Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်မြို့နယ် ကမ္ဘာအေးဘုရားလမ်းတွင် ယာဉ်တစ်စီးတိမ်းမှောက်ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရသည်။ ဇန်နဝါရီ ၁၅ ရက် နံနက် ၈ နာရီ ၁၉ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းတွင် ယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်က ရရှိခဲ့ကြောင်း သိရသည်။ ထိုသို့ သတင်းရရှိသဖြင့် ရှာဖွေကယ်ဆယ်ရေးယာဉ်တစ်စီး၊ သူနာတင်ယာဉ်တစ်စီး၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ မတော်တဆမှုဖြစ်ပွားသည့် ယာဉ်မှာ ပက်လက်လှန်အနေအထားဖြင့် တိမ်းမှာက်ခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ ကရိန်းအသုံးပြုကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
UFC တွင်ထိုးသတ်နေသည့် မြန်မာ MMA ဖိုက်တာ ဂျိုရှူအာဗန်က ၂၀၂၄ ခုနှစ်တွင် လေးပွဲမှ ခြောက်ပွဲအထိ ထိုးသတ်လိုကြောင်း ဘရာဇီးနိုင်ငံသား ဖိလစ်ပီဘူနက်စ်အား အနိုင်ရအပြီးတွင် ပြောကြားခဲ့သည်။ မြန်မာ MMA ဖိုက်တာ ဂျိုရှူအာဗန်သည် ဇန်နဝါရီ ၁၄ ရက်က အမေရိကန်နိုင်ငံ၊ လက်စ်ဗေးဂတ်စ်မြိုတွင် ကျင်းပပြုလုပ်ခဲ့သည့် UFC Fight Night ပြိုင်ပွဲတွင် ပြိုင်ဘက် ဘရာဇီးနိုင်ငံသား ဖိလစ်ပီဘူနက်စ်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ဒုတိယအချီတွင် အလဲထိုးဖြင့်အနိုင်ရခဲ့သည်။ ဂျိုရှူအာဗန်သည် ယင်းကဲ့သို့ အနိုင်ရအပြီး သံဇကာစင်မြင့်တွင်ပြုလုပ်သည့် အင်တာဗျူး၌ ၂၀၂၄ ခုနှစ်အတွင်း လေးပွဲမှ ခြောက်ပွဲအထိ ထိုးသတ်လိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ ဂျိုရှူအာဗန်က ”ကျွန်တော် ပွဲတွေ အများကြီးထိုးချင်ပါတယ်၊ ဒီနှစ်ထဲမှာ အနည်းဆုံး လေးပွဲကနေ ခြောက်ပွဲအထိ ထိုးသတ်ချင်ပါတယ်။ ဒန်နာဝှိုက်အနေနဲ့ ကျေးဇူးပြုပြီး ကျွန်တော့်ကို ထိုးသတ်ဖို့ အခွင့်အရေးပေးပါလို့ တောင်းဆိုချင်ပါတယ်။ ဖြစ်နိုင်ရင် နောက်တစ်ပတ်ထဲမှာတောင် ကျွန်တော် ပွဲထိုးချင်ပါတယ်”ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဂျိုရှူအာဗန်သည် ၎င်း၏ Facebook လူမှုကွန်ရက်မှနေ၍ ”ဒီနိုင်ပွဲအတွက် ဘုရားသခင် ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ဒီနိုင်ပွဲက ကျွန်တော့်ရဲ့ အောင်မြင်မှု ပန်းတိုင်ရည်မှန်းချက်အတွက် တိုက်ပွဲတစ်ခုပါ။ ကျွန်တော့်ကို ကူညီပေးခဲ့ကြတဲ့ အသင်းဖော်တွေကို ကျေးဇူးတင်ပါတယ်။ သူတို့မရှိဘဲ အခုလို အောင်မြင်မှုတွေ ရလာမှာ မဟုတ်ပါဘူး”ဟု ပြောကြားခဲ့သည်။ ဂျိုရှူအာဗန်သည် ၂၀၂၁ ခုနှစ်တွင် ပရော်ဖက်ရှင်နယ် MMA ဖိုက်တာအဖြစ် ရပ်တည်ခဲ့ပြီး ၁၁ ပွဲထိုးသတ်ထားရာ ၁၀…
မန်စီးတီးကွင်းလယ်လူ ရိုဒရီသည် ၎င်းင်းပါဝင်ကစားသည့်ပွဲများ၌ ရှုံးပွဲမရှိသည့်စံချိန်မှာ ပွဲ(၅၀)အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။ မန်စီးတီးအသင်းသည် ယခုရာသီ၌ ပြိုင်ပွဲစုံ(၃၂)ပွဲ ယှဉ်ပြိုင်ကစားရာတွင် (၄)ပွဲရှုံးနိမ့်ထားသော်လည်း အဆိုပါပွဲများ၌ ရိုဒရီ ပါဝင်ခြင်းမရှိခဲ့ပေ။ မန်စီးတီးအသင်းသည် လိဂ်ဖလား၌ နယူးကာဆယ်၊ ပရီးမီးယားလိဂ်၌ ဝုလ်ဗ်၊ အာဆင်နယ်နှင့် အက်စတွန်ဗီလာတို့ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ရိုဒရီ ပါဝင်သည့်ပွဲ၌ မန်စီးတီးအသင်း ရှုံးနိမ့်ခဲ့သည့် နောက်ဆုံးပွဲစဉ်မှာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် စပါးအသင်းကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ထို့ ကြောင့် ရိုဒရီအနေဖြင့် ရှုံးပွဲမရှိသည့်ကာလ တစ်နှစ်ပြည့်တော့မည်ဖြစ်ကြောင်းလည်း သိရသည်။
မန်ယူအသင်း၏ နည်းပြဟောင်း ရန်းနစ်က ၎င်းကိုင်တွယ်ခဲ့စဉ်ကာလအတွင်း တောင်ပံကစားသမား ဆန်ချိုနှင့် မည်သည့်ပြဿနာမျှမရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ဆန်ချို(၂၃ နှစ်)သည် မန်ယူအသင်း၏ လက်ရှိနည်းပြ တန်ဟက်ဂ်နှင့် ပြဿ နာဖြစ်ပွားခဲ့သည့်အတွက် ဒေါ့မွန်အသင်းထံ ရာသီကုန်အထိ အငှားဖြင့် ပြန်လည်ပြောင်းရွှေ့ခဲ့သည်။ ထို့နောက် ပထမဆုံးပွဲတွင်ပင် ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် တန်ဟက်ဂ်အပေါ် ဝေဖန်မှုများလည်း မြင့်တက်နေသည်။ ယင်းအခြေအနေတွင် ရန်းနစ်က ”သူနဲ့ ဆုံတွေ့ခဲ့တဲ့ (၆)လအတွင်း ဘာပြဿနာမှ မရှိခဲ့ပါဘူး။ သူက တည်ငြိမ်ပြီး နှစ်လိုဖွယ်ကောင်းပါတယ်။ ဒေါ့မွန်မှာ သူအောင်မြင်ပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။
ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကို တောင်ကလေးမြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၁၂၊ ၁၃၊ ၁၄ ရက်များက ကျင်းပပြုလုပ်ခဲ့သည်။ ယင်းပြိုင်ပွဲတွင် ပထမတန်း ရိုးရာလက်ဝှေ့ကျော်များ၏ တွဲဆိုင်းများ ထည့်သွင်းကျင်းပခဲ့ပြီး သျှူးခလိန်းမင်းနှင့် စောမင်းအောင်၊ ရန်နိုင်ထွန်းနှင့် တောက်ရှား၊ နေထူးထူးနှင့် သွေးသစ်အောင်တို့ အရှုံးအနိုင်မပေါ်ဘဲသရေကျခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲ၏ ပထမဆုံးနေ့ဖြစ်သည့် ဇန်နဝါရီ ၁၂ ရက်တွင် တွဲဆိုင်း ၁၁ ဆိုင်း ထည့်သွင်းကျင်းပခဲ့ပြီး လေးချီစိန်ခေါ်ပွဲများတွင် ဒေါနကျော်ကျော်နှင့် အောင်ကောင်းမှာ အရှုံးအနိုင်မပေါ်ဘဲသရေ၊ ကျောက်ရိုင်းနှင့် မိုးမြင့်အောင်မှာ အရှုံးအနိုင်မပေါ်ဘဲသရေ၊ နေရိုင်းနှင့် စိုးမင်းထက်မှာ အရှုံးအနိုင်မပေါ်ဘဲသရေ၊ ငါးချီစိန်ခေါ်ပွဲများတွင် အောင်နေထူးနှင့် မင်းထက်ကျော်မှာ အရှုံးအနိုင်မပေါ်ဘဲသရေ၊ ယင်းနေ့၏ အဓိကတွဲဆိုင်းဖြစ်သည့် နေထူးထူးနှင့် သွေးသစ်အောင်တို့မှာ ယခင်ဆုံခဲ့ဖူးသည့်သူများပီပီ အကြိတ်အနယ်ရှိခဲ့ပြီး ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့သော်လည်း အရှုံးအနိုင်မပေါ်ဘဲ သရေကျခဲ့သည်။ ပြိုင်ပွဲ၏ ဒုတိယနေ့ဖြစ်သည့် ဇန်နဝါရီ ၁၃ ရက်တွင် တွဲဆိုင်း ၁၁ ဆိုင်း ထည့်သွင်းကျင်းပခဲ့ပြီး လေးချီစိန်ခေါ်ပွဲများတွင် သကိပိုင်အောင်နှင့် ချစ်ရဲသွေးမှာ အရှုံးအနိုင်မပေါ်ဘဲသရေ၊ ချစ်ဝိုင်းနှင့် ကညောခွားမှာ အရှုံးအနိုင်မပေါ်ဘဲသရေ၊ ဇွဲထက်အောင်နှင့် မင်းကိုနိုင်မှာ အရှုံးအနိုင်မပေါ်ဘဲသရေ၊ ငါးချီစိန်ခေါ်ပွဲများတွင် လင်းထက်အောင်နှင့် မြလုံးချောမှာ အရှုံးအနိုင်မပေါ်ဘဲသရေ၊ ယင်းနေ့၏ အဓိကတွဲဆိုင်းဖြစ်သည့် ရန်နိုင်ထွန်းနှင့် တောက်ရှားတို့မှာ လုံးတူဒေါက်တူ မောင်နှစ်ဦးဖြစ်ခြင်းကြောင့် ပွဲမှာ အကြိတ်အနယ်ရှိခဲ့သော်လည်း အရှုံးအနိုင်မပေါ်ဘဲသရေကျခဲ့သည်။ ပြိုင်ပွဲ၏ နောက်ဆုံးနေ့ဖြစ်သည့် ဇန်နဝါရီ ၁၄ ရက်တွင် တွဲဆိုင်း ၁၁ ဆိုင်း ထည့်သွင်းကျင်းပခဲ့ပြီး…
သီရိလင်္ကာနိုင်ငံတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ဆင်ရေးကို ပိုမိုအရှိန်မြှင့်တင်သွားမည်ဟု ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၄ ရက်တွင်ပြောကြားခဲ့ပြီး သံသယရှိသူအရေအတွက်ကို နှစ်ဆမြှင့်တင်သွားမည်ဟု ဆိုသည်။ ကုလသမဂ္ဂကမူ သီရိလင်္ကာတွင် မူးယစ်သံသယမှုဖြင့် လူပေါင်းသောင်းချီ ဖမ်းဆီးခံထားရသည့် အဆိုပါ စစ်ဆင်ရေးကို ရှုတ်ချခဲ့သည်။ ရဲတပ်ဖွဲ့သည် “တရားမျှတမှု”ဟု အမည်ဝှက်ပေးထားသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်ရေးကို ဒီဇင်ဘာလက စတင်ခဲ့ပြီးနောက် လူပေါင်း ၃၀၀၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး ထိုစစ်ဆင်ရေးကို လူ့အခွင့်အ ရေးတက်ကြွလှုပ်ရှားသူများက ရှုတ်ချခဲ့သည်။ ရဲတပ်ဖွဲ့ကမူ ၎င်းတို့သည့် နောက်ထပ် သံသယရှိသူ ၄၂၂၄၈ ဦးကို ဖမ်းဆီးရန် စစ်ဆင်ရေး၏ နောက်တစ်ဆင့်ကို စတင်လုပ်ဆောင်နေကြောင်း ဇန်နဝါရီ ၁၄ ရက်က ပြောကြားခဲ့သည်။ “ရဲစခန်းအားလုံးဟာ သံသယရှိသူ ၄၂၂၄၈ ဦးကို ဖမ်းဆီးဖို့နဲ့ တရားဥဒေအရ အရေးယူနိုင်ဖို့ နောက်ထပ်တစ်လကြာ တစ်ရက်ကို ၂၄ နာရီ အလုပ်လုပ်ရပါလိမ့်မယ်”ဟု ရဲတပ်ဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ သီရိလင်္ကာရဲတပ်ဖွဲ့သည် ခွင့်ပြုချက်မရဘဲ ရှာဖွေမှုများ၊ တစ်ဖက်သတ် ဖမ်းဆီးထိန်းသိမ်းမှုများ၊ ရိုင်းပျစွာ ဆက်ဆံမှုများ၊ လူမြင်ကွင်းတွင် သံသယရှိသူများကို အဝတ်အစားများချွတ်ပြီး ရှာဖွေမှုများနှင့် ညှင်းပန်းနှိပ်စက် မှုများ ပြုလုပ်မှုစွဲချက်များနှင့်ပတ်သက်ပြီး ကုလသမဂ္ဂက ထိုစစ်ဆင်ရေးကို ဝေဖန်ခဲ့ပြီး နှစ်ရက်အကြာတွင် သီရိလင်္ကာရဲတပ်ဖွဲ့၏ ပြောကြားချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုလ်ကာတာ့ခ်က သီရိလင်္ကာအစိုးရအား ထိုစစ်ဆင်ရေးကို ပြန်လည်စိစစ်ရန်နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်မှုတွင် လူ့အခွင့်အရေးကို အခြေခံသည့် ချဉ်းကပ်လုပ်ဆောင်မှုများ ပြဋ္ဌာန်းရန် တိုက်တွန်းခဲ့သည်။ “လုံခြုံရေးတပ်ဖွဲ့တွေဟာ ရှာဖွေခွင့် ဝရမ်းတွေမပါဘဲ စီးနင်းဝင်ရောက်မှုတွေ၊…
အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်တို့က ယီမင်နိုင်ငံရှိ ဟူသီရ်စစ်ရေးပစ်မှတ်များကို တိုက်ခိုက် လိုက်သောကြောင့် ဇန်နဝါရီ ၁၂ ရက်တွင် ရေနံစျေးများသည် ၂ ရာခိုင်နှုန်းကျော် မြင့်တက်သွားခဲ့သည်။ အီရန် ကျောထောက်နောက်ခံပြုထားသော ဟူသီရ်သူပုန်တို့က ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းလောက်တွင် ပင်လယ်နီ၌ ကုန်သင်္ဘောများကို တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်နှင့်ဗြိတိန်တို့က ဟူသီရ်၏ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခြင်းဖြစ်သည်။ ထို့ကြောင်လည်း ရေနံစိမ်းစျေးများ မြင့်တက်လာခြင်း ဖြစ်သည်။ အမေရိကန်နှင့်ဗြိတိန်တို့၏ တိုက်ခိုက်မှုများက ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် စတင်ခဲ့သော အစ္စရေး-ဟားမာ့စ် စစ်ပွဲအရှေ့အလယ်ပိုင်းသို့ ပြန့်လာခြင်းကို ဖော်ပြနေသည်။ ယီမင်နိုင်ငံတစ်ဝန်း၌ ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်ဟု မျက်မြင်တွေ့သူများက ပြောသည်။ ပစ်မှတ်ထားတိုက်ခိုက်မှုများသည် လွတ်လပ်သည့်ရေကြောင်း သွားလာမှုများကို ထိခိုက်စေသည့် ရန်လိုသောလုပ်ရပ်များသို့မဟုတ် အမေရိကန်နှင့်အမေရိကန်မိတ်ဖက်များ၏ စစ်သားများကို တိုက် ခိုက်မှုများအား သည်းခံသွားမည်မဟုတ်ဆိုသည်ကို ရှင်းရှင်းလင်းလင်း သတင်းစကားပါးလိုက်ခြင်းဖြစ်သည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။ သြစတြေးလျ၊ ဘာရိန်း၊ ကနေဒါ၊ နယ်သာလန်တို့က အဆိုပါစစ်ဆင်ရေးကို ထောက်ခံထားသည်ဟု သမ္မတဘိုင်ဒင်က ပြောကြားသည်။ ပင်လယ်နီ၌ ဟူသီရ်လုပ်ဆောင်နေသော တိုက်ခိုက်မှုများက ကမ္ဘာ၏သင်္ဘောဖြင့်ကုန်စည်ပို့ ဆောင်မှုလမ်းကြောင်း ၁၅ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုနေသော ဥရောပနှင့်အာရှအကြား အရေးပါသော လမ်းကြောင်း၌ အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးကို အနှောင့်အယှက်ပေးခဲ့သည်။ အောက်တိုဘာကတည်းက ဟူသီရ်သူပုန်များသည် ပင်လယ်နီတွင် ကုန်တင်သင်္ဘောများကို တိုက် ခိုက်ခဲ့သည်။ အစ္စရေးနှင့်ဖြစ်ပွားနေသော စစ်ပွဲတွင် ပါလက်စတိုင်းစစ်သွေးကြွအုပ်စု ဟားမာ့စ်ကို ထောက် ခံကြောင်း ပြသသည့်အနေဖြင့် ဟူသီရ်သူပုန်တို့က ပင်လယ်နီတွင်…
ယူကရိန်းတပ်ဖွဲ့များ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတိုက်ခိုက်မှုများ အပြီးတွင် ယီလန်နာဂိုကိုဗာ အမည်ရှိ အမျိုးသမီးတစ်ဦးသည် အသက် ၁၀ နှစ် အရွယ် ကလေးနှင့်အတူ ဘေးလွတ်ရာ ရွှေ့ပြောင်းခံခဲ့ ရပြီးနောက် ရုရှားနိုင်ငံနယ်စပ်မြို့ဖြစ်သည့် ဘယ်ဂိုရော့မြို့၏ ရထားဘူတာရုံသို့ ရောက်ရှိလာခဲ့့သည်။ အသက် ၃၇ နှစ်အရွယ် ဂိုကိုဗာသည် နယ်စပ်ဒေသနှင့်ဝေးသည့် ကလေးသူများ စောင့်ရှောက်ရေး စခန်းများသို့ ပို့ဆောင်ရန် အာဏာပိုင်များ၏ ကမ်းလှမ်းချက်ကိုသဘောတူခဲ့သည့် ရာနှင့်ချီသည့် မိဘများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ထိုမိဘများသည် ၎င်းတို့၏ ကလေးများကို လိုက်ပါစောင့်ရှောက်ခဲ့ခြင်းဖြစ်သည်။ ရုရှားက ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ယခုဖြစ်စဉ်သည် ရုရှားမြေပေါ်တွင် အကြီးမားဆုံး အရပ်သားများ ရွှေ့ပြောင်းမှုထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။ “ကျွန်မတို့က ကလေးတွေအတွက် အရမ်းစိုးရိမ်နေကြပါတယ်”ဟု ဂိုကိုဗာက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။ ယူကရိန်းသည် ဘယ်လ်ဂိုရော့ မြို့ကို လပေါင်းများစွာကြာ တိုက်ခိုက်ခဲ့သော်လည်း ပြီးခဲ့သည့် သီ တင်းနှစ်ပတ်အတွင်း တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခဲ့သည်။ ဒီဇင်ဘာ ၃၀ ရက်က လူ ၂၅ ဦး သေဆုံးခဲ့သည့် ယူကရိန်း၏ တိုက်ခိုက်မှုအပြီးတွင် ဂိုကိုဗာသည် ၎င်း၏ သားဖြစ်သူကို ဘေးလွတ်ရာ ပို့ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ “ကျွန်မတို့ဟာ ကလေးတွေအတွက် မစိုးရိမ်ချင်တာကြောင့် ကလေးသူငယ်စောင့်ရှောက်ရေး စခန်းတွေကို ပို့ဆောင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်”ဟု ဂိုကိုဗာက ပြောသည်။ သူ့သားသည် မော်စကိုမြို့တော်အနီးရှိ ကာလူဂါဒေသတွင် ဖွင့်ထားသည့် ကလေးစောင့်ရှောက်ရေးစခန်းသို့ သွားရောက်ရမည်ဖြစ်သည်။ “ကလေးတွေဟာ သေနတ်သံတွေကို အရမ်းကြောက်လန့်နေပါတယ်။ ဒါဟာ အရမ်းစိုးရိမ်စရာ ကောင်းပါတယ်”ဟု ၎င်းက…
မေလရှိ မုန်တိုင်းထန်နေသော ညတစ်ညတွင် ကင်အမည်ရှိအမျိုးသားသည် ၎င်းမိသားစုနှင့်အတူအိမ် လုပ်သစ်သားလှေတစ်စင်းကို လှော်ခတ်ကာ ၎င်း၏ကလေးများကို လွတ်လပ်သောဘဝနေထိုင်မှုရရှိရန် မျှော် လင့်ချက်ဖြင့်မြောက်ကိုရီးယားနိုင်ငံမှ ထွက်ခွာလာခဲ့သည်။ စစ်ပွဲကြောင့် ကိုရီးယားကျွန်းဆွယ်နှစ်ပိုင်းကွဲသွားသည့် ၁၉၅၀ ပြည့်နှစ်ဝန်းကျင်ကတည်းက မြောက်ကိုရီးယားနိုင်ငံသားသောင်းချီသည် တောင်ကိုရီးယားသို့ထွက် ပြေးလာခဲ့ကြသော်လည်း အများစုသည် အိမ်နီးချင်းတရုတ်နိုင်ငံသို့ ပထမဆုံးသွားရောက်လေ့ရှိသည်။ ပင်လယ်ရေကြောင်းခရီးဖြင့် ဘက်ပြောင်းထွက်ပြေးခြင်းသည် အလွန်ရှားပါးဖြစ်စဉ်ဖြစ်ကာ ကုန်းလမ်းခရီးထက် ပိုမိုအန္တရာယ်များကြောင်း မြင်တွေ့ရပြီး လူအနည်းငယ်မျှသာ မြောက်ပိုင်းကန့်သတ်မျဉ်းဖြစ်သည့် မြောက်ကိုရီးယားပင်လယ်ရေကြောင်း နယ်စပ်ကိုဖြတ်ကျော်လာကြသည်။ သို့သော် အသက် ၃၁ နှစ်အရွယ်တံငါသည် ကင်သည် ပင်လယ်ရေကြောင်းခရီးဖြင့် ဘက်ပြောင်း ထွက်ပြေးနိုင်မည်ဟု ယုံကြည်ချက်ရှိခဲ့ပြီး နှစ်ကြိမ်တိုင်တိုင် ကျရှုံးခဲ့ပြီးနောက် နောက်ဆုံးတွင်သူသည် မိ သားစုဝင်ကိုးဦးနှင့်အတူ နိုင်ငံတွင်းမှ ထွက်ခွာနိုင်ရန် အချိန်ကောင်းကို စောင့်နေခဲ့သည်။ သူသည် နယ်စပ်ကင်းလှည့်မှု ပုံစံကို လပေါင်းများစွာလေ့လာခဲ့ပြီး အခွင့်အရေးတစ်ရပ် ရရှိလာစေရန် စောင့်ဆိုင်းခဲ့သည်။မြောက်ကိုရီးယားသည် COVID-19 ကပ်ရော ဂါ lockdown ကာလပြီးဆုံးပြီးနောက် ၎င်း၏ကမ်းရိုးတန်းပိတ်ဆို့မှုများကို စတင်ရုပ်သိမ်းခဲ့ချိန်သည် ၎င်းအတွက် အခွင့်အရေးတစ်ရပ်ဖြစ်ခဲ့သည်။ “ကျွန်တော် မြေပြင်အခြေအနေနဲ့ ရာသီဥတုအနေအထားကို လေ့လာခဲ့ပြီး ပင်လယ်ပြင်သတိပေးချက် သက်ရောက်မှုရှိတဲ့ အဆိုးရွားဆုံးညအချိန်မှာ ကျွန်တော်တို့စတင်ထွက်ခွာခဲ့ပါတယ်”ဟု ဆိုးလ်မြို့တော်သို့ ရောက်ရှိနေသည့် ၎င်းကဆိုသည်။ အသက်သုံးနှစ်အရွယ်ကလေး တစ်ဦးအပါအဝင် ၎င်း၏မိသားစုဝင်တစ်ယောက်ချင်းစီသည် အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်နိုင်ရန် အတူတကွ ကြိုးပမ်းလုပ်ကိုင်ခဲ့ကြသည်ဟု ဆိုသည်။ “ကျွန်တော်ဒုတိယအကြိမ် မွေးဖွားလာတယ်လို့ ခံစားမိတယ်”ဟု ကင်က ပြောကြားခဲ့သည်။ “မြောက်ပိုင်းမှာဆိုရင် ကောင်းကင်ပေါ်မှာ ပျံနေတဲ့လေယာဉ်ပျံတွေက ကျွန်တော်အိပ်မက်ထဲမှာ၊ ရုပ်ရှင်ထဲမှာ၊ ဒရာမာကားတွေထဲမှာသာ မြင်နိုင်မယ့်အရာလို့ ထင်ခဲ့ပါတယ်။ဒါပေမဲ့ အခုတော့ ကျွန်တော်ကိုယ်တိုင်…
ညစ်ညမ်းသော တေးသီချင်းဗီဒီယိုများ ရိုက်ကူးထုတ်လွှင့်သည့် ထုတ်လုပ်သူ ၊ စီစဉ်ရိုက်ကူးသူနှင့် သရုပ်ဆောင်များကို တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။ ထုတ်ပြန်ချက်တွင် ပြန်ကြားရေးဝန်ကြီးဌာနသည် ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများ ရိုက်ကူးထုတ်လွှင့်ပြသရေးနှင့်ပတ်သက်၍ ၁၉၉၆ ခုနှစ် ရုပ်ရှင် ဥပဒေနှင့် ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေများနှင့်အညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း ၊ ယခုအခါတွင် အချို့သော တေးသီချင်းဗီဒီယိုရိုက်ကူးထုတ်လွှင့်သူများသည် ထင်ပေါ်ကျော်ကြားမှုရရှိစေရန်အတွက် မြန်မာ့ယဉ်ကျေးမှု နှင့် ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်း အတူ ကြည့်ရှုရန်ပင် မသင့်လျော်သော၊ ဟီရိဩတ္တပ္ပတရားကင်းမဲ့သော တေးသီချင်းဗီဒီယိုများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရိုက်ကူးထုတ်လွှင့်နေကြသည်ကို တွေ့ရှိရကြောင်း ဖော်ပြပါရှိသည်။ ယင်းကြောင့် လူမှုကွန်ရက်စာမျက်နှာများအပါအဝင် မြန်မာ့ယဉ်ကျေးမှုကို ဆန့်ကျင်သော၊ ညစ်ညမ်းသော အပြောအဆို၊ အပြုအမူများပါဝင်သည့် ရိုက်ကူးထုတ်လွှင့်ဖော်ပြမှုများနှင့်ပတ်သက်၍ ထုတ်လုပ်သူ၊ စီစဉ်ရိုက်ကူးသူ၊ သရုပ်ဆောင်သူများအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ သက်ဆိုင်ရာအလိုက် ဖွဲ့စည်းထားသော အစည်းအရုံးများ ကလည်း လိုအပ်သလို ထိန်းကျောင်းတည့်မတ်ပေးနိုင်ရန် အသိပေးကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်သည်။