မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ နယ် ပုဂံမြို့ရှိ အာနန္ဒာမြတ်စွာဘုရားကြီး၏ (၉၃၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော် ကို အကျဉ်းချုံး ကျင်းပမည်ဖြစ်ကြောင်း အာနန္ဒာ ဘုရားဂေါပကအဖွဲ့ဝင် ဦးဇော်ဝင်း ချိုက ပြောကြားသည်။
အာနန္ဒာမြတ်စွာဘုရားကြီးဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို နှစ်စဉ်စည်ကားစွာ ကျင်းပ ခဲ့သော်လည်း ယခုနှစ်တွင် အာနန္ဒာမြတ်စွာ ဘုရားကြီး ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲနှင့် သပိတ်ဆွမ်း လောင်းခြင်းအစီအစဉ်နှစ်ရပ်ဖြင့် ကျင်းပ ခဲ့ကြောင်း၊ ပြာသိုလဆန်း၁၁ရက်နေ့ ဇန်နဝါရီ ၂၁ ရက်မှ ပြာသိုလပြည့် ကျော် ၁ ရက်နေ့အထိအသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲစတင်ကျင်းပမည် ဖြစ်ပြီး ၁၃၈၃ခု ပြာသိုလပြည့် နေ့ ဇန်နဝါရီလ၂၅ ရက်နေ့၌ အာနန္ဒာဘုရား ကြီးရင်ပြင်၌ဆရာတော်သံဃာအရှင်သူ မြတ် တို့အား ဆွမ်းသပိတ်လုံးများ ဆက်ကပ်လှူ ဒါန်းပူဇော်မည်ဖြစ်ကြောင်း သိရသည်။
“ဒီနှစ်လည်းအကျဉ်းချုပ် ကျင်းပသွား မယ်။ ဟိုယခင်နှစ်များလို ပွဲလမ်းသဘင်တွေ မပါတော့ဘူး။ ဆွမ်းသပိတ်လောင်လှူမယ် ပဋ္ဌာန်းရွှတ်ပူဇော်ပွဲပါမယ်။ ပြာသိုလဆန်း ၁၁ ရက် ဇန်နဝါရီလ ၂၁ ရက်ကနေ ပြာသို လပြည့် ဇန်နဝါရီလ ၂၅ ရက်နေ့အထိ ငါးရက် တိုင်တိုင်ကျင်းပမယ်။ သပိတ်ဆွမ်းလောင်း တာက အနယ်နယ်အရပ်ရပ် ပုဂံညောင်ဦး ပတ်ဝန်းကျင်က လာပြီး ဆွမ်းလောင်လှူ ကြတယ်။ မနက် ၈နာရီမှ ဆရာတော်ကြီး ဆွမ်းကပ်ပြီး လောင်လှူသွားမယ်။ ဒီနှစ်က အဲလောက်ပဲ ကျင်းပမယ်။ ဟိုတုန်းကလို ပွဲ တော်ကြီးလို ဇာတ်ပွဲတွေ ဘာတွေ နဲ့ မကျင်းပ ဖြစ်သေးဘူး။လှည်းဝိုင်းတွေက မလာတော့ ဘူး။ ပွဲတော်ကြီးကြမှ လာကြမယ်ထင်တယ်။ ဒီမှာက သူတို့က တစ်ပတ်လောက် မိသားစု လိုက် လာနေကြတာ အခုကြ ဆွမ်းလောင်း ဆိုတော့ မလာကြတော့ဘူး။ ကားတွေဘာ တွေ နဲ့တော့ လာကြမှာပါ ”ဟုအာနန္ဒာ ဘုရား ဂေါပကအဖွဲ့ဝင် ဦးဇော်ဝင်းချိုက ပြောကြား သည်။
ယခုနှစ် အာနန္ဒာမြတ်စွာဘုရားကြီးဗုဒ္ဓ ပူဇနိယဘုရားပွဲတော်၏ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲကို ပြာသိုလဆန်း ၁၁ ရက်မှ လပြည့် နေ့အထိ ငါးရက်သာကျင်းပမည်ဖြစ်ကြောင်း နှင့် ပြာသိုလပြည့်နေ့တွင် ဆွမ်းသပိတ်လောင်း လှူခြင်းအခမ်းအနားကို ကျင်းပရာ ဌာနဆိုင် ရာများမှ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင် များ၊ စေတနာရှင်အလှူရှင်များ တက်ရောက် ကြမည်ဖြစ်ကြာင်း သိရသည်။
ယခင်နှစ်များက ပုဂံရှေးဟောင်း ယဉ် ကျေးမှုနယ်မြေတွင် နှစ်စဉ် မြန်မာ့ရိုးရာ ထုံး တမ်းအစဉ်အလာမပျက် ဘုရားပွဲတော်များ ကျင်းပလျက်ရှိရာတွင် ပြာသိုပွဲခေါ် အာနန္ဒာ ဘုရားပွဲတော်သည် ပွဲတော်ရက် အရှည်ကြာ ဆုံးနှင့် အစည်ကားဆုံးပွဲတော်ဖြစ်သည်။
အာနန္ဒာဘုရားသည် ပုဂံခေတ်ကျန် စစ်သားမင်း တည်ထားကောင်းမှုပြုခဲ့သော ဘုရားတစ်ဆူဖြစ်ပြီး အနုပညာလက်ရာ အများဆုံးဘုရားတစ်ဆူအဖြစ် ထင်ရှားသည်။