Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
ရန်ကုန်တိုင်း ဒေသကြီး မြောက်ဒဂုံမြို့နယ်ရှိ ပင်လုံဆေးရုံ နှစ်လယာယီပိတ်သိမ်းမည်ဖြစ်ကြောင်း အဆိုပါ ဆေးရုံမှသိရသည်။အဆိုပါ ပင်လုံဆေးရုံသည် ဖေဖော်ဝါရီနှင့် မတ်လနှစ်လ ယာယီပိတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။ ” ဟုတ်ပါတယ်။ နှစ်လပိတ်မှာပါ” ဟု ပင်လုံဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ မည်သည့်အကြောင်းကြောင့် ဆေးရုံအား နှစ်လယာယီပိတ်သိမ်းမည်ဆိုသည်ကို မသိရှိရသေးဘဲ ယင်းဆေးရုံရှိ ဝန်ထမ်းများကို ခွင့်ယူမည့်သူများအနေဖြင့်လည်း ခွင့်ယူနိုင်ကြောင်း၊ ခွင့်မယူဘဲနေသူများကိုလည်း လစာ၏ ငါးဆယ်ရာခိုင်နှုန်းကို ပေးမည်ဖြစ်ကြောင်း အဆိုပါဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းအချို့နှင့် နီးစပ်သူများက ပြောကြားသည်။ ” ဆေးရုံဘက်ကတော့ ခွင့်ယူချင်လည်း ယူလို့ရတယ်ပြောတယ်။ ခွင့်မယူတဲ့သူတွေကိုလည်း လစာ တဝက်ပေးမယ်ပြောတယ်။ လိုအပ်တဲ့အချိန်ကျရင်တော့ အလုပ်လာပေးရမယ်လို့လည်း ပြောတယ်။ ဆေးရုံကတော့ ပိတ်ထားပေမယ့် တခြားနေရာမှာ လိုအပ်ရင် လုပ်ပေးရမယ့် သဘောပေါ့။ အခုလူနာတွေကိုလည်း တခြားဆေးရုံတွေကို ပြောင်းပေးထားတယ်။ အဲ့ဒီမှာ ဆင်းရမယ့်သဘောပေါ့။ နောက်ပြီး သင်တန်းတွေ ဘာတွေ တက်ရင်တက်ရမယ်ပေါ့” ဟု ပင်လုံဆေးရုံတွင် လုပ်ကိုင်နေသည့် ဝန်ထမ်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။ လက်ရှိအနေဖြင့် ပင်လုံဆေးရုံတွင် လူနာများကိုလည်း လက်ခံကုသပေးခြင်းမရှိဘဲ ဆေးရုံတက်ရောက်ကုသနေသည့် လူနာများကိုလည်း အခြားဆေးရုံများသို့ လွှဲပြောင်းပေးခြင်းများရှိသည်ဟု ပင်လုံဆေးရုံတွင် တက်ရောက်ကုသခဲ့သူတစ်ဦးက ပြောကြားသည်။ ” အဲ့ဒီမှာ ကျောက်ကပ်ဆေးနေရတာ။ အခုတော့ တခြားဆေးရုံမှာ ဆေးဖို့ ပြောတယ်။ ဆေးရုံက ယာယီပိတ်မယ်လို့ သိရတယ်။ ဘာကြောင့်ပိတ်တာလဲဆိုတာတော့ မသိရဘူး” ဟု ပင်လုံဆေးရုံတွင် တက်ရောက်ကုသခဲ့သူတစ်ဦးက ပြောကြားသည်။
အနီးဆုံးအတိတ်ကာလ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တို့ကိုကြည့်မိသည်။ ကမ္ဘာ့နိုင်ငံများအားလုံးကို ထိခိုက်ပျက်စီး၍ အခက်အခဲအကျပ်အတည်းများ ဖြစ်စေခဲ့သည်မှာ ကိုဗစ်ကပ်ရောဂါဆိုးကြီးကို တွေ့ရသည်။ ၂၀၂၂ ခုနှစ်တွင်လည်း လူဖန်တီးသည့်သောကတစ်ခု နောက်ထပ်ဖြစ်လာခဲ့ပြန်သည်။ ရုရှားနိုင်ငံ၏ ယူကရိန်းကို ကျုးကျော်မှုဖြစ်၏။ ၂၀၂၂ ခုနှစ်အကုန်တွင် အဆိုးများလွန်၍ အကောင်းများဖြစ်ပေါ်လာနိုင်ရေး အားလုံးဆုတောင်းမျှော်လင်ခဲ့ကြ၏။ ၂၀၂၃ ခုနှစ်တွင်ဆိုးရွားသော အခြေအနေများကို ချိုးဖောက်ဖြတ်သန်း၍ စီးပွားရေး၊ ပထဝီနိုင်ငံရေး၊ နည်းပညာတိုးတက်မှု စသဖြင့် အကောင်းဘက်ဆီသို့ဦးတည်သော မျှော်လင့်ချက်ရောင်နီများ သန်းလာစေချင်သည့်စိတ်ဆန္ဒ အားလုံးတွင်ရှိနေသည်။ သို့သော်ကံမကောင်း အကြောင်းမလှခဲ့ပေ။ စိုးရိမ်စရာကောင်းသောအခြေအနေများကို ဆက်လက်ကြုံတွေ့ခဲ့ရ၏။ စီးပွားရေးတွင် အဓိကကျသည့် ငွေကြေးဖောင်းပွမှုနှုန်း လမ်းကြောင်းမှာ အဆင်းဘက်သို့ ဦးတည်နေသည်ဟုဆိုရသော်လည်း အခြေအနေသည်ဆိုးရွားနေဆဲ။ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံများ၌ ၎င်းတို့မျှော်မှန်းထားသည့် ငွေကြေးဖောင်းပွမှုမျှော်မှန်းချက် (အင်ဖလေးရှင်းနှုန်း နှစ်ရာခိုင်နှုန်း) သို့လည်း မရောက်ရှိခဲ့ပေ။ စားသုံးသူ အများစု၏ နေ့စဉ်ဘဝရပ်တည်မှုအတွက်လိုအပ်သော သုံးစွဲမှုများ၊ ငွေကြေးပေးချေမှုများစသဖြင့် ကုန်ကျစရိတ်မှန်သမျှသည် မြင့်မားသောစျေးနှုန်းများ၏ ဖိအားများအောက်တွင် ဆက်လက်ရှိနေပြီး မြင့်မားလာသော အတိုးနှုန်းများသည်လည်း စီးပွားရေးလုပ်ငန်းများအတွက် စိန်ခေါ်မှုများ ပိုမိုဖြစ်လာကာ အခြားသောအခက်အခဲများနှင့် ပေါင်းစပ်၍ ပိုမိုရုန်းကန်ရမှုများဖြစ်စေခဲ့သည်။ ငွေကြေးမူဝါဒကိုင်တွယ်ကျင့်သုံးမှုကို လေ့လာလျှင် နိုင်ငံသားတို့ နေ့စဉ်ဘဝရပ် တည်မှုအတွက် ပံ့ပိုးအထောက်အကူပေးခဲ့သည့် အစိုးရများ၏ ဆယ်စုနှစ်တစ်ခုကျော် ငွေကြေးအလွန်အကျွံသုံးစွဲခဲ့မှုများသည်လည်း ကာလကြာရှည်လာသောအခါ လူတစ်ဦးတစ်ယောက်ချင်းကိုသာမက စီးပွားရေးလုပ်ငန်းများကိုပါ ပြင်းထန်ကြီးမားသောဖိအားများဖြစ်လာခဲ့သည်ကို ၂၀၂၃ ခုနှစ်၌ ပို၍ မြင်တွေ့လာရသည်။ ကာလရှည် ရပ်တည်နိုင်ရေးအတွက် မလွယ်ကူသည့် အခြေအနေမျိုး အားလုံး ကြုံတွေ့လာနေကြပြီ။ အကျပ်အတည်းဖြစ်နေခဲ့သည့် စီးပွားရေးအခြေအနေများထဲ၌ ဘဏ်များသည် စဉ်းစားဆင်ခြင်မှုအားနည်းလျက် စွန့်စားမှုများပြုလုပ်ခဲ့ကြသည်ဟုသုတေသီအချို့က…
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၇ ရက်အထိ ကမ္ဘာတစ်လွှား ကိုဗစ်ဖြစ်ပွားသူ ၇၀၁ သန်း၊ ကိုဗစ်ကြောင့်သေဆုံးသူ ၆ ဒသမ ၉၆ သန်းရှိခဲ့ပြီး မြန်မာနိုင်ငံမှာ ကိုဗစ်ဖြစ်ပွားသူ ၆၄၁၄၄၈ ဦး၊ သေဆုံးသူ ၁၉၄၉၅ ဦး ရှိခဲ့ပြီဖြစ်ပါတယ်။ ကိုဗစ်ရောဂါပိုးမကူးစက်စေမဲ့ ဓာတ်ပစ္စည်းကို အမေရိကန်အလယ်တန်းကျောင်းသူက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကိုဗစ်ရောဂါကပ်ရောဂါ အသွင်ကူးစက်ဖြစ်ပွားနေစဉ်က တက္ကဆက်ပြည်နယ်၊ အမျိုးသားသိပ္ပံပညာပြိုင်ပွဲမှာ ကျောင်းသူတစ်ဦးဟာ ကိုဗစ်ရောဂါပိုးနဲ့ တွဲဆက်နိုင်တဲ့ ဓာတ်ပစ္စည်းတစ်မျိုးကို ရှာဖွေဖော်ထုတ်နိုင်လို့အမေရိကန်ဒေါ်လာနှစ်သောင်းခွဲ ဆုငွေအဖြစ်ရရှိခဲ့ပါတယ်။ ရောဂါပိုးမျက်နှာပြင်မှာ ထိုးထိုးထောင်ထောင်င်ထွက်နေတဲ့ဓာတ်ပစ္စည်းတွေ ရှိပါတယ်။ အဆိုပါဓာတ်ပစ္စည်းတွေက လူ့ဆဲလ်ကလာပ်စည်းမျက်နှာပြင်ကို လာတွဲဆက်နိုင်ပါတယ်။ သည်အဆင့်ဟာ ကလာပ်စည်းအတွင်း ရောဂါပိုးကူးစက်ဝင်ရောက်ဖို့ လိုအပ်တဲ့အဓိကအဆင့်ပဲဖြစ်ပါတယ်။ လူ့ကလာပ်စည်းအတွင်း ဝင်ရောက်ပြီးရင်လူ့ဆဲလ်ကလာပ်စည်းအတွင်းရှိ ဗီဇမျှင်ပွားများမှု ယန္တရားကိုခေါ်ယူသုံးစွဲပြီး ရောဂါပိုးတို့ ပွားများကြမှာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုတက္ကဆက်ပြည်နယ်၊ ဖရစ်ကိုမြို့မှ အိန္ဒိယအမေရိကန်လူမျိုးအသက် ၁၄ နှစ်အရွယ် ကျောင်းသူ အန်နီကာချီဘလိုလူ (Anika Chebrolu) ဟာ ကွန်ပျူတာအသုံးပြုပြီး ရောဂါပိုးရဲ့မျက်နှာပြင်မှ ဓာတ်ပစ္စည်းနဲ့ တွဲဆက်နိုင်မယ့် ဓာတ်ပစ္စည်းပုံစံကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ တကယ်လို့ အဆိုပါဓာတ်ပစ္စည်းကို ဖော်ထုတ်နိုင်ခဲ့ရင်ကိုဗစ်ရောဂါပိုးတွေ ဆဲလ်ကလာပ်စည်းကို လာမတွဲစက်၊ မကူးစက်ရအော င်တားဆီးနိုင်ပါလိမ့်မယ်။ ပညာရှင်တွေက ဗိုင်းရပ်ရောဂါပိုးကို တိုက်ခိုက်နိုင်မယ့်ဆေးရဲ့ ပုံစံထုတ်လုပ်ရာမှာ ချီဘလိုလူလိုပဲ ကွန်ပျူတာသုံးပြီး ပထမဆုံးအဆင့်အနေနဲ့ ရှာဖွေရပါတယ်။အလယ်တန်းကျောင်းသူလေးရဲ့ကြိုးစားအားထုတ်မှုဟာ (2020) (3M) လူငယ်သိပ္ပံပညာရှင်စိန်ခေါ်ပွဲမှာ ပထမဆုရရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါပြိုင်ဆိုင်မှုဟာ အမေရိကန်အခြေစိုက် အလယ်တန်းကျောင်းသူကျောင်းသားများအတွက်သိပ္ပံဆိုင်ရာ ယှဉ်ပြိုင်မှုတစ်ခုပဲဖြစ်ပါတယ်။ …
သာမန်လူတစ်ယောက်အနေဖြင့် သတ္တဝါအားလုံးတို့၏ မျက်လုံးအိမ်၌ မျက်ရည်များ ရှိ မရှိ သေချာတတ်အပ်မသိနိုင်၊ မပြောနိုင်သော်လည်း အခြေအနေတူ ရုပ်ပိုင်းဆိုင်ရာဖွဲ့စည်းမှုတူသည့် လူသားတို့၏ မျက်လုံးအိမ်တွင် မျက်ရည်များရှိနေသည်ကိုတော့ ပြောနိုင်ကြလိမ့်မည်။ မည်ကဲ့သို့ဓာတ်ပြု၍ ဖြစ်လာ သည်ကို မသိသော်လည်း လူသားတစ်ဦးအနေဖြင့် စိတ်တွင်တစ်စုံတစ်ရာခံစားမှု ဖြစ်ပေါ်လာခဲ့ပါက မျက်လုံးအိမ်မှ မျက်ရည်များ စီးကျလာတတ်သည်ကို တွေ့မြင်လေ့ရှိသောကြောင့်ဖြစ်၏။ လူသားတို့မျက်ရည်နှင့်ပတ်သက်၍ ရေးသားမှုများကိုဖတ်ရှုလေ့လာရာ၌ မျက်လုံးအိမ်မှကျဆင်းလာသော မျက်ရည်များတွင် အမျိုးမျိုးရှိနေသည်ဟုရေးသားထားကြသည်။ ပုံမှန်သဘာဝအားဖြင့်ဖြစ်ပေါ်လာသည့် ဘေဆယ်မျက်ရည် (Basal Tears)၊ တုံ့ပြန်မျက်ရည် (Reflex Tears) နှင့် စိတ်ခံစားမှုကြောင့် ကျရ သည့် မျက်ရည် (Emotional Tears) ဟူ၍ရှိကြသည်ဟုဆိုသည်။ ဘေဆယ်မျက်ရည်သည် မျက်လုံးကို အဆီဓာတ်ဖြည့်ပေးသည်။ တုံ့ပြန်မျက်ရည်သည် ပြင်ပမှ မီးခိုးများ၊ ဖုန်မှုန့်များ မျက်လုံးအတွင်းသို့ ဝင်ရောက်လာခြင်းကြောင့် ယားယံကျိန်းစပ်ခြင်း ခံစားရကာ ထွက်လာတတ်သည်။ စိတ်ခံစားမှုကြောင့် ကျသည့်မျက်ရည်မှာမူ ဝမ်းနည်းပူဆွေးဖွယ်ရာများနှင့် တွေ့ကြုံရသည့်အခါဖြစ်စေ၊ ဝမ်းသာပျော်ရွှင်စရာများ ခံစားရသည့်အခါဖြစ်စေ စီးကျလာသည့် မျက်ရည်ဟုဆိုသည်။ ယခု အမျိုးသမီးများ၏ မျက်ရည်နှင့်ပတ်သက်၍ လေ့လာတွေ့ရှိချက်တစ်ခု ပေါ်ထွက်လာသည်။ အမျိုးသမီးတို့၏မျက်ရည်၌ အမျိုးသားများ၏ရန်လိုစိတ်နှင့် အမျက်ဒေါသထကြွမှုကိုဟန့်တားစေသည့် အရာများ ပါဝင်သည်ဟူသောအချက်ဖြစ်သည်။ ထိုတွေ့ရှိချက်မထွက်ပေါ်ခင်ကတည်းက အမျိုးသမီးတို့၏ လက်နက်သည် မျက်ရည်ဖြစ်သည်ဟူသောစကားကို လူအတော်များများ ကြားဖူးလိမ့်မည်။ လက်တွေ့ဘဝတွင် အမျိုးသမီးများနှင့် အမျိုးသားတို့ကြား ပြဿနာကိစ္စတစ်စုံ တစ်ရာဖြစ်ပေါ်လာချိန်၌ အမျိုးသမီးတို့၏စိတ်တွင် ဝမ်းနည်းမှုများ ဖြစ်ပေါ်ကာ ငိုယိုမှုများဖြင့် ပြဿနာအပေါ် အနိုင်ယူတတ်လေ့ရှိသည့်သဘာဝကိုလည်း သိကြသည်။ ထို့ကြောင့် အမျိုးသမီးတို့မျက်ရည်၏ အစွမ်းရှိမှုကို တင်စားသည့်အနေဖြင့် အမျိုးသမီးတို့၏လက်နက်သည်…
ရွှေကမ္ဘာလုံးဆုရရှိခဲ့သည့် Anatomy of a Fall ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ခဲ့သည့်အပြင် ရုပ်ရှင်ဒါရိုက်တာ တစ်ဦးလည်းဖြစ်သည့် ဆန်မြူရယ်သေ့စ်သည် အဓမ္မပြုကျင့်မှု သံသယဖြင့် ပြင်သစ်အာဏာပိုင်များက စုံစမ်းစစ်ဆေးနေသည်ဟု သိရသည်။ ဇူလိုင်လကုန်ပိုင်းတွင် ရာဇဝတ်မှုတိုင်ကြားချက် တင်သွင်းခဲ့ပြီးနောက် အကြိုစုံစမ်းစစ်ဆေးမှုကိုစ တင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ပြင်သစ်နိုင်ငံ အရှေ့ပိုင်း Metz ရှိ အစိုးရရှေ့နေများက ပြောကြားခဲ့ သည်။ ဒုတိယတိုင်ကြားချက်တစ်ခုကို နိုဝင်ဘာလလယ်ပိုင်းတွင် ရရှိခဲ့သည်ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။ သေ့စ်ရိုက်ကူးခဲ့သည့် “Je lejure(Iswear) ဟုခေါ်သော ရုပ်ရှင်ရိုက်ကူးစဉ် လွန်ခဲ့သောနွေရာသီကာလအတွင်း ယင်းသံသယဖြစ်ဖွယ် အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အသက် ၂၇ နှစ်အရွယ် နည်းပညာရှင် အမျိုးသားက သူသည် တိုက်ခန်းတစ်ခန်းတွင် ရိုက်ကွင်းမှ အဖွဲ့သားများနှင့် အရက်သောက်ခဲ့ ပြီးနောက် လိင်ပိုင်းဆိုင်ရာအပြုအမူ ကျူးလွန်ခံခဲ့ရသည်ဟု ပြောကြား ခဲ့သည်။ အသက် ၄၅ နှစ်အရွယ်သေ့စ်ကမူ သူသည် ပါတီပြီးနောက်မနက်ခင်းတွင် ထိုအမျိုးသားနှင့်နှစ်ဦးသ ဘောတူ လိင်ပိုင်းဆိုင်ရာအပြုအမူရှိခဲ့သည်ဟု ပြောကြားခဲ့သည်။ နည်းပညာရှင်အမျိုးသားက သူသည် လိင်ပိုင်းဆိုင်ရာတိုက်ခိုက်မှု၏ သားကောင်အဖြစ် ခံစားခဲ့ရသည်ဟု သေ့စ်ကို စာတိုပေးပို့ခဲ့ပြီးနောက် အတွင်းပိုင်းစုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ လပေါင်းများစွာကြာ စုံစမ်းစစ်ဆေးချက်အရ အကျင့်ပျက်မှုကျူးလွန်သည်ဟု ယူဆနိုင်သောသက် သေအထောက်အထားသို့မဟုတ် အချက်အလက်တစ်စုံတစ်ရာ တွေ့ရှိခြင်းမရှိကြောင်းသေ့စ်က ပြောကြား ခဲ့ကာ အပြစ်ကင်းစင်မှုကို လေးစားပေးရန် လူအများကို တောင်းဆိုခဲ့သည်။ သေ့စ်သည် ရိုက်ကူးရန်ကျန် ရှိနေသည့် အပိုင်းများအတွက် ကျန်အဖွဲ့သားများကို အဝေးမှသာညွှန် ကြားခဲ့သည်။ ရုပ်ရှင်ထုတ်လုပ်သူများက ရိုက်ကူးမှုကို ပြီးစီးစေရန် နှစ်ဦးလုံးပါဝင်စေလိုပြီး နည်းပညာရှင်၏ စွပ်စွဲချက်များကို…
အိန္ဒိယနိုင်ငံ နယ်စပ်တစ်လျှောက် လုံခြုံရေးဆိုင်ရာ အနာဂတ်စိတ်မှန်းဖြစ်နိုင်ခြေများကို ထုတ်ဖော်ပြောကြားသည့်အနေဖြင့် အိန္ဒိယကြည်းတပ်စစ်ဦးစီးချုပ် မနို့ဂျ်ပန်ဒီက အိန္ဒိယ-မြန်မာ နယ်စပ်တွင် ဖြစ်ပွားနေသည့် အခြေအနေများကို စိုးရိမ်ကြောင်း ဇန်နဝါရီ ၁၁ ရက်တွင်ပြောကြားခဲ့သည်။ ဗိုလ်ချုပ်ကြီး မနို့ဂျ်သည် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလင်နက်ကိုင်များအကြား လှုပ်ရှားမှုများ၏ သက်ရောက်မှုကို အလေးထားပြောဆိုသည့် အနေဖြင့်နှစ်နိုင်ငံ နယ်စပ်အရေးကို စိုးရိမ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ အိန္ဒိယမြောက်ပိုင်းနယ်စပ် အထူးသဖြင့် လာဒက်ဒေသ၏ အခြေအနေသည် ထိလွယ်ရှလွယ် အနေအထားမျိုးတွင် ရှိနေဆဲဖြစ်သည်ဟု မနို့ဂျ်က အိန္ဒိယ၏ Army Day မတိုင်မီ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ ထို့ပြင် ဘူတန်နိုင်ငံသားများသည်လည်း အိန္ဒိယ၏ နယ်နိမိတ်များတွင် ခိုလှုံရန် ကြိုးပမ်းနေကြောင်း၄င်းက ဆိုသည်။ “ကျွန်တော်တို့အတွက် စိုးရိမ်စရာက အိန္ဒိယ-မြန်မာ နယ်စပ်အခြေအနေပဲ။ ဘူတန်နိုင်ငံသားတွေကလည်း မီဇိုရမ်နဲ့ မဏိပူရပြည်နယ်တွေမှာ ခိုလှုံနေတယ်။ နှစ်နိုင်ငံနယ်စပ်မှာ ဖိအားပေးခံထားရတဲ့ သောင်းကျန်းသူတွေ ရှိနေသလို မဏိပူရပြည်နယ်ထဲကို ဝင်ဖို့ ကြိုးစားနေကြပါတယ်” ဟု ပန်ဒီက ပြောသည်။ မဏိပူရပြည်နယ်၏ အခြေအနေကို ရှုပ်ထွေးစေမည့် ထိုအရေးကိစ္စကို အနီးကပါစောင့်ကြည့်နေကြောင်း၊ အာသံရိုင်ဖယ်တပ်ရင်း ၂၀ ကို နှစ်နိုင်ငံ နယ်စပ်တွင် ဖြန့်ကြက်ချထားကြောင်း၊ နှစ်နိုင်ငံနယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်မည့် အစီအစဉ်ကို ပိုမိုလုပ်ဆောင်ရန် ဆွေးနွေးနေကြောင်း ပန်ဒီက ပြောကြားခဲ့သည်။
ယခုဆောင်းရာသီအတွင်း ကျန်းမာရေး စောင့်ရှောက်မှုစနစ်အပေါ် ဖိအားများ ကျရောက်နေသည့် COVID-19 နှင့် တုပ်ကွေးရောဂါများကို ကာကွယ်သည့် နောက်ဆုံးပေါ်ကာကွယ်ဆေးများ ထိုးနှံမှုနှုန်း လျော့ကျနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ပြည်သူ့ကျန်းမာရေးအရာရှိများက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။ မကြာသေးမီသီတင်းပတ်များအတွင်း အမေရိကန်နှင့် ဥရောပနိုင်ငံအချို့အပါအဝင် ကမ္ဘာ့နေရာဒေသများတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများကြောင့် ဆေးရုံတင်ကုသရသည့် လူနားများ မြင့်တက်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ အချို့ ဒေသများတွင် သက်ကြီးပိုင်း လူနာများအကြား သေဆုံးမှုများ မြင့်တက်ခဲ့သော်လည်း ကိုဗစ်ကပ်ရောဂါ အမြင့်ဆုံးကာလက သေဆုံးမှုများနှင့် နှိုင်းယှဉ်ပါက သိသာစွာ လျော့ကျခဲ့သည်။ စပိန်အစိုးရကမူ ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံများတွင် နှာခေါင်းစည်းများ ဝတ်ရမည့် စည်းကမ်းကို ပြန်လည်ထုတ်ပြန်ခဲ့ပြီး အမေရိကန်၏ အချို့ ဆေးရုံများတွင်လည်း နှာခေါင်းစည်းများ ဝတ်ရမည့် စည်းကမ်းကို ထုတ်ပြန်ခဲ့သည်။ “တုပ်ကွေးရောဂါကြောင့် လူတွေအများကြီး အရေးပေါ် ဆေးဝါးကုသမှုခံယူဖို့ လိုအပ်နေပါတယ်။ ဒီရောဂါကိုတားဆီးနိုင်တဲ့ အခြေအနေမျိုးမှာတောင်ပေါ့” ဟု WHO ၏ ကူးစက်ရောဂါနှင့် ကပ်ရောဂါ ပြင်ဆင်ရေး ယာယီညွှန်ကြားရေးမှူး မာရီယာဗန်ခါခိုဗီက ပြောကြားခဲ့သည်။ ယခုနှစ်ဆောင်းရာသီအတွင်း နိုင်ငံအများစုတွင် တုပ်ကွေးနှင့် ကိုဗစ်ရောဂါကာကွယ်ဆေးများ ထိုးနှံမှုနှုန်း အလွန်အမင်းလျော့နည်းနေသည်ဟု ၎င်းက ဆိုသည်။ အမေရိကန်တွင် ယခုနှစ်ရာသီအတွင်း ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုခံယူသည့် အရွယ်ရောက်ပြီး လူဦးရေနှုန်းမှာ ၁၉ ဒသမ ၄ ရာ ခိုင်နှုန်းသာရှိခဲ့သည်ဟု အမေရိကန် ရောဂါထိန်းချုပ်ရေးစင်တာ (CDC) က ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့်လအတွင်း COVID-19 ကြောင့် လူပေါင်း ၁၀၀၀၀ နီးပါးသေဆုံးခဲ့ကြောင်း…
ကုလသမဂ္ဂထိပ်တန်း တရားရုံးရှေ့မှောက်၌ အနီးကပ်စောင့်ကြည့်ခံနေရသော အထင်ကအမှုတွင် အစ္စရေးက ဂါဇာ၌ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်သောဟူသော ဆိုးဆိုးရွားရွား စွပ်စွဲမှုများကို ဇန်နဝါရီ ၁၂ ရက်တွင် ပြန်လည်ချေပသွားမည်ဟု သိရသည်။ တောင်အာဖရိကနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် အရေးပေါ်အမှုကို ဖွင့်လှစ်ပြီး အစ္စရေးသည် ဒုတိယကမ္ဘာစစ်အတွင်း ဂျာမနီတို့က ဂျူးများကို အစုလိုက်အပြုံလိုက်သတ်မှတ်မှုဖြစ်ပွားခဲ့ပြီးနောက် ၁၉၄၈ ခုနှစ်လက်မှတ်ရေးထိုးခဲ့သော ကုလသမဂ္ဂလူမျိုးတုံးသတ်ဖြတ်မှု ပဋိညာဉ်ကို ချိုးဖောက်နေသည်ဟုဆိုသည်။ အောက်တိုဘာ ၇ ရက်တွင်ဟားမာ့စ်တိုက်ခိုက်မှုကြောင့် အစ္စရေးတွင်အရပ်သားအများစုဖြစ်သည့်လူ ၁,၁၄၀ သေဆုံးခဲ့ပြီးလူ ၂၅၀ ခန့် ပြန်ပေးဆွဲခံခဲ့ရသည်ဟု အစ္စရေးအစိုးရကထုတ်ပြန်ထားသည်။ ပြန်ပေးဆွဲ ခံရသူများထဲက ၁၂၉ ဦးသည် ဂါဇာတွင် ရှိနေဆဲဖြစ်သည်ဟု အစ္စရေးအစိုးရက ထုတ်ပြန်ထားသည်။ အစ္စရေး-ဟားမာ့စ်စစ်ပွဲတွင် ဟားမာ့စ်အုပ်ချုပ်နေ သောဂါဇာကမ်းမြောင်ကိုအစ္စရေးကမြေပြင် ထိုးစစ် ဆင်နေခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်နေခြင်းတို့ကြောင့် အနည်းဆုံးလူ ၂၃,၄၆၉ ဦး သေဆုံးထားသည်ဟုဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ထို့အပြင် ဂါဇာပြည်သူ ၂ ဒသမ ၃ သန်း၏အများစုသည် စစ်ဘေးရှောင်နေရခြင်းကြောင့် ပိုမိုဆိုးရွားလာသော လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကိုဖန်တီးနေသည်ဟုဆို ကုလသမဂ္ဂက ပြောကြားထားသည်။ ဂါဇာ၌ အစ္စရေးဆင်နွှဲနေသော စစ်ဆင်ရေးကို ချက်ချင်းရပ်ရန် ICJ တရားသူကြီးများက အစ္စရေးကို ဖိအားပေးရန်တောင်အာဖရိက နိုင်ငံက ဆန္ဒရှိနေသည်။ အစ္စရေးနှင့် အစ္စရေးမဟာမိတ် အမေရိကန်တို့က အခြေအမြစ်မရှိဟုဆိုကာ အမှုကို ပယ်ချထားပြီး ICJ တည်ရှိရာ သည်ဟိတ်မြို့ရှိ ငြိမ်းချမ်းရေးနန်းတော်၌ ခိုင်ခိုင်မာမာ ခုခံကာကွယ်သွားမည်ဟု ပြောကြား ခဲ့ကြသည်။ “မဟုတ်ပါဘူး၊ တောင်အာဖရိက၊ လူမျိုးတုံးသတ်တာကို ကျူးလွန်တာ ကျွန်တော်တို့မဟုတ်ပါဘူး။ ဟားမာ့စ်ဖြစ်ပါတယ်”ဟု အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုက…
ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးခံရမှု အပေါ် ကန့်ကွက်ဆန္ဒပြပွဲများ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ တောင်ကြီးအပါအဝင် မြို့ကြီးများတွင် ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်းသိရသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့ရှိ ဆင်ဦးကင်းတောင်ကုန်း(ပွိုင့် ၂၂၀၂)တွင် တည်ထားကိုးကွယ်သည့် စေတီတစ်ဆူအား MNDAA အဖွဲ့ဝင်တစ်ဦးက သံတူဖြင့်ရိုက်နှက်ဖြိုဖျက်နေသည့် ရုပ်သံဖိုင်လူမှုကွန်ရက်တွင် ဇန်နဝါရီ ၈ ရက်က ပျံ့နှ့ံထွက်ပေါ်လာပြီးနောက် ယင်းဖြစ်စဉ်အပေါ် အခြေခံ၍ ကန့်ကွက်ဆန္ဒပြပွဲများပြုလုပ်နေခြင်းဖြစ်သည်။ ထိုသို့ ကန့်ကွက်မှုများကို ဇန်နဝါရီ ၉ ရက်တွင် မန္တလေးမြို့၌ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မျိုးချစ်ရဟန်းတော်များ သမဂ္ဂ(မန္တလေး)နှင့် ကန့်ကွက်ဆန္ဒထုတ်ဖော်သူများက မန္တလေးမြို့နေရာသုံးနေရာတွင် လှည့်လည်၍ ဆန္ဒပြခဲ့ကြသည်။ ထို့အတူ ရန်ကုန်မြို့တွင် ဇန်နဝါရီ ၁၀ ရက်က သံဃာတော်များ၊ ကန့်ကွက်ဆန္ဒထုတ်ဖော်သူများသည် သမ္မတရုပ်ရှင်ရုံမှစတင်ကာ မြို့တော်ခန်းမရှေ့အထိ စီတန်းလမ်းလျှောက်၍ ဆန္ဒပြခဲ့ကြသည်။ အလားတူ ဇန်နဝါရီ ၁၁ ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ လွတ်လပ်ရေး ပန်းခြံကျောက်တိုင်ကွင်း၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက ဆန္ဒပြခဲ့ပြီး သံဃာတော်များနှင့် မြို့မိမြို့ဖများက ဗုဒ္ဓဘာသာအပေါ် ဖျက်ဆီးရန် လုပ်ဆောင် နေမှုများကို ကန့်ကွက်ကြောင်း ဟောပြောခြင်း၊ကန့်ကွက်ရှုတ်ချပွဲသို့ တက်ရောက်လာသူများက “အမျိုးဘာသာသာသနာအား ဖျက်ဆီးသည့် အကြမ်းဖက်အဖွဲ့များ အလိုမရှိ၊ ဘာသာအကျိုး ဒို့သည်ပိုး၊ အချုပ်အခြာအာဏာကို ထိပါးစော်ကားသော ပြည်ဖျက် မိစ္ဆာများအား ဆန့်ကျင်ကြ၊ အကြမ်းဖက်သမားများ ကိုယ်ပြုသည့်ကံ ကိုယ့်ထံ ပြန်လာလိမ့်မည်”စသည့် ကြွေးကြော််သံများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထို့ပြင် ဇန်နဝါရီ ၁၂ရက်က နေပြည်တော်ကောင်စီနယ်မြေရှိ မြို့တော်ခန်းမရှေ့၌ လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့…
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အာဆီယံ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်လှယ် လာအိုနိုင်ငံဝန်ကြီးချုပ်ရုံး ဝန်ကြီး(ငြိမ်း)မစ္စတာ ဆာလွန်ကဲအို ကစ်တီကွန်နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသော တည်ဆဲနိုင်ငံရေးပါတီများ၏ တွေ့ဆုံဆွေးနွေးပွဲများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ဇန်နဝါရီ ၁၂ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။ ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်လှယ်တို့သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမရှိ ဧည့်တွေ့ဆောင်၌ တွေ့ဆုံခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများ၊ ကျင်းပမည့်ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြု စနစ်ကျင့်သုံးဆောင်ရွက်သွားမည့် အခြေအနေများ၊ နိုင်ငံရေးပါတီများ တည်ထောင်ခွင့်၊ မှတ်ပုံတင်ခွင့် လျှောက်ထားမှုနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှု အခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် အာဆီယံ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်လှယ်က မေးမြန်းသည့် သိရှိလိုချက်များအပေါ် ပြည်ထောင်စုရွးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။ ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အာဆီယံ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်လှယ်နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသော တည်ဆဲနိုင်ငံရေးပါတီများ၏ တွေ့ဆုံပွဲကို ဆက်လက်ကျင်းပခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ နိုင်ငံရေးပါတီဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း အသီးသီး မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အာဆီယံ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်လှယ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ်၊ နိုင်ငံရေးပါတီ (၄၂)ပါတီမှ ဥက္ကဋ္ဌများ၊ ပါတီခေါင်းဆောင်များ၊…