ရှမ်းပြည်နယ်တောင်ပိုင်း ၊ ပအိုဝ်းကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ကျောက် တန်း စံပြ ကျေးရွာတွင် ချယ်ရီပန်းပွဲတော် ဖွင့်ပွဲကို ဇန်နဝါရီ ၂၁ ရက် ညနေ ၃ နာရီတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ပွဲတော် ကျင်း ပရေးကော်မတီထံမှ သိရသည်။
ကျောက်တန်း ကျေးရွာရှိ ချယ်ရီပင် တန်းကို လာရောက် ကြည့်ရှုသူ များပြားပြီး ချယ်ရီပန်း ရောင်စုံများလှပစွာဖူးပွင့်နေသည် ကို မြင်တွေ့ရသည်။ ယခင်နှစ်က ချယ်ရီပန်း များ အစော ဖူးပွင့်ခဲ့ပြီး ယခုနှစ် ၂၀၂၄ ခုနှစ် တွင် ဖူးပွင့်သည်မှာ အနည်းငယ် နောက်ကျ နိုင်ကြောင်း ကော်မတီဝင် တစ်ဦးက ဆိုသည်။
အဆိုပါ ကျောက်တန်း ချယ်ရီပင်တန်း ကို လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော် က ပင် ကျေးရွာ သန့်ရှင်းသာယာ လှပစေရန် စိုက်ပျိုး ခဲ့ခြင်း ဖြစ်ကာ အထူးသဖြင့် ဒေသမျိုး ဖြစ် သော ချယ်ရီပန်းပင်များကို လမ်းတစ်လျှောက် စီတန်း စိုက်ပျိုးထားခြင်း ဖြစ်သည်။
နိုင်ငံခြားမျိုးများ ဖြစ်သော ရောင်စုံ မျိုး ကွဲ ချယ်ရီပန်းပင်လေးကို ထပ်မံ စိုက်ပျိုးထား ပြီးဖူးပွင့်နိုင်ရန်အချိန်ယူရဦးမည် ဖြစ်ကြောင်း သိရသည်။
ယခုလို ချယ်ရီပန်း ပွဲတော် ကျင်းပသည် မှာ လေးငါးနှစ်ခန့် ရှိပြီ ဖြစ်ကာ ယမန်နှစ်က စည်ကားစွာ စတင် ကျင်းပလာခြင်း ဖြစ် ကြောင်း၊ ရှေ့နှစ်များက ကိုဗစ် ကပ်ရောဂါ အခြေအနေကြောင့် အကျဉ်းရုံးသာ ပြုလုပ်ရ ကြောင်း သိရသည်။
ကျောက်တန်းဘောလုံးပွဲကိုလည်း ဇန်န ၀ါရီလ အစောပိုင်းမှ စတင်၍ ပြိုင်ပွဲ ကျင်းပ နေပြီး ကျောက်တန်း ကျေးရွာအုပ်စု တွင်းရှိ ကျေးရွာများမှ အသင်းပေါင်း ၃ဝကျော် ယှဉ် ပြိုင်ကစားကြခြင်း ဖြစ်ကာ ဇန်နဝါရီ၂၁ ရက် ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ချယ်ရီပင်ဖွင့်ပွဲ နှင့် ပူးတွဲ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲကျင်း ပရေးကော်မတီဝင် တစ်ဦးက ဆိုသည်။
ချယ်ရီပန်းပွဲတော် လာရောက်သော ဧည့်ပရိသတ်များ အနေဖြင့် ချယ်ရီပန်းပွင့် များ မခူးရန် ၊ ချယ်ရီပန်း အကိုင်းများ မချိုး ကြပါရန် အသိပေး တိုက်တွန်းထားသည်။