မန်ယူအသင်း၏ နည်းပြဟောင်း ရန်းနစ်က ၎င်းကိုင်တွယ်ခဲ့စဉ်ကာလအတွင်း တောင်ပံကစားသမား ဆန်ချိုနှင့် မည်သည့်ပြဿနာမျှမရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ဆန်ချို(၂၃ နှစ်)သည် မန်ယူအသင်း၏ လက်ရှိနည်းပြ တန်ဟက်ဂ်နှင့် ပြဿ နာဖြစ်ပွားခဲ့သည့်အတွက် ဒေါ့မွန်အသင်းထံ ရာသီကုန်အထိ အငှားဖြင့် ပြန်လည်ပြောင်းရွှေ့ခဲ့သည်။
ထို့နောက် ပထမဆုံးပွဲတွင်ပင် ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် တန်ဟက်ဂ်အပေါ် ဝေဖန်မှုများလည်း မြင့်တက်နေသည်။
ယင်းအခြေအနေတွင် ရန်းနစ်က ”သူနဲ့ ဆုံတွေ့ခဲ့တဲ့ (၆)လအတွင်း ဘာပြဿနာမှ မရှိခဲ့ပါဘူး။ သူက တည်ငြိမ်ပြီး နှစ်လိုဖွယ်ကောင်းပါတယ်။ ဒေါ့မွန်မှာ သူအောင်မြင်ပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။