Author: admin

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ နယ် ပုဂံမြို့ရှိ အာနန္ဒာမြတ်စွာဘုရားကြီး၏ (၉၃၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော် ကို အကျဉ်းချုံး ကျင်းပမည်ဖြစ်ကြောင်း အာနန္ဒာ ဘုရားဂေါပကအဖွဲ့ဝင် ဦးဇော်ဝင်း ချိုက ပြောကြားသည်။ အာနန္ဒာမြတ်စွာဘုရားကြီးဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို နှစ်စဉ်စည်ကားစွာ ကျင်းပ ခဲ့သော်လည်း ယခုနှစ်တွင် အာနန္ဒာမြတ်စွာ ဘုရားကြီး ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲနှင့် သပိတ်ဆွမ်း လောင်းခြင်းအစီအစဉ်နှစ်ရပ်ဖြင့် ကျင်းပ ခဲ့ကြောင်း၊ ပြာသိုလဆန်း၁၁ရက်နေ့ ဇန်နဝါရီ ၂၁ ရက်မှ ပြာသိုလပြည့် ကျော် ၁ ရက်နေ့အထိအသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲစတင်ကျင်းပမည် ဖြစ်ပြီး ၁၃၈၃ခု ပြာသိုလပြည့် နေ့ ဇန်နဝါရီလ၂၅ ရက်နေ့၌ အာနန္ဒာဘုရား ကြီးရင်ပြင်၌ဆရာတော်သံဃာအရှင်သူ မြတ် တို့အား ဆွမ်းသပိတ်လုံးများ ဆက်ကပ်လှူ ဒါန်းပူဇော်မည်ဖြစ်ကြောင်း သိရသည်။ “ဒီနှစ်လည်းအကျဉ်းချုပ် ကျင်းပသွား မယ်။ ဟိုယခင်နှစ်များလို ပွဲလမ်းသဘင်တွေ မပါတော့ဘူး။ ဆွမ်းသပိတ်လောင်လှူမယ် ပဋ္ဌာန်းရွှတ်ပူဇော်ပွဲပါမယ်။ ပြာသိုလဆန်း ၁၁ ရက် ဇန်နဝါရီလ ၂၁ ရက်ကနေ ပြာသို လပြည့် ဇန်နဝါရီလ ၂၅ ရက်နေ့အထိ ငါးရက် တိုင်တိုင်ကျင်းပမယ်။ သပိတ်ဆွမ်းလောင်း တာက အနယ်နယ်အရပ်ရပ် ပုဂံညောင်ဦး ပတ်ဝန်းကျင်က လာပြီး ဆွမ်းလောင်လှူ ကြတယ်။ မနက် ၈နာရီမှ ဆရာတော်ကြီး ဆွမ်းကပ်ပြီး လောင်လှူသွားမယ်။ ဒီနှစ်က အဲလောက်ပဲ ကျင်းပမယ်။ ဟိုတုန်းကလို ပွဲ တော်ကြီးလို ဇာတ်ပွဲတွေ ဘာတွေ နဲ့ မကျင်းပ ဖြစ်သေးဘူး။လှည်းဝိုင်းတွေက မလာတော့ ဘူး။ ပွဲတော်ကြီးကြမှ လာကြမယ်ထင်တယ်။…

Read More

အီဂျစ်လက်ရွေးစင်အသင်းခေါင်းဆောင် ဆာလာအနေဖြင့် တံကောက်ကြောဒဏ်ရာကြောင့် ပွဲစဉ်နှစ်ပွဲလွဲချော်မည်ဖြစ်ကြောင်း အီဂျစ်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုကြေညာခဲ့သည်။ အသက် ၃၁ နှစ်ရှိပြီဖြစ်သည့် တိုက်စစ်ကစားသမား ဆာလာသည် ဇန်နဝါရီ ၁၈ ရက်က ဂါနာအသင်းနှင့်ကစားသည့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ဆာလာသည် ဝဲဘက်ပေါင်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး မြက်ခင်းပေါ်လဲကျသွားပြီးနောက် ဆေးကုသမှုခံယူခဲ့ရသည်။ အီဂျစ်အသင်းဆေးအဖွဲ့က ၎င်းအနေဖြင့် ဆက်မကစားနိုင်တော့ဟု ဆုံးဖြတ်ခဲ့သောကြောင့် ပထမပိုင်းမပြီးခင် ၄၅+၂ မိနစ်တွင် လူစားလဲခဲ့ရခြင်းဖြစ်သည်။ ဆာလာ၏ ဒဏ်ရာအခြေအနေနှင့်ပတ်သက်၍ အီဂျစ်ဘောလုံးအဖွဲ့ချုပ်က “အီဂျစ်လက်ရွေးစင်အသင်းခေါင်းဆောင် မိုဟာမက်ဆာလာကို စစ်ဆေးမှုအရ ၎င်းဟာ တံကောက်ကြောဒဏ်ရာရရှိထားကြောင်း တွေ့ရှိခဲ့ပါ တယ်။ သူက အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ နောက်လာမယ့်ပွဲစဉ်နှစ်ပွဲ လွဲချော်မှာဖြစ်ပါတယ်” ဟု ထုတ်ပြန်ခဲ့သည်။ ဆာလာ၏ဒဏ်ရာသတင်းမှာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲတွင် ရုန်းကန်နေရသည့် အီဂျစ်အသင်းအတွက် ထိုးနှက်ချက် ဖြစ်စေခဲ့သည်။ အီဂျစ်အသင်းသည် အုပ်စု ပွဲစဉ် နှစ်ပွဲကစားအပြီးတွင် နိုင်ပွဲမရသေးဘဲ အဖွင့်ပွဲ၌ မိုဇမ်ဘစ်အသင်းနှင့် (၂-၂) ဂိုးစီ သရေ၊ ဒုတိယပွဲ၌ ဂါနာအသင်းနှင့် (၂-၂) ဂိုးစီ သရေကျထားသည်။ အုပ်စု (B) တွင် ကိတ်ဗာဒီအသင်းက ခြောက်မှတ်ဖြင့် ရှုံးထွက်အဆင့် တက်ရောက်သွားပြီဖြစ်ပြီး အီဂျစ် အသင်းက နှစ်မှတ်၊ မိုဇမ်ဘစ်နှင့် ဂါနာအသင်းက တစ်မှတ်စီရရှိထားသည်။ ယခုဒဏ်ရာ အခြေအနေအရ ဆာလာအနေဖြင့် ဇန်နဝါရီ ၂၂ ရက်တွင် ကိတ်ဗာဒီအသင်းနှင့်ကစားရမည့် အုပ်စုနောက်ဆုံးပွဲစဉ်အပြင် ရှုံးထွက်အဆင့်တက်ရောက်နိုင်ပါက ၁၆ သင်းအဆင့် ပွဲစဉ်ကိုပါ လွဲချော်မည်ဖြစ်ပြီး ကွာတားဖိုင်နယ်အဆင့်မှသာ ပြန်လည်ကစားနိုင်ဖွယ် ရှိနေသည်။ ဆာလာသည် ယခုပြိုင်ပွဲတွင် တစ်ဂိုးသွင်းယူပေးထားပြီး…

Read More

Netflix ၏ Emily နှင့် Lupin ဇာတ်လမ်းများကြောင့် ပါရီမြို့တော်သို့ သွားရောက်သော ခရီးသွားပိုမို များပြားလာခဲ့သည်ဟု သိရသည်။ ပါရီသို့လာရောက်သော ပြည်ပခရီးသွား ငါးဦးတွင်လေးဦးသည် ပါရီတွင် ရိုက်ကူးထားသော ရုပ်ရှင် သို့မဟုတ် ရုပ်မြင်သံကြားဇာတ်လမ်းတွဲများကို ကြည့်ရှုပြီးနောက် အလည်လာရောက်လို စိတ်ဖြစ်ပေါ်ခဲ့သည်ဟု ပြင်သစ်၏ အမျိုးသားရုပ်ရှင်အဖွဲ့အစည်းက ပြောကြားခဲ့သည်။ ယင်းသည် ၂၀၁၈ ခုနှစ်က အစောပိုင်းလေ့လာချက်တွင် လေးပုံ သုံးပုံအထိ ရှိသည်ဟု ဆိုသည်။ လူ ၁၀ ဦး၌တစ်ဦးတွင် ရုပ်ရှင်များသည် ပြင်သစ်ကိုလာရောက် လည်ပတ်ရသည့် အဓိကအကြောင်း အရင်းဖြစ်ပြီး ၎င်းတို့ထဲမှ ထက်ဝက်ခန့်သည် Netflix ၏ဇာတ်လမ်းတွဲ “Emily in Paris ”(၃၈ ရာခိုင်နှုန်း)နှင့် “Lupin ”(၁၁ရာခိုင်နှုန်း) တို့ကို ကြည့်ရှုခဲ့ပြီးနောက် လာရောက်ခြင်း ဖြစ်သည်ဟုဆိုသည်။ ယင်းသုတေသနကို စျေးကွက်သုတေသနကုမ္ပဏီ Ifopက ပြင်သစ်အမျိုးသားရုပ်ရှင်စင်တာအတွက် ရည်ရွယ်၍ ဘယ်ဂျီယံ၊ စပိန်၊အမေရိကန်၊ ဗြိတိန်၊ ဂျာမနီနှင့်တရုတ်နိုင်ငံသားတို့အကြား စစ်တမ်းကောက်ယူ ခဲ့ခြင်းဖြစ်သည်။ ရုပ်ရှင်ခရီးသွားကဏ္ဍသည် အသစ်အဆန်းတစ်ရပ်မဟုတ်သည့်အပြင် streaming ဝန်ဆောင်မှုများ၏ ကြီးထွားလာမှုနှင့်အတူ ပါရီသို့ခရီးသွားများ အကန့်အသတ်မရှိ သွားရောက်ခဲ့ကြခြင်းဖြစ်သည်ဟု CNC ၏ သုတေသနအကြီးအကဲ ဆီစီလီလာကောက ပြောကြားခဲ့သည်။ “ဒါက ခရီးသွားကဏ္ဍကိုမြှင့်တင်ပြီး မြို့ရဲ့ဂုဏ်သတင်းကျော်ဇောမှုကို တိုးမြှင့်တဲ့နေရာမှာ စိတ်ဝင်စား ဖို့ကောင်းတဲ့ နည်းလမ်းတစ်ရပ်ဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။ ပါရီမြို့တော်တွင် ပြည်ပခရီးသွားနှစ်ဦး၌ တစ်ဦးသည် Lupin ကို ကြည့်ဖူးသူများ ဖြစ်သည်ဟု သိရသည်။ ၄၄ ရာခိုင်နှုန်းမှာမူ ပါရီ၏ဇိမ်ခံ ကမ္ဘာအတွင်း…

Read More

၂၀၂၂ ခုနှစ်က လူပေါင်း ၁၆၀ နီးပါးသေဆုံးခဲ့သည့် ဟောလိုးဝင်းပါတီပွဲ လူအုပ်ပြိုမှုဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုးလ်မြို့ရဲချုပ်ဖြစ်သူကို တာဝန်ပေ့ါဆမှုဖြင့် တရားစွဲဆိုခဲ့ကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၉ ရက်က ဆိုးလ်မြို့ရှိ အထင်ကရနေရာတစ်ခုဖြစ်သော အီထယ်ဝမ် အရပ်တွင် ကပ်ရောဂါကာလအလွန် ဟောလိုးဝင်းပွဲတော် ပါတီပွဲတစ်ခုတွင် အသက် ၂၀ ကျော်နှင့် ၃၀ ကျော်အရွယ် အ များစုအပါအဝင် လူသောင်းချီ ပါဝင်ဆင်နွှဲခဲ့သည်။ သို့သော် ဘားများနှင့် နိုက်ကလပ်များကြားတွင် တည်ရှိသည့် ကျဉ်းမြောင်းသော ဆင်ခြေလျှော လမ်းကျဉ်းလေးထဲတွင် လူစုပြုံတိုးဝှေ့ရာမှ လူအုပ်ပြိုမှုဖြစ်ပွားခဲ့ပြီး လူ ၁၅၀ ကျော်သေဆုံးကာ ရာနှင့်ချီ ဒဏ်ရာရခဲ့သည်။ လူအုပ်ပြိုလဲမှု မဖြစ်ပွားမီအန္တရာယ်ရှိကြောင်း အရေးပေါ် အကြောင်းကြားမှု အများအပြား လက်ခံရရှိခဲ့သော်လည်း အဆိုပါအကြောင်းကြားမှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် မိမိတို့အနေဖြင့် လုံလောက်မှုမရှိခဲ့ဟု တောင်ကိုရီးယားရဲချုပ်ဖြစ်သူက နိုဝင်ဘာ ၁ ရက်တွင် ဝန်ခံပြောကြားခဲ့သည်။ သမ္မတယွန်းဆော့ယိုကလည်း လူရာနှင့်ချီသေဆုံးခဲ့သည့် ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ တောင်းပန်ခဲ့ပြီး တုံ့ပြန်ကိုင်တွယ်ပုံ ပေါ့လျော့မှုအတွက် တာဝန်ရှိနေသူများကို တာဝန်ခံခိုင်းမည်ဖြစ်ကြောင်းနှင့် ရဲတပ်ဖွဲ့နှင့် ဘေးကင်းလုံခြုံမှုဆိုင်ရာ စီမံခန့်ခွဲမှုစနစ်များကို ပြင်ဆင်ပြောင်းလဲသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ ဆိုးလ်မြို့တော်ရဲဌာန၏ အကြီးအကဲကင်ကွမ်ဟိုအား လူသေဆုံးဒဏ်ရာရမှုများ ဖြစ်စေခဲ့သည့် တာဝန်ပေါ့လျော့မှုဖြင့် တရားစွဲဆိုထားကြောင်း ဆိုးလ်မြို့အနောက်ပိုင်းခရိုင် အစိုးရရှေ့နေရုံးက ဇန်နဝါရီ ၁၉ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ၎င်းသည် ဆိုးလ်မြို့၏ ရဲချုပ်တစ်ဦးဖြစ်ပြီး အန္တရာယ်ဖြစ်ပေါ်နိုင်သည့် အလားအလာကို ကြိုတင်သိရှိနိုင်သော်လည်း လူအုပ်ပြိုမှုဖြစ်ပွားခဲ့သည့်နေ့၌ လုံလောက်သည့် ရဲတပ်ဖွဲ့ဝင်အင်အား ချထားခြင်းနှင့် ကောင်းမွန်သည့် စီမံခန့်ခွဲမှုများနှင့် ညွှန်ကြားမှုများဆောင်ရွက်ခြင်းကဲ့သို့…

Read More

သီရိလင်္ကာနိုင်ငံတွင်ပြုလုပ်နေသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်ရေးအတွင်း လူပေါင်း ၄၀၀၀၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့များသည် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေနိုင်ကြောင်း ကုလသမဂ္ဂ က ဝေဖန်နေသည့်တိုင် ထိုစစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်မည်ဟု သီရိလင်္ကာအာဏာပိုင်များက ပြောကြားခဲ့သည်။ ဒီဇင်ဘာလက စတင်ခဲ့သည့် အဆိုပါစစ်ဆင်ရေးအတွင်း လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် ရဲတပ်ဖွဲ့နှင့် စစ်သားများသည် အနံ့ခံခွေးများနှင့်အတူညအချိန်များတွင် လူနေအိမ်များကို ဝင်ရောက်စီးနင်းခြင်း၊ ဘတ်စ်ကားများကို ရှာဖွေခြင်း၊ မူးယစ်ဆေးဝါးများကို သိမ်းဆည်းခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများ၊ ဖြန့်ချိသူများ၊ မူးယစ်ဆေးဝါးနှင့်ဆက်နွှယ်ပြီး ဖမ်းဆီးခံခဲ့ရသူများအပါအဝင် သံသယရှိသူများကို ဖမ်းဆီးခဲ့သည်။ ထိုစစ်ဆင်ရေးအတွင်း သံသယရှိသူ ပေါင်း ၄၀၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး စစ်ဆေးမေးမြန်းခဲ့ကြောင်း၊ ဖမ်းဆီးခံရသူများအနက် ၅၀၀၀ ကို ဆက်လက်ထိန်းသိမ်းထားရန် တရားရုံးက အမိန့်ထုတ်ပြန်ခဲ့ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ ဒက်ရှ်ရှာဘန်ဒူ တန်နာကွန်းက အေပီသတင်းဌာနကို ပြောကြားခဲ့သည်။ လူဦးရေ ၂၁ သန်းနေထိုင်သည့် သီရိလင်္ကာနိုင်ငံသည် မူးယစ်ဆေးဝါးမှောင်ခိုကူးမှုအတွက် အချက်အချာနေရာတစ်ခုအဖြစ် လူသိများခဲ့ပြီး ကျောင်းသားလူငယ်များအကြား မူးယစ်ဆေးဝါးများ အသုံးပြုနေခြင်း၊ မူးယစ်ဆေးဝါးနှင့်ဆက်နွှယ်သည့် ရာဇဝတ်မှုများမြင့်တက်လာခြင်း အစရှိသည့် တိုင် ကြားချက်များကြောင်း အာဏာပိုင်များသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။ ပြီးခဲ့သည့်လအတွင်း သီရိလင်္ကာ၏ မူးယစ်ဆေးဝါး ဖြန့်ချိသည့် ကွန်ရက်၏ ၆၅ ရာ ခိုင်နှုန်းကို ဖြတ်တောက်နိုင်ခဲ့ပြီး ယခုလကုန်ပိုင်းတွင် မူးယစ်ဆေးဝါး ဖြန့်ချိသည့် ကွန်ရက်တစ်ခုလုံးကို နှိမ်နင်းရန် မျှော်လင့်ထားကြောင်း တန်နာကွန်းက ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးများတင်သွင်းနေသူများနှင့် မူးယစ်ဆေးဝါးရောင်းချနေသူများကို စိစစ်ဖော်ထုတ်သည့် ထောက်လှမ်းရေးစစ်ဆင်ရေးများကိုလည်း လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။ ပြီးခဲ့သည့်လက စတင်ခဲ့သည့် တရားမျှတမှု စစ်ဆင်ရေးဟု အဓိပ္ပာယ်ရသည့်…

Read More

ဇန်နဝါရီ ၁၉ ရက်က ဖိလစ်ပိုင်နှင့် ကနေဒါတို့သည် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာ တစ်စောင်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ယင်းသည် နှစ်နိုင်ငံ တပ်ဖွဲ့ဝင်များအကြား အပြန်အလှန် သဘောတူညီမှုတစ်ရပ်ဆီသို့ ဦးတည်စေနိုင်ကြောင်း ဖိလစ်ပိုင်ကာ ကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။ “အလှည့်ကျ တပ်ဖွဲ့ဝင်တွေထားရှိရေး သဘောတူညီချက်ရရှိတဲ့အထိ ဦးတည်စေနိုင်တဲ့ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးကို သမိုင်းမှတ်တိုင်သစ်ဖြစ်လာအောင် အခိုင်အမာကြိုးပမ်းခြင်းအားဖြင့် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာနက်ရှိုင်းစေဖို နှစ်ဖက်စလုံးက ပြင်းပြင်းပြပြ ဆန္ဒရှိနေတာကို သိရတဲ့အတွက် ဝမ်းမြောက်မိတယ်”ဟု ဖိလစ်ပိုင်ကာကွယ်ရေး ဝန်ကြီးဂီလ်ဘာတို တီယိုဒိုရိုက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ကနေဒါနှင့် ဖြစ်နိုင်ဖွယ်ရှိသော အလှည့်ကျတပ်ဖွဲ့ဝင်များထားရှိရေး သဘောတူညီချက်(VFA)ကို မည်သို့ဖော်ဆောင်သွားမည်ကို ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးက ပြောဆိုခဲ့ခြင်းမရှိပေ။ လက်ရှိတွင် ဖိလစ်ပိုင်သည် အမေရိကန်နှင့် VFA သဘောတူညီချက်ရယူထားပြီး ထောင်နှင့်ချီသည့် အမေရိကန်တပ် ဖွဲ့ဝင်များသည် စစ်ရေးလေ့ကျင့်မှုများနှင့်စစ်သင်တန်းပေးခြင်းတို့အတွက် ဖိလစ်ပိုင်တွင် အလှည့်ကျ ဝင်ထွက်သွားလာခွင့်ရှိသည်။ EDCA ဟု လူသိများသော ၂၀၁၄ ခုနှစ် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး သဘောတူညီချက်အရ ဖိလစ်ပိုင်ရှိ စုစုပေါင်း စစ်စခန်းကိုးခုကို အမေရိကန်က အသုံးပြုခွင့်ရရှိထားသည်။ ဇန်နဝါရီ ၁၉ ရက်က လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအရ စစ်ဘက်ဆိုင်ရာ ပညာရပ်၊ လေ့ကျင့်သင်ကြားမှု၊ သတင်းအချက်အလက် မျှဝေရေး၊ ငြိမ်းချမ်းမှုထိန်းသိမ်းရေးနှင့် သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးအတွက် နှစ်နိုင်ငံစစ်ဘက်နှင့်ကာ ကွယ်ရေးဆိုင်ရာအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုများ စတင်ပြုလုပ်သွားမည်ဖြစ်သည်။ တောင်တရုတ်ပင်လယ်တွင် တရုတ်က အင်အားပြမှုများ တိုးမြှင့်လုပ်ဆောင်နေစဉ် ကနေဒါက ဖိလစ်ပိုင်ကို ထောက်ခံအားပေးလျက်ရှိပြီး တောင်တရုတ်ပင်လယ်ကို ပိုင်ဆိုင်သည်ဟူသော တရုတ်၏ပြောကြားချက်ကို ပယ်ချခဲ့သည့် အနုညာတစီရင်ဆုံးဖြတ်ခြင်းဆိုင်ရာ အမြဲတမ်းခုံရုံး၏…

Read More

မလေးရှားနိုင်ငံတွင် အင်အားသုံးစီး နင်းမှုအတွင်း မြန်မာနိုင်ငံသားများအပါအဝင် ၅၆၁ ဦးဖမ်းဆီးခံရကြောင်း မလေးရှား လူ ဝင်မှုကြီးကြပ်ရေးဌာန၏သတင်းထုတ်ပြန် ချက်အရ သိရှိရသည်။ မလေးရှားနိုင်ငံ Bandar Tasik Kesuma ပြည်နယ်ရှိ နိုင်ငံခြားသားအများအပြားနေထိုင်သော Baiduri တိုက်ခန်းအား ဇန်နဝါရီ ၁၉ ရက် ညပိုင်းတွင် တာဝန်ရှိသူများ က အင်အားအများအပြားဖြင့် ဝင်ရောက်စီး နင်းကာ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။ အဆိုပါဧရိယာတွင် တရားမဝင်နေထိုင်သူ အများအပြားရှိနေ ကြောင်းတိုင်တန်းချက်အရ တာဝန်ရှိသူအင် အား ၅၀၀ ကျော်ဖြင့် ဝင်ရောက်စီးနင်းခဲ့ ကြောင်း၊၇၅၂ ဦးအားစစ်ဆေးရာ ဘင်္ဂလား ဒေ့ရှ်၊ မြန်မာ၊ နီပေါ၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ဆီရာ လီယွန်နှင့် ကင်မရွန်းနိုင်ငံသား ၅၆၁ ဦးမှာ တရားမဝင်နေထိုင်ကြောင်း စစ်ဆေးတွေ့ရှိ ရသဖြင့် ဖမ်းဆီးခဲ့ရကြောင်း သိရသည်။ စစ်ဆင်ရေးတွင်ထွက်ပြေးရန်ကြိုးစား သူများ၊အခန်းတံခါး မဖွင့်ပေးသဖြင့် တံခါး ချိုးဖျက်ရမှုများရှိခဲ့ကြောင်းတာဝန်ရှိသူများ က ဆိုသည်။ အဆိုပါဧရိယာတစ်ဝိုက်တွင် ပြည်ပနိုင်ငံသား ၈၀ ရာခိုင်နှုန်း နီးပါးရှိ ကြောင်း၊ တခြားနေထိုင်သူတွေ၊ ဒေသခံများ နှင့် အိမ်ပိုင်ရှင်များအတွက် မလုံခြုံမှုများနှင့် အဆင်မပြေမှုတွေ ဖြစ်ပေါ်နေခဲ့ကြောင်း သိရသည်။ဖ မ်းဆီးရမိသူများမှာတရားမဝင် နေထိုင်သူများဖြစ်ပြီး မလေးရှားနိုင်ငံ၏လူဝင်မှု ကြီးကြပ်ရေးဥပဒေ ၁၉၅၉/၆၃ ကို ချိုးဖောက်သည့်အတွက် ကြုငအ ဲေူငူ လူဝင် မှုကြီးကြပ်ရေးဌာနတွင် ထားရှိပြီး အရေးယူ ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Read More

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ပအိုဝ်းကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ကျောက် တန်း စံပြ ကျေးရွာတွင် ချယ်ရီပန်းပွဲတော် ဖွင့်ပွဲကို ဇန်နဝါရီ ၂၁ ရက် ညနေ ၃ နာရီတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ပွဲတော် ကျင်း ပရေးကော်မတီထံမှ သိရသည်။ ကျောက်တန်း ကျေးရွာရှိ ချယ်ရီပင် တန်းကို လာရောက် ကြည့်ရှုသူ များပြားပြီး ချယ်ရီပန်း ရောင်စုံများလှပစွာဖူးပွင့်နေသည် ကို မြင်တွေ့ရသည်။ ယခင်နှစ်က ချယ်ရီပန်း များ အစော ဖူးပွင့်ခဲ့ပြီး ယခုနှစ် ၂၀၂၄ ခုနှစ် တွင် ဖူးပွင့်သည်မှာ အနည်းငယ် နောက်ကျ နိုင်ကြောင်း ကော်မတီဝင် တစ်ဦးက ဆိုသည်။ အဆိုပါ ကျောက်တန်း ချယ်ရီပင်တန်း ကို လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော် က ပင် ကျေးရွာ သန့်ရှင်းသာယာ လှပစေရန် စိုက်ပျိုး ခဲ့ခြင်း ဖြစ်ကာ အထူးသဖြင့် ဒေသမျိုး ဖြစ် သော ချယ်ရီပန်းပင်များကို လမ်းတစ်လျှောက် စီတန်း စိုက်ပျိုးထားခြင်း ဖြစ်သည်။ နိုင်ငံခြားမျိုးများ ဖြစ်သော ရောင်စုံ မျိုး ကွဲ ချယ်ရီပန်းပင်လေးကို ထပ်မံ စိုက်ပျိုးထား ပြီးဖူးပွင့်နိုင်ရန်အချိန်ယူရဦးမည် ဖြစ်ကြောင်း သိရသည်။ ယခုလို ချယ်ရီပန်း ပွဲတော် ကျင်းပသည် မှာ လေးငါးနှစ်ခန့် ရှိပြီ ဖြစ်ကာ ယမန်နှစ်က စည်ကားစွာ စတင် ကျင်းပလာခြင်း ဖြစ် ကြောင်း၊ ရှေ့နှစ်များက…

Read More

ပေါင်မြို့နယ်ရှိ ချောင်းရိုးမြောင်းရိုးများ အတွင်း အသားစား စုပ်ခွက်ငါး အများအပြား တွေ့လာရသည့်အတွက် ငါးမျိုးရင်းများ ပျောက်ကွယ်မည်ကို ဒေသခံများ စိုးရိမ်နေကြ ရကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရသည်။ ပေါင်မြို့နယ်၊ ကျုံဟော်ကျေးရွာ အတွင်းရှိ ချောင်းရိုးများအတွင်း ပြီးခဲ့သည့် နှစ်များက စုပ်ခွက်ငါး သုံးလေးငါး ကောင်ခန့် သာတွေ့ရှိခဲ့ရသော်လည်း ယခုအခါ အကောင် ရေ ၅၀ ကျော်တွေ့ရှိကြောင်း ချောင်းရိုးများ၌ ငါးပက်သူ ဒေသခံတစ်ဦးကပြောကြားသည်။ ၎င်း“ကဆက်လက်ပြီး “ဒီငါးတွေကို တွေ့နေရတာ သုံးလေးနှစ်လောက်ရှိပြီ။ ခါ တိုင်း ဒီငါးတွေက အကောင်သေးပေမယ် အခုနောက်ပိုင်း ဖမ်းမိရင် ငါးတွေက အရင်က ထက် နှစ်ဆ၊ သုံးဆလောက်ပိုကြီးလာတဲ့ အနေအထားမျိုးတွေ့ရတယ်။ အရှည်က တစ်ပေလောက်၊ လုံးပတ်က ငါးလက်မ လောက်အကောင်တွေ တွေ့လာရတယ်” ဟု ပြောကြားသည်။ စုပ်ခွက်ငါးများမှာ အသားစားငါးအမျိုး အစားဖြစ်သည့်အပြင် သားပေါက်နှုန်းမြန် သည့် ငါးမျိုးစိတ်တစ်မျိုးဖြစ်ကြောင်း မြို့နယ် ငါးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။ ၎င်းကဆက်လက်ပြီး “စုပ်ခွက်ငါးက ငါးအချင်းချင်းပြန်စားတယ်။ သူ့ကိုတော့ ကျန်တဲ့ငါးက စားမရဘူး။ ဆူးတောင်က ရှည် ပြီး ချွန်ထက်တယ်။ အကြေးခွံက မာတဲ့အ တွက်ကြောင့်ရယ် စားမရတာပါ။ အဲ့ဒီ စုပ် ခွက် ငါးတွေရှိနေရင် ကျန်တဲ့ငါးတွေ မျိုးတုံး သွားနိုင်တဲ့ အန္တရာယ်ရှိတယ်” ဟု ပြောကြား သည်။ ထိုစုပ်ခွက်ငါးများအား ဖမ်းဆီးမိသော် လည်း ချက်စားရန် မဝံ့ရဲကြသည့်အတွက် ချောင်းမြောင်းအတွင်း…

Read More

ဆော်ဒီကလပ် အယ်လ်အစ်တီဖာ အသင်းနည်းပြ စတီဗင်ဂျရတ်သည် ၂၀၂၇ ခုနှစ်အထိရှိနေမည့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သိရသည်။ အသက် ၄၃ နှစ်ရှိပြီဖြစ်သည့် ရိန်းဂျားစ် နှင့် ဗီလာအသင်းနည်းပြဟောင်း ဂျရတ်သည် ပြီးခဲ့သည့်နှစ် ဇူလိုင်တွင် အယ်လ်အစ်တီဖာ အသင်းနည်းပြအဖြစ် နှစ်နှစ်စာချုပ်ဖြင့် ခန့် အပ်ခံခဲ့ရပြီး ခုနစ်လအကြာမှာပင် စာချုပ်သစ် ထပ်မံချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ အယ်လ်အစ်တီဖာအသင်းအနေဖြင့် ဆော်ဒီပရိုလိဂ် ပြိုင်ပွဲတွင် ၁၉ ပွဲကစား၊ ခြောက်ပွဲနိုင်၊ ခုနစ်ပွဲ သရေ၊ ခြောက်ပွဲရှုံး၊ ရမှတ် ၂၅ မှတ်ဖြင့် အဆင့် ၈ နေရာ ရောက်ရှိနေသော်လည်း နည်းပြဖြစ်သူ ဂျရတ်ကို နှစ်နှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ “ကျွန်တော်ကိုယ်တိုင်နဲ့ မိသားစုအတွက် အရမ်းဝမ်းသာပါတယ်။ ဒါက ပေးဆပ်မှုနဲ့ အလုပ်ကြိုးစားမှုအတွက် အသိအမှတ်ပြုမှုလို့လည်း ခံစားရပါတယ်။ ဒီအလုပ်က စိန်ခေါ်မှုရှိတဲ့အလုပ်တစ်ခုဆိုတာ အစကတည်းက ကျွန်တော်တို့သိပါတယ်။ ကျွန်တော်တို့ အနေနဲ့ ကွင်းသစ်တည်ဆောက်သလို၊ လေ့ကျင့်ရေးကွင်းသစ် တည်ဆောက်သလိုမျိုး အခြေခံအဆောက်အအုံသစ်တွေ တည်ဆောက်ခဲ့ရတယ်။ ဒါပေမဲ့ အောင်မြင်မှုတွေ အများကြီးရခဲ့ပါတယ်။ အဲဒါက ကျွန်တော်နဲ့ အထက်က စီမံခန့်ခွဲမှုအဖွဲ့ရဲ့ ဆက်ဆံရေးဖြစ်ပြီး ပိုတိုးတက်လာသလို အားလည်းကောင်းလာတယ်။ အနာဂတ်အတွက် ကျွန်တော် တကယ်ကို မျှော်လင့်ထားပါတယ်” ဟု ဂျရတ် က ပြောကြားခဲ့သည်။

Read More