မလေးရှားနိုင်ငံတွင် အင်အားသုံးစီး နင်းမှုအတွင်း မြန်မာနိုင်ငံသားများအပါအဝင် ၅၆၁ ဦးဖမ်းဆီးခံရကြောင်း မလေးရှား လူ ဝင်မှုကြီးကြပ်ရေးဌာန၏သတင်းထုတ်ပြန် ချက်အရ သိရှိရသည်။
မလေးရှားနိုင်ငံ Bandar Tasik Kesuma ပြည်နယ်ရှိ နိုင်ငံခြားသားအများအပြားနေထိုင်သော Baiduri တိုက်ခန်းအား ဇန်နဝါရီ ၁၉ ရက် ညပိုင်းတွင် တာဝန်ရှိသူများ က အင်အားအများအပြားဖြင့် ဝင်ရောက်စီး နင်းကာ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။ အဆိုပါဧရိယာတွင် တရားမဝင်နေထိုင်သူ အများအပြားရှိနေ ကြောင်းတိုင်တန်းချက်အရ တာဝန်ရှိသူအင် အား ၅၀၀ ကျော်ဖြင့် ဝင်ရောက်စီးနင်းခဲ့ ကြောင်း၊၇၅၂ ဦးအားစစ်ဆေးရာ ဘင်္ဂလား ဒေ့ရှ်၊ မြန်မာ၊ နီပေါ၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ဆီရာ လီယွန်နှင့် ကင်မရွန်းနိုင်ငံသား ၅၆၁ ဦးမှာ တရားမဝင်နေထိုင်ကြောင်း စစ်ဆေးတွေ့ရှိ ရသဖြင့် ဖမ်းဆီးခဲ့ရကြောင်း သိရသည်။
စစ်ဆင်ရေးတွင်ထွက်ပြေးရန်ကြိုးစား သူများ၊အခန်းတံခါး မဖွင့်ပေးသဖြင့် တံခါး ချိုးဖျက်ရမှုများရှိခဲ့ကြောင်းတာဝန်ရှိသူများ က ဆိုသည်။ အဆိုပါဧရိယာတစ်ဝိုက်တွင် ပြည်ပနိုင်ငံသား ၈၀ ရာခိုင်နှုန်း နီးပါးရှိ ကြောင်း၊ တခြားနေထိုင်သူတွေ၊ ဒေသခံများ နှင့် အိမ်ပိုင်ရှင်များအတွက် မလုံခြုံမှုများနှင့် အဆင်မပြေမှုတွေ ဖြစ်ပေါ်နေခဲ့ကြောင်း သိရသည်။ဖ မ်းဆီးရမိသူများမှာတရားမဝင် နေထိုင်သူများဖြစ်ပြီး မလေးရှားနိုင်ငံ၏လူဝင်မှု ကြီးကြပ်ရေးဥပဒေ ၁၉၅၉/၆၃ ကို ချိုးဖောက်သည့်အတွက် ကြုငအ ဲေူငူ လူဝင် မှုကြီးကြပ်ရေးဌာနတွင် ထားရှိပြီး အရေးယူ ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။