက်အသာဖြင့် ဆွတ်ခူးရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ပူလီဆစ်သည် ယင်းဆုကို စတုတ္ထအကြိမ် (၂၀၁၇၊ ၂၀၁၉၊ ၂၀၂၁၊ ၂၀၂၃) ရရှိခြင်းဖြစ်ပြီး ဂန္ထဝင်ကစားသမား လန်ဒန်ဒိုနိုဗန်၏ အကြိမ်အများဆုံးရရှိသည့်စံချိန်နှင့် တူညီသွားပြီဖြစ်သည်။

Read More

UFC 300 ပြိုင်ပွဲတွင် BMF ချန်ပီယံ ခါးပတ်စိန်ခေါ်ပွဲအဖြစ် အမေရိကန် MMA ကစားသမား ဂျပ်စတင်ဂေးဂျီနှင့် တစ်နိုင်ငံတည်းသား မက်စ်ဟောလိုဝေးတို့ ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ကြောင်း သိရသည်။ UFC 300 ပြိုင်ပွဲကို ဧပြီ ၁၃ ရက်တွင် အမေရိကန်နိုင်ငံ၊ နီဗာဒါပြည်နယ်၊ ပါရာဒိုက်စ် မြို့ရှိ T-Mobile Arena ၌ ကျင်းပမည်ဖြစ်ပြီး လက်ရှိအချိန်အထိ တွဲဆိုင်းရှစ်ပွဲ ကြေညာထားပြီးဖြစ်သည်။ BMF ချန်ပီယံခါးပတ်၏ လက်ရှိချန်ပီယံမှာ ဂျပ်စတင်ဂေးဂျီဖြစ်ပြီး ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းကျင်းပသည့် UFC 291 ပြိုင်ပွဲတွင် ဒပ်စတင်ပိုရီယေးကို ဒုတိယအချီ၌ ဦးခေါင်းကန်ချက်ဖြင့် ပွဲသိမ်းအနိုင်ယူကာ ရရှိထားခြင်းဖြစ်သည်။ BMF ချန်ပီယံခါးပတ်မှာ တိုက်ခိုက်ရေးစွမ်းဆောင်ရည် အကြမ်းဆုံးဖိုက်တာကို ပေးအပ်သည့် ခါးပတ်ဖြစ်ပြီး UFC ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂျော့ချ်မက်စ်ဗီဒယ်လ်နှင့် ဂျပ်စတင်ဂေးဂျီတို့ နှစ်ဦးသာ ရရှိခဲ့ဖူးသည်။ ပထမဆုံး BMF ချန်ပီယံစိန်ခေါ်ပွဲအဖြစ် ၂၀၁၉ ခုနှစ် နိုဝင်ဘာတွင် မက်စ်ဗီဒယ်လ်က နာမည်ကြီး ကစားသမားဟောင်း နိတ်ဒီယက်ဇ် ကို အလဲထိုးဖြင့် အနိုင်ရကာ ချန်ပီယံခါးပတ် ရရှိခဲ့သည်။ ပြီးခဲ့သည့်နှစ် ဧပြီတွင် မက်စ်ဗီဒယ်လ်က အနားယူကြောင်း ကြေညာခဲ့ပြီးနောက် လစ်လပ်သွားသည့် BMF ချန်ပီယံခါး ပတ်အတွက် ဂေးဂျီနှင့် ပိုရီယေး ယှဉ်ပြိုင်ထိုးသတ်ရာ ဂေးဂျီက အနိုင်ရခဲ့ခြင်းဖြစ်သည်။ ယခင်စည်းမျဉ်းအရ BMF ချန်ပီယံအနေဖြင့် အခြားခါးပတ်များကဲ့သို့ ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ရန် မလိုအပ်ဘဲ အနားယူချိန်အထိ ပိုင်ဆိုင်ခွင့်ရသော်လည်း UFC ပြိုင်ပွဲဥက္ကဋ္ဌ ဒေနာဝှိုက်က အပြောင်းအလဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဂေးဂျီ…

Read More

အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီက စပိန်ဘုရင့်ဖလားပြိုင်ပွဲတွင် မက်ဒရစ်မြို့ခံပြိုင်ဘက် ရီးယဲလ်မက်ဒရစ်အသင်းအား အနိုင်ရခဲ့ခြင်းမှာ အသင်းပရိသတ်များကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ စပိန်ဘုရင့်ဖလားပြိုင်ပွဲရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်တွင် အက်သလက်တီကိုအသင်းသည် အိမ်ကွင်း၌ ရီးယဲလ်မက်ဒရစ်အသင်းကို အချိန်ပိုတွင် (၄-၂) ဂိုး ဖြင့် အနိုင်ရခဲ့သည်။ အက်သလက်တီကို အသင်းသည် အဆိုပါပွဲစဉ်တွင် ရီးယဲလ်အသင်းကို ပွဲချိန်အတွင်း နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့သော်လည်း ချေပဂိုးပြန်လည်ပေးခဲ့ရသဖြင့် အချိန်ပိုဆက်ကစားခဲ့ရပြီး အချိန်ပိုတွင် နှစ်ဂိုးထပ်သွင်းကာ ပွဲအပြီး၌ (၄-၂) ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ အက်သလက်တီကိုအသင်းအနေဖြင့် စပိန်စူပါဖလား ဆီမီးဖိုင်နယ်၌ ရီးယဲလ်အသင်းအား အချိန်ပိုတွင် (၃-၅) ဂိုးဖြင့် ရှုံးနိမ့်ခြင်းကို ပြန်လည်လက်စားချေနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ အက်သလက်တီကိုနည်းပြ ဆီမြွန်နီက မက်ဒရစ်မြို့ခံပြိုင်ဘက် ရီးယဲလ်အသင်းအား အနိုင်ရခဲ့ခြင်းမှာ အသင်းပရိသတ်များ၏အားပေးမှုကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ ဆီမြွန်နီက “ကျွန်တော်တို့ ဟိုတယ်ကနေ မက်ထရိုပိုလီတာနို (အက်သလက်တီကိုအသင်း၏အိမ်ကွင်း) ကို လာတဲ့လမ်းမှာ ကျွန်တော်တို့ကို လမ်းပေါ်မှာ စိတ်လှုပ်ရှားစွာနဲ့ အားပေးနေတဲ့ ပရိသတ်တွေကို မြင်တွေ့ခဲ့ရပါတယ်။ စပိန်ဘုရင့်ဖလား ရှုံးထွက် ၁၆ သင်းအဆင့်က ပွဲကိုလာရောက်အားပေးကြတဲ့ အသင်းပရိသတ်တွေရဲ့ အားပေးမှုဟာ အံ့မခန်းပါပဲ။ ကျွန်တော်တို့အသင်းဟာ အချိန်ပိုကစားတဲ့အချိန်မှာ ပွဲကို ပိုနားလည်လာပြီး ရလဒ်ကောင်း ရယူနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲက ကျွန်တော်တို့ထက် ကျွန်တော်တို့ ကို လာရောက်အားပေးကြတဲ့ ပရိသတ်တွေအတွက် ပိုပြီးအရေးကြီးပါတယ်”ဟု ပြောကြားခဲ့သည်။ ထို့ပြင် ဆီမြွန်နီက စပိန်စူပါဖလားပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် ရီးယဲလ်အသင်းအား ပြန်လည်အနိုင်ရခဲ့ခြင်းမှာ လက်စားချေခြင်း မဟုတ်ဘဲ ဘောလုံးတွင် လက်စားချေခြင်း မျိုးမရှိကြောင်းလည်း ပြောကြားခဲ့သည်။ “ကျွန်တော် အမြဲတမ်းပြောနေကျပါပဲ။ ဘောလုံးမှာ…

Read More

သီရိလင်္ကာနိုင်ငံတွင် လူပေါင်း ၄၀၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ရဲစခန်းများတွင် အချုပ်ချခံခဲ့ရကာ ညှင်းပန်းနှိပ်စက်ခံနေရသည့် ဖြစ်စဉ်များကို ကုလသမဂ္ဂက ဝေဖန်ခဲ့ပြီးနောက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ် ဆင်ရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဟု သီရိလင်္ကာအစိုးရက ဇန်နဝါရီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။ ပြီးခဲ့သည့်လက စတင်ခဲ့သည့် တရားမျှတမှု စစ်ဆင်ရေးဟု အဓိပ္ပာယ်ရသည့် Operation စစ်ဆင်ရေးအတွင်း ရဲတပ်ဖွဲ့သည် ဥပဒေချိုးဖောက်မှုများရှိခဲ့သည်ဟု ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုလ်ကာ တာ့ခ်က ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့သည်။ သီရိလင်္ကာ ပြည်သူ့လုံခြုံရေးဝန်ကြီး တီရန်အဲလက်စ်ကမူ ၎င်းအနေဖြင့် ထိုစွပ်စွဲချက်များကို လက်မခံကြောင်းနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်သည့် စစ်ဆင်ရေးသည် သီရိလင်္ကာနိုင်ငံ၏ အကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်ကြောင်း ကိုလံဘိုမြို့တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ လူ့အခွင့်အရေး ကော်မရှင်အနေနှင့် ထိုစစ်ဆင်ရေးတွင် ထိခိုက်မှုများရှိကြောင်းနှင့် မိမိတို့အဖြေကို နားထောင်ရန် မိမိတို့ကို ပြောကြားရမည့် တာဝန်ရှိကြောင်း၊ ၎င်းတို့ အနေဖြင့် ကြေညာချက်များ ထုတ်ပြန်နိုင် ကြောင်း၊ သို့သော်မိမိအနေဖြင့် ထိုစစ်ဆင်ရေးကို ရပ်တန့်သွားမည်မဟုတ်ကြောင်း၊ ထိုစစ်ဆင်ရေးသည် နိုင်ငံအတွင်းရှိ အမျိုးသမီးများနှင့် ကလေးများအတွက် ကောင်းမွန်စေသည်ကို မိမိတို့သိရှိနားလည်ထားကြောင်း” အဲလက်စ်က ပြောကြားခဲ့သည်။ ကုလသမဂ္ဂကမူ သီရိလင်္ကာလုံခြုံရေး တပ်ဖွဲကများသည် ခွင့်ပြုချက်မရဘဲ ရှာဖွေမှုများ၊ တစ်ဖက်သတ် ဖမ်းဆီးထိန်းသိမ်းမှုများ၊ ရိုင်းပျစွာဆက်ဆံမှုများ၊ လူမြင်ကွင်းတွင် သံသယရှိသူများကို အဝတ်အစားများချွတ်ပြီး ရှာဖွေမှုများနှင့် ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့သည့် သတင်းများကို ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ သီရိလင်္ကာ အစိုးရအနေဖြင့် ထိုစစ်ဆင်ရေးကို ပြန်လည်စိစစ် ရန်နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်မှုတွင် လူ့…

Read More

အမေရိကန်ပြည်ထောင်စုသည် ဇန်နဝါရီ ၁၇ ရက်တွင် ယီမင်အခြေစိုက် ဟူရ်သီသူပုန်များကို အကြမ်းဖက်အုပ်စုများ စာရင်းတွင်ပြန်လည် ထည့်သွင်းလိုက်ရာ ယင်းသည် နိုင်ငံတကာရေလမ်းကြောင်း၌ တိုက်ခိုက်မှုများကို တားဆီးရန် ၀ါရှင်တန်၏ နောက်ဆုံးကြိုးပမ်းမှုဖြစ်လာသည်။ အီရန်နှင့်မဟာမိတ်ဖွဲ့ထားသော ဟူရ်သီအုပ်စုကို ပြင်းထန်သော ပိတ်ဆို့မှုများ ချမှတ်လိုက်သည့် အထူးသတ်မှတ်ထားသော ကမ္ဘာလုံးဆိုင်ရာအကြမ်းဖက်အဖွဲ့အဖြစ် ရွေးချယ်သတ်မှတ်လိုက်ခြင်းက ပင်လယ်နီ ရေလမ်းကြောင်းတွင် သင်္ဘောများကို တိုက်ခိုက်ခြင်း သို့မဟုတ် ပြန်ပေးဆွဲခြင်းတို့ လုပ် ဆောင်ရာတွင် ဟူရ်သီ အသုံးပြုသော ငွေကြေးများနှင့်လက်နက်များကို ဖြတ်တောက်ပစ်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ׅ“ဒီရွေးချယ်သတ်မှတ်မှုဟာ ဟူရ်သီကို အကြမ်းဖက်ငွေကြေးထောက်ပ့ံတာကို ဟန့်တားဖို့၊ ငွေကြေးစျေးကွက်တွေကို ဟူရ်သီဝင်ရောက်တာကို နောက်ထပ် ကန့်သတ်တာတို့နဲ့ သူတို့ရဲ့လုပ်ရပ်တွေအတွက် သူတို့ကို တာဝန်ခံခိုင်းရာမှာ အရေးကြီးတဲ့ တန်ဆာပလာဖြစ်ပါတယ်”ဟု အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဂျိတ်ဆူလီဗန်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ဟူရ်သီဟာ ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့တို့မှာ တိုက်ခိုက်တာတွေ လုပ်နေတာကို ရပ်မယ်ဆိုရင် အမေရိကန်က ဒီရွေးချယ်သတ်မှတ်မှုကို ချက်ချင်းပြန်လည် ဆန်းစစ်သွားမှာဖြစ်ပါတယ်”ဟု ဆူလီဗန်က ဖော် ပြခဲ့သည်။ သမ္မတဂျိုးဘိုင်ဒင်၏အစိုးရအဖွဲ့သည် အစားအစာသွင်းကုန်များနှင့် လူသားချင်းစာနာမှု အကူအညီများကို မှီခိုနေရသော ယီမင်ပြည်သူများကို သက်ရောက်ခြင်းမရှိစေရန် ရည်ရွယ်ပြီး ဖဲ့ထုတ်ပိတ်ပင်မှုများကို ထုတ်ပြန် ခဲ့ခြင်းဖြစ်ကာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ရွေးချယ်သတ်မှတ်မှု ရက် ၃၀ အတွင်း အတည်ဖြစ်မလာမီ အန်ဂျီအိုများအပါအဝင် အုပ်စုများကို ကျော်လွန်လုပ်ဆောင်သွားမည်ဟု ဆိုသည်။ နိုဝင်ဘာကတည်းက ဟူရ်သီသူပုန်များသည် ပင်လယ်နီတွင် ကုန်တင်သင်္ဘောများကို တိုက်ခိုက်ခဲ့သည်။ အစ္စရေးနှင့်ဖြစ်ပွားနေသော စစ်ပွဲတွင် ပါလက်စတိုင်းစစ်သွေးကြွအုပ်စု ဟားမာ့စ်ကို ထောက်ခံကြောင်းပြ သသည့်အနေဖြင့်…

Read More

အကျဉ်းချခံထားရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် ၎င်း၏ အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေကြောင့် လာမည့်လတွင် ခံဝန်ဖြင့် ပြန်လည်လွတ်မြောက်ခွင် ့ရရှိလိမ့်မည်ဟု corrections department မှ အရာရှိတစ်ဦးက ဇန်နဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။ အသက် ၇၄ နှစ်အရွယ်သက်ဆင်သည် ပြည်ပြေးဘဝဖြင့် ပြည်ပတွင် ၁၅ နှစ်ကြာ နေထိုင်ခဲ့ပြီးနောက် သြဂုတ်လတွင် ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာခဲ့ကာ အာဏာအလွဲသုံးစားမှုဖြင့် ထောင်ဒဏ် ရှစ်နှစ်ကျခံခဲ့ရသည်။ သို့သော် အကျဉ်းထောင်သို့ ရောက်ရှိပြီး နာရီပိုင်းအတွင်းမှာပင် သွေးတိုးရောဂါနှင့် နှလုံးရောဂါအခြေအနေများကြောင့် ဆေးရုံတက်ပြီး ကုသမှုခံယူခဲ့ရသည်။ထို့နောက် ထိုင်းဘုရင်က သက်ဆင်၏ ထောင်ဒဏ်ကို တစ်နှစ်အထိ လျှော့ပေါ့ပေးခဲ့သည်။ သက်ဆင်၏ ကျန်းမာရေးအခြေအနေသည် အနီးကပ်စောင့်ကြည့်ရန် လိုအပ်သဖြင့် ရဲတပ်ဖွဲ့ဆေးရုံတွင် ဆက်လက်ပြီး ဆေးဝါးကုသမှုခံယူခွင့်ကာလကို ထပ်တိုးပေးခဲ့ကြောင်း corrections department က ပြီး ခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့သည်။ စံသတ်မှတ်ချက်များအပေါ် အခြေခံပြီး သက်ဆင်သည် ခံဝန်ဖြင့် ပြန်လည်လွတ်မြောက်ရန် သတ်မှတ်ချက်များနှင့် ကိုက်ညီကြောင်း corrections department ၏ လက်ထောက်ညွှန်ကြားရေးမှူးချုပ် စစ်သီသုတိဗွန်က သက်ဆင်သည် ဖေဖော်ဝါရီလအတွင်း ပြန်လွတ်မည်ဟုတ်မဟုတ် သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။ လက်ရှိအချိန်အထိ သက်ဆင်ကို အကျဉ်းချထားသည့် ဘန်ကောက် ရမန်အကျဉ်းထောင်က သက်ဆင်အား ခံဝန်ဖြင့် ပြန်လွှတ်ပေးရန် တရားဝင် တောင်းဆိုမှုမရှိသေးကြောင်း စစ်သီက ပြောကြားခဲ့သည်။ သက်ဆင်သည် ၂၀၀၆ ခုနှစ် စစ်အာဏာသိမ်းမှုတွင် ရာထူးမှ ဖယ်ရှားခံခဲ့ရပြီး သူသည် ထိုင်းနိုင်ငံတွင် ၁၇ နှစ်ကြာဖြစ်ပွားခဲ့သည့်…

Read More

မြိတ်ကျွန်းစုအတွင်းသဘာဝ ဂျင်းကုန်းဖွင့်ရာတွင် နှစ်နှစ်ဆက်တိုက် ဂျင်းကောက်သူ ထောင်နှင့်ချီကာ အခက်အခဲဖြစ်ပေါ်ခဲ့ပြီး ဂျင်းကုန်းကိုလည်း ပြန်လည်ပိတ်သိမ်းထားရကြောင်း သိရသည်။ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်၊ ရေကန်တောင်ကျေးရွာအုပ်စုတွင်ရှိသော သဘာဝဂျင်းကုန်းအား ဖွင့်ရာတွင် နှစ်နှစ်ဆက်တိုက် မတူညီသည့် စျေးကွက် ပျက်ယွင်းမှုများ ကြုံတွေ့ရပြီး ဂျင်းကောက်သူ ထောင်ချီကာ အခက်အခဲဖြစ်ပေါ်ခဲ့ပြီး ယခုအခါ ဂျင်းကုန်းကိုလည်း ပြန်လည် ပိတ်သိမ်းထားရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ သွေးဂုံး(ခ)ဂျင်းများကို ရေကန်တောင်ကျေးရွာတွင် သဘာဝတိုင်းတည်ရှိနေပြီး တစ်နှစ်လျှင် တစ်ကြိမ် အများပြည်သူကို ကောက်ယူခွင့်ပေးကြောင်း ကျေးရွာတာဝန်ရှိသူဦးဇာနည်က ပြောကြားသည်။ သို့ရာတွင် သဘာဝဂျင်းကုန်းများမှ ထွက်ရှိနေသော ဂျင်းသားပေါက်များကို ကောက်ယူရောင်းချရာတွင် မတူညီသည့် စျေးကွက်ပျက်ယွင်းမှု နှစ်နှစ်ဆက်တိုက်ဖြစ်ပေါ်ခဲ့သည့်အတွက် ဂျင်းကောက်သူထောင်နှင့်ချီကာ အခက်အခဲဖြစ်ပေါ်ခဲ့ကြောင်း ဂျင်းကောက်သူတစ်ဦးက ပြောကြားသည်။ “ဒီနှစ်သဘာဝဂျင်းကုန်းကို ဇန်နဝါရီလ ၁၅ ရက်နေ့မှာ စတင်ဖွင့်ပေးတယ်၊ ဒေသခံတွေနှင့် ပင်လယ်ရွာပေါင်းစုံက ဂျင်းကောက်တဲ့လှေပေါင်း ၅၀၀ ကျော် အထိလာရောက်ကြတယ်၊ ဒီနှစ်မှာဘာဖြစ်သလဲဆိုတော့ ဂျင်းသားပေါက်တွေ အများကြီးရတယ်၊ ဒါပေမယ့် ဝယ်မယ့်စျေးကွက် မရှိတော့ဘူး၊ ဂျင်းသားပေါက်တစ်ကီလို ကျေးရွာတာဝန်ရှိသူတွေက ကျပ် ၁၀၀၀၀ သတ်မှတ်ထားတယ်၊ ဝယ်တဲ့သူက ကျေးရွာရန်ပုံငွေ နှစ်ထောင်ပေးရတယ်၊ ဝယ်လက်တွေက ဂျင်းသားပေါက်တွေ မဝယ်ကြဘူး၊ တချို့ကြိုတင်ငွေယူထားတဲ့သူတွေ သူတို့အလုပ်ရှင်ဆီမှာ ပြန်သွင်းနိုင်ကြတယ်၊ ဒါပေမယ့်ပေါက်စျေးက မရှိတော့ဘူး၊ တချို့ဆိုရင် ၂၂ ကီလိုပါတဲ့တစ်ခြင်းကို ကျပ်သုံးသောင်းပဲပေးတော့ ဂျင်းကောက်တဲ့သူတွေ ငွေသွင်းခ၊ ခရီးစရိတ်တွေကုန်သွားခဲ့တယ်၊ ပြီးခဲ့တဲ့နှစ်က ဘာဖြစ်သလဲဆိုတော့ သဘာဝဂျင်းကုန်းထဲမှာ ဂျင်းလုံးဝမရှိတော့ဘူး၊ ဂျင်းလာကောက်တဲ့သူတွေက ရွှံ့တွေပဲ ကျန်တာကြုံတွေ့ခဲ့ရတယ်၊ အဲဒီတုန်းက ၂၂ ကီလိုပါတဲ့တစ်ခြင်းကို…

Read More

မန္တလေးမြို့တွင် တစ်နှစ်ကျော်ကြာ ပိတ်သိမ်းထားသည့် ပုဂ္ဂလိကဆေးရုံနှစ်ရုံကို ဇန်နဝါရီ ၁၈ ရက်က ပြန်လည်ဖွင့်လှစ်ကာ ဆေးကုသမှုလုပ်ငန်းများ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်ကာ ဆေးရုံလုပ်ငန်းလိုင်စင်များ ပယ်ဖျက်ပိတ်သိမ်းထားသည့် မန္တလေးမြို့ရှိ ပုဂ္ဂလိကဆေးရုံ သုံးရုံအနက် ယခုပြန်လည်ဖွင့်လှစ်ခဲ့သည့် ဆေးရုံနှစ်ရုံမှာ သိပ္ပံလမ်း ၆၅ လမ်းနှင့် ၆၆ လမ်းကြားရှိ မြို့တော်ဆေးရုံနှင့် ၃၄ လမ်း၊ ၇၈-၇၉ ကြားရှိ ကံ့ကော်ဆေးရုံတို့ဖြစ်ပြီး ယခုကဲ့သို့ ဆေးရုံပြန်လည်ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ မြို့တော်ဆေးရုံ၏ Facebook Page မှ ပိုမိုကောင်းမွန်သော ကျန်းမာရေးဝန်ဆောင်မှုများနှင့်အတူ မြို့တော်ဆေးရုံကို ဇန်နဝါရီ ၁၈ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်ဟု ထုတ်ပြန်ခဲ့သည်။ ထို့အတူ ကံ့ကော်ဆေးရုံကလည်း ဇန်နဝါရီ ၁၈ ရက်မှစတင်၍ ၎င်းတို့၏ ဆေးကုသမှုလုပ်ငန်းများကို ပုံမှန်အတိုင်း ဆောင်ရွက်ပေးလျက်ရှိသည်ဟု ထုတ်ပြန်ထားကြောင်း တွေ့ရှိရသည်။ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် မန္တလေးမြို့မှ နန်းတော်၊ မြို့တော်နှင့် ကံ့ကော် စသည့်ပုဂ္ဂလိကဆေးရုံသုံးရုံ၏ ဆေးရုံလုပ်ငန်းလိုင်စင်များကို ပယ်ဖျက်ပိတ်သိမ်းခဲ့ခြင်းဖြစ်ပြီး အဆိုပါဆေးရုံသုံးခု၏ လုပ်ငန်းလိုင်စင်ပယ် ဖျက်ခြင်းကို ပုဂ္ဂလိကဆိုင်ရာကျန်းမာရေးဗဟိုအဖွဲ့က မေ ၁၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယင်းထုတ်ပြန်ချက်တွင် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ညွှန်ကြားချက်နှင့်အညီ လုပ်ငန်းပိတ်သိမ်းထားရှိသည့် နန်းတော်ဆေးရုံ၊ ကံ့ကော်ဆေးရုံ၊ မြို့တော်ဆေးရုံ လိုင်စင်ရရှိသူတို့သည် ကျန်းမာရေးဆိုင်ရာလုပ်ငန်းဥပဒေပုဒ်မ ၁၉ (က) ပါ လိုင်စင်စည်းကမ်းများကို လိုက်နာရန် ပျက်ကွက်ခြင်းကြောင့် ၁၃-၂-၂၀၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပုဂ္ဂလိကကျန်းမာ ရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့…

Read More

အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေး ပုဂ္ဂိုလ်နှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၄) ပြည်ထောင်စုဝန် ကြီး ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာ ဗီနေးကူးမားဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့ ဇန်နဝါရီ ၁၇ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံး ဧည့်တွေ့ဆောင်၌ တွေ့ဆုံခဲ့ ကြောင်း သိရသည်။ ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ် များ၊ နှစ်နိုင်ငံအကြား ဆောင်ရွက်လျက်ရှိ သည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများ တိုးမြှင့်ဆောင်ရွက်သွားရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသများ တည် ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင် ရွက်သွားရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ နှစ် ဖက် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရ သည်။ အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီရုံးနှင့် အိန္ဒိယနိုင်ငံသံရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရ သည်။ အလားတူ ဇန်နဝါရီ ၁၆ ရက်က နေပြည် တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာဗီနေးကူးမားတို့ တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း သိရသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆက် ဆံရေး၊ စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် လူ့ စွမ်းအားအရင်းအမြစ်အပါအဝင် နှစ်ဖက်အ ကျိုးရှိမည့်ကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင် ရွက်သွားရေး၊ နှစ်နိုင်ငံအကြား ဆောင်ရွက် လျက်ရှိသည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံ ကိန်းများ တိုးမြှင့်ဆောင်ရွက်သွားရေး ဆွေး နွေးခဲ့ကြသည်။ ထို့ပြင်…

Read More

မန်ယူအသင်းမှ ပြင်သစ်တိုက်စစ်မှူး မာစီယဲလ်၏ အေးဂျင့်ဖြစ်သူက ၎င်းင်း၏ကစားသမားသည် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အသင်းမှ ထွက်ခွာမည်မဟုတ်ဟု ပြောကြားခဲ့သည်။ မာစီယဲလ်(၂၈ နှစ်)သည် မန်ယူအသင်းတွင် ၂၀၁၅ ခုနှစ်ကတည်းက ယှဉ်ပြိုင်ကစားနေသူဖြစ်ပြီး လာမည့်နွေရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံး မည်ဖြစ်သည်။ ၎င်းအနေဖြင့် ယခုနောက်ပိုင်းရာသီများတွင် အရန်ကစားသမားအဖြစ်သာ ရပ်တည်နေရသည့်အပြင် လက်ရှိအချိန်၌ ကြံ့ခိုင်မှုမပြည့်ဝ သောကြောင့် မန်ယူနည်းပြ တန်ဟက်ဂ်က အသင်းနှင့် ပူးပေါင်းလေ့ကျင့်ခွင့်မပြုဘဲ တစ်ဦးတည်း သီးသန့်လေ့ကျင့်မှုပြုလုပ်ရန် ညွှန်ကြားထားသည်။ ထို့ကြောင့် ယခုလအတွင်းမှာပင် အသင်းနှင့် လမ်းခွဲရဖွယ်ရှိကြောင်း ထင်ကြေးပေးမှုများ ထွက်ပေါ်နေသော်လည်း အေးဂျင့်ဖြစ်သူက သက်တမ်းကုန်သည်အထိ ဆက်ရှိမည်ဟု အတည်ပြုခဲ့ခြင်းဖြစ်သည်။ “ထင်ကြေးပေးနေတာတွေ က အခြေအမြစ်မရှိပါဘူး။ သူက အသင်းနဲ့အတူ မလေ့ကျင့်ရပေမဲ့ အဲရစ်တန်ဟက်ဂ်နဲ့ ဘာပြဿနာမှ မရှိပါဘူး။ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဇွန်လအထိ သူ ဆက်ရှိနေမှာပါ”ဟု မာစီယဲလ်၏ အေးဂျင့်က ဆိုခဲ့သည်။

Read More