မန်စီးတီးကွင်းလယ်လူ ရိုဒရီသည် ၎င်းင်းပါဝင်ကစားသည့်ပွဲများ၌ ရှုံးပွဲမရှိသည့်စံချိန်မှာ ပွဲ(၅၀)အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
မန်စီးတီးအသင်းသည် ယခုရာသီ၌ ပြိုင်ပွဲစုံ(၃၂)ပွဲ ယှဉ်ပြိုင်ကစားရာတွင် (၄)ပွဲရှုံးနိမ့်ထားသော်လည်း အဆိုပါပွဲများ၌ ရိုဒရီ ပါဝင်ခြင်းမရှိခဲ့ပေ။
မန်စီးတီးအသင်းသည် လိဂ်ဖလား၌ နယူးကာဆယ်၊ ပရီးမီးယားလိဂ်၌ ဝုလ်ဗ်၊ အာဆင်နယ်နှင့် အက်စတွန်ဗီလာတို့ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ရိုဒရီ ပါဝင်သည့်ပွဲ၌ မန်စီးတီးအသင်း ရှုံးနိမ့်ခဲ့သည့် နောက်ဆုံးပွဲစဉ်မှာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် စပါးအသင်းကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ထို့ ကြောင့် ရိုဒရီအနေဖြင့် ရှုံးပွဲမရှိသည့်ကာလ တစ်နှစ်ပြည့်တော့မည်ဖြစ်ကြောင်းလည်း သိရသည်။