Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Tuesday, June 3
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Soccer 0 Views

တံကောက်ကြောဒဏ်ရာကြောင့် အီဂျစ်အသင်း၏ ပွဲစဉ်နှစ်ပွဲကို ဆာလာ လွဲချော်မည်ဖြစ်ကြောင်း အီဂျစ်ဘောလုံးအဖွဲ့ချုပ် အတည်ပြု

January 21, 20241 Min Read
Share
Facebook Twitter

အီဂျစ်လက်ရွေးစင်အသင်းခေါင်းဆောင် ဆာလာအနေဖြင့် တံကောက်ကြောဒဏ်ရာကြောင့် ပွဲစဉ်နှစ်ပွဲလွဲချော်မည်ဖြစ်ကြောင်း အီဂျစ်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုကြေညာခဲ့သည်။

အသက် ၃၁ နှစ်ရှိပြီဖြစ်သည့် တိုက်စစ်ကစားသမား ဆာလာသည် ဇန်နဝါရီ ၁၈ ရက်က ဂါနာအသင်းနှင့်ကစားသည့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ဆာလာသည် ဝဲဘက်ပေါင်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး မြက်ခင်းပေါ်လဲကျသွားပြီးနောက် ဆေးကုသမှုခံယူခဲ့ရသည်။ အီဂျစ်အသင်းဆေးအဖွဲ့က ၎င်းအနေဖြင့် ဆက်မကစားနိုင်တော့ဟု ဆုံးဖြတ်ခဲ့သောကြောင့် ပထမပိုင်းမပြီးခင် ၄၅+၂ မိနစ်တွင် လူစားလဲခဲ့ရခြင်းဖြစ်သည်။

ဆာလာ၏ ဒဏ်ရာအခြေအနေနှင့်ပတ်သက်၍ အီဂျစ်ဘောလုံးအဖွဲ့ချုပ်က “အီဂျစ်လက်ရွေးစင်အသင်းခေါင်းဆောင် မိုဟာမက်ဆာလာကို စစ်ဆေးမှုအရ ၎င်းဟာ တံကောက်ကြောဒဏ်ရာရရှိထားကြောင်း တွေ့ရှိခဲ့ပါ တယ်။ သူက အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ နောက်လာမယ့်ပွဲစဉ်နှစ်ပွဲ လွဲချော်မှာဖြစ်ပါတယ်” ဟု ထုတ်ပြန်ခဲ့သည်။

ဆာလာ၏ဒဏ်ရာသတင်းမှာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲတွင် ရုန်းကန်နေရသည့် အီဂျစ်အသင်းအတွက် ထိုးနှက်ချက် ဖြစ်စေခဲ့သည်။ အီဂျစ်အသင်းသည် အုပ်စု ပွဲစဉ် နှစ်ပွဲကစားအပြီးတွင် နိုင်ပွဲမရသေးဘဲ အဖွင့်ပွဲ၌ မိုဇမ်ဘစ်အသင်းနှင့် (၂-၂) ဂိုးစီ သရေ၊ ဒုတိယပွဲ၌ ဂါနာအသင်းနှင့် (၂-၂) ဂိုးစီ သရေကျထားသည်။ အုပ်စု (B) တွင် ကိတ်ဗာဒီအသင်းက ခြောက်မှတ်ဖြင့် ရှုံးထွက်အဆင့် တက်ရောက်သွားပြီဖြစ်ပြီး အီဂျစ် အသင်းက နှစ်မှတ်၊ မိုဇမ်ဘစ်နှင့် ဂါနာအသင်းက တစ်မှတ်စီရရှိထားသည်။

ယခုဒဏ်ရာ အခြေအနေအရ ဆာလာအနေဖြင့် ဇန်နဝါရီ ၂၂ ရက်တွင် ကိတ်ဗာဒီအသင်းနှင့်ကစားရမည့် အုပ်စုနောက်ဆုံးပွဲစဉ်အပြင် ရှုံးထွက်အဆင့်တက်ရောက်နိုင်ပါက ၁၆ သင်းအဆင့် ပွဲစဉ်ကိုပါ လွဲချော်မည်ဖြစ်ပြီး ကွာတားဖိုင်နယ်အဆင့်မှသာ ပြန်လည်ကစားနိုင်ဖွယ် ရှိနေသည်။

ဆာလာသည် ယခုပြိုင်ပွဲတွင် တစ်ဂိုးသွင်းယူပေးထားပြီး မိုဇမ်ဘစ်အသင်း နှင့်ပွဲ၌ ၉၀+၇ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် ချေပဂိုးသွင်းယူပေးခဲ့ခြင်းဖြစ်သည်။ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲတွင် အုပ်စုပထမ၊ ဒုတိယအသင်းများနှင့် အုပ်စု တတိယအသင်းများအနက် အကောင်းဆုံးလေးသင်းမှာ ၁၆ သင်းအဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous ArticleNetflix ၏ Emily နှင့် Lupin ဇာတ်လမ်းများကြောင့် ပါရီမြို့တော်သို့ သွားရောက်လည်ပတ်သော ခရီးသွား ပိုမိုများပြား
Next Article ပုဂံမြို့၏ ယခင်က ပြာသိုပွဲဟု လူသိများသော အာနန္ဒာမြတ်စွာဘုရားကြီး၏ (၉၃၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည်
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.