Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Sunday, June 8
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Entertainment 0 Views

Netflix ၏ Emily နှင့် Lupin ဇာတ်လမ်းများကြောင့် ပါရီမြို့တော်သို့ သွားရောက်လည်ပတ်သော ခရီးသွား ပိုမိုများပြား

January 21, 20241 Min Read
Share
Facebook Twitter

Netflix ၏ Emily နှင့် Lupin ဇာတ်လမ်းများကြောင့် ပါရီမြို့တော်သို့ သွားရောက်သော ခရီးသွားပိုမို များပြားလာခဲ့သည်ဟု သိရသည်။

ပါရီသို့လာရောက်သော ပြည်ပခရီးသွား ငါးဦးတွင်လေးဦးသည် ပါရီတွင် ရိုက်ကူးထားသော ရုပ်ရှင် သို့မဟုတ် ရုပ်မြင်သံကြားဇာတ်လမ်းတွဲများကို ကြည့်ရှုပြီးနောက် အလည်လာရောက်လို စိတ်ဖြစ်ပေါ်ခဲ့သည်ဟု ပြင်သစ်၏ အမျိုးသားရုပ်ရှင်အဖွဲ့အစည်းက ပြောကြားခဲ့သည်။

ယင်းသည် ၂၀၁၈ ခုနှစ်က အစောပိုင်းလေ့လာချက်တွင် လေးပုံ သုံးပုံအထိ ရှိသည်ဟု ဆိုသည်။

လူ ၁၀ ဦး၌တစ်ဦးတွင် ရုပ်ရှင်များသည် ပြင်သစ်ကိုလာရောက် လည်ပတ်ရသည့် အဓိကအကြောင်း အရင်းဖြစ်ပြီး ၎င်းတို့ထဲမှ ထက်ဝက်ခန့်သည် Netflix ၏ဇာတ်လမ်းတွဲ “Emily in Paris ”(၃၈ ရာခိုင်နှုန်း)နှင့် “Lupin ”(၁၁ရာခိုင်နှုန်း) တို့ကို ကြည့်ရှုခဲ့ပြီးနောက် လာရောက်ခြင်း ဖြစ်သည်ဟုဆိုသည်။

ယင်းသုတေသနကို စျေးကွက်သုတေသနကုမ္ပဏီ Ifopက ပြင်သစ်အမျိုးသားရုပ်ရှင်စင်တာအတွက် ရည်ရွယ်၍ ဘယ်ဂျီယံ၊ စပိန်၊အမေရိကန်၊ ဗြိတိန်၊ ဂျာမနီနှင့်တရုတ်နိုင်ငံသားတို့အကြား စစ်တမ်းကောက်ယူ ခဲ့ခြင်းဖြစ်သည်။

ရုပ်ရှင်ခရီးသွားကဏ္ဍသည် အသစ်အဆန်းတစ်ရပ်မဟုတ်သည့်အပြင် streaming ဝန်ဆောင်မှုများ၏ ကြီးထွားလာမှုနှင့်အတူ ပါရီသို့ခရီးသွားများ အကန့်အသတ်မရှိ သွားရောက်ခဲ့ကြခြင်းဖြစ်သည်ဟု CNC ၏ သုတေသနအကြီးအကဲ ဆီစီလီလာကောက ပြောကြားခဲ့သည်။

“ဒါက ခရီးသွားကဏ္ဍကိုမြှင့်တင်ပြီး မြို့ရဲ့ဂုဏ်သတင်းကျော်ဇောမှုကို တိုးမြှင့်တဲ့နေရာမှာ စိတ်ဝင်စား ဖို့ကောင်းတဲ့ နည်းလမ်းတစ်ရပ်ဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

ပါရီမြို့တော်တွင် ပြည်ပခရီးသွားနှစ်ဦး၌ တစ်ဦးသည် Lupin ကို ကြည့်ဖူးသူများ ဖြစ်သည်ဟု သိရသည်။ ၄၄ ရာခိုင်နှုန်းမှာမူ ပါရီ၏ဇိမ်ခံ ကမ္ဘာအတွင်း လမ်းပျောက်နေသော ငယ်ရွယ်သည့်အမေရိကန်အ မျိုးသမီးအကြောင်း ရိုက်ကူးထားသော Emily in Paris ”ကို ကြည့်ခဲ့ဖူးသည်ဟု ဆိုသည်။

Netflix က ထုတ်လုပ်သည့် ယင်းဇာတ်လမ်းတွဲနှစ်ခုသည် “Versailles”၊“Marie-Antoinette” နှင့်“ Dix pour Cent ”ကဲ့သို့ ပြင်သစ်ဇာတ်လမ်းတွဲစစ်စစ်များထက် ပိုမိုကျယ်ပြန့်စွာ ရေပန်းစားခဲ့သည်။

၈၆ ရာခိုင်နှုန်းသည် ပြင်သစ်ရုပ်ရှင် သို့မဟုတ် ဇာတ်လမ်းတွဲအချို့ကို ကြည့်ခဲ့ဖူးသူများဖြစ်ပြီး ၂၀၁၈ ခုနှစ်က ၈၁ ရာခိုင်နှုန်းအထိ ရှိခဲ့သည်ဟု လာကောက ဆိုသည်။

ခရီးသွားများ၏ ၄၁ ရာခိုင်နှုန်းသည် ပြင်သစ်ဟာသရုပ်ရှင့် “ The Intouchables ”ကို ကြည့်ရှုခဲ့ဖူးပြီး ၃၇ ရာခိုင်နှုန်းသည် “Amelie” ကို ကြည့်ရှုခဲ့ဖူးသည်ဟု ဆိုသည်။

သို့သော် ခရီးသွားအများအပြားသည် ပါရီတွင် ရိုက်ကူးခဲ့သော အမေရိကန်နာမည်ကျော်ရုပ်ရှင်များ ဖြစ်သည့်“ Di Vinci Code” ၊“Mission Impossible Fallout” သို့မဟုတ် “ The Devil Wears Prada” တို့ကို ကြည့်ရှုခဲ့ဖူးသည်ဟု ဆိုသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleလူရာနှင့်ချီ သေဆုံးခဲ့သည့် ဟောလိုးဝင်းပါတီပွဲ လူအုပ်ပြိုမှုဖြစ်စဉ်အတွက် ဆိုးလ်မြို့ရဲချုပ်ကို တာဝန်ပေါ့လျော့မှုဖြင့် တရားစွဲဆို
Next Article တံကောက်ကြောဒဏ်ရာကြောင့် အီဂျစ်အသင်း၏ ပွဲစဉ်နှစ်ပွဲကို ဆာလာ လွဲချော်မည်ဖြစ်ကြောင်း အီဂျစ်ဘောလုံးအဖွဲ့ချုပ် အတည်ပြု
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.