Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Tuesday, June 10
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Global Anti-epidemic 1 Views

ယနေ့ကိုဗစ်နှင့် ကမ္ဘာ

January 14, 20243 Mins Read
Share
Facebook Twitter

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၇ ရက်အထိ ကမ္ဘာတစ်လွှား ကိုဗစ်ဖြစ်ပွားသူ ၇၀၁ သန်း၊ ကိုဗစ်ကြောင့်သေဆုံးသူ ၆ ဒသမ ၉၆ သန်းရှိခဲ့ပြီး မြန်မာနိုင်ငံမှာ ကိုဗစ်ဖြစ်ပွားသူ ၆၄၁၄၄၈ ဦး၊ သေဆုံးသူ ၁၉၄၉၅ ဦး ရှိခဲ့ပြီဖြစ်ပါတယ်။

    ကိုဗစ်ရောဂါပိုးမကူးစက်စေမဲ့ ဓာတ်ပစ္စည်းကို အမေရိကန်အလယ်တန်းကျောင်းသူက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကိုဗစ်ရောဂါကပ်ရောဂါ အသွင်ကူးစက်ဖြစ်ပွားနေစဉ်က တက္ကဆက်ပြည်နယ်၊ အမျိုးသားသိပ္ပံပညာပြိုင်ပွဲမှာ ကျောင်းသူတစ်ဦးဟာ ကိုဗစ်ရောဂါပိုးနဲ့ တွဲဆက်နိုင်တဲ့ ဓာတ်ပစ္စည်းတစ်မျိုးကို ရှာဖွေဖော်ထုတ်နိုင်လို့အမေရိကန်ဒေါ်လာနှစ်သောင်းခွဲ ဆုငွေအဖြစ်ရရှိခဲ့ပါတယ်။

    ရောဂါပိုးမျက်နှာပြင်မှာ ထိုးထိုးထောင်ထောင်င်ထွက်နေတဲ့ဓာတ်ပစ္စည်းတွေ ရှိပါတယ်။ အဆိုပါဓာတ်ပစ္စည်းတွေက လူ့ဆဲလ်ကလာပ်စည်းမျက်နှာပြင်ကို လာတွဲဆက်နိုင်ပါတယ်။ သည်အဆင့်ဟာ ကလာပ်စည်းအတွင်း ရောဂါပိုးကူးစက်ဝင်ရောက်ဖို့ လိုအပ်တဲ့အဓိကအဆင့်ပဲဖြစ်ပါတယ်။ လူ့ကလာပ်စည်းအတွင်း ဝင်ရောက်ပြီးရင်လူ့ဆဲလ်ကလာပ်စည်းအတွင်းရှိ ဗီဇမျှင်ပွားများမှု ယန္တရားကိုခေါ်ယူသုံးစွဲပြီး ရောဂါပိုးတို့ ပွားများကြမှာဖြစ်ပါတယ်။

    အမေရိကန်ပြည်ထောင်စုတက္ကဆက်ပြည်နယ်၊ ဖရစ်ကိုမြို့မှ အိန္ဒိယအမေရိကန်လူမျိုးအသက် ၁၄ နှစ်အရွယ် ကျောင်းသူ အန်နီကာချီဘလိုလူ (Anika Chebrolu) ဟာ ကွန်ပျူတာအသုံးပြုပြီး ရောဂါပိုးရဲ့မျက်နှာပြင်မှ ဓာတ်ပစ္စည်းနဲ့ တွဲဆက်နိုင်မယ့် ဓာတ်ပစ္စည်းပုံစံကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ တကယ်လို့ အဆိုပါဓာတ်ပစ္စည်းကို ဖော်ထုတ်နိုင်ခဲ့ရင်ကိုဗစ်ရောဂါပိုးတွေ ဆဲလ်ကလာပ်စည်းကို လာမတွဲစက်၊ မကူးစက်ရအော င်တားဆီးနိုင်ပါလိမ့်မယ်။

     ပညာရှင်တွေက ဗိုင်းရပ်ရောဂါပိုးကို တိုက်ခိုက်နိုင်မယ့်ဆေးရဲ့ ပုံစံထုတ်လုပ်ရာမှာ ချီဘလိုလူလိုပဲ ကွန်ပျူတာသုံးပြီး ပထမဆုံးအဆင့်အနေနဲ့ ရှာဖွေရပါတယ်။အလယ်တန်းကျောင်းသူလေးရဲ့ကြိုးစားအားထုတ်မှုဟာ (2020) (3M) လူငယ်သိပ္ပံပညာရှင်စိန်ခေါ်ပွဲမှာ ပထမဆုရရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါပြိုင်ဆိုင်မှုဟာ အမေရိကန်အခြေစိုက် အလယ်တန်းကျောင်းသူကျောင်းသားများအတွက်သိပ္ပံဆိုင်ရာ ယှဉ်ပြိုင်မှုတစ်ခုပဲဖြစ်ပါတယ်။

    ကျောင်းသူချီဘလိုလူရဲ့ မူလရည်ရွယ်ချက်က တုပ်ကွေးရောဂါပိုးကို လေ့လာခဲ့ခြင်းဖြစ်ပါတယ်။ သည်အချိန်မှာ ကိုဗစ်ရောဂါဟာ ကပ်ရောဂါအသွင်ဖြစ်ပွားပြီးရောဂါပြင်းထန်ကာလူအများအပြားသေကျေစေတဲ့ဖြစ်ရပ်ကြောင့် သူ့ဆရာရဲ့အကူအညီနဲ့တုပ်ကွေးရောဂါပိုးကိုလေ့လာနေရာမှ ကိုဗစ်ရောဂါပိုးဆီ ဦးတည်ချက်ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ ကျောင်းသူလေးရဲ့ကြိုးစားအားထုတ်မှုဟာ နက်နဲပါတယ်။ အချက်အလက်ပေါင်းများစွာကို ရှာဖွေစုဆောင်းဆန်းစစ်ရပါတယ်။ ဆန်းသစ်တဲ့နည်းစနစ်တွေကို တီထွင်ရပါတယ်။

    အချိန်ကိုအားကြိုးမာန်တက်အသုံးချပြီး သူ့ရဲ့ပင်ကိုစွမ်းရည်ရှိသူဖြစ်ကာ ကမ္ဘာသားများအတွက် မျှော်လင့်ချက်ရှိအောင်ကူညီခဲ့ပါတယ်။ ကိုဗစ်ရောဂါပိုးကို တွဲဆက်နိုင်မယ့်ဓာတ်ပစ္စည်းကို ဖော်ထုတ်နိုင်ခြင်းဟာ ကြီးကျယ်တဲ့အားထုတ်မှုလည်းဖြစ်ကြောင်း၊ ဆုရွေးချယ်ရေးအဖွဲ့ဝင်ဆင်ဒီမော့ (Cindy Moss) ဆိုပါတယ်။

    အလယ်တန်းကျောင်းသူဟာ ဓာတ်ပစ္စည်းပေါင်း ၆၉၈ သန်းကျော်ရဲ့အချက်အလက်များကို စတင်လေ့လာခဲ့တယ်။ အဆိုပါဓာတ်ပစ္စည်းများရဲ့ ဖွဲ့စည်းတည်ဆောက်ပုံတွေ၊ ဆေးအာနိသင်ရှိနိုင်ပုံတွေနဲ့ တွဲဆက်နိုင်ခြေများကို ကွန်ပျူတာအသုံးပြုပြီး ခွဲခြမ်းစိတ်ဖြာလေ့လာခဲ့တယ်။ လူ့ခန္ဓာကိုယ်မှာ ဘယ်လိုပြုမူဖြစ်ပျက်ကြသလဲ။ ကလာပ်စည်းများကို အဆိပ်အတောက်ဖြစ်စေမလားဆိုတာကိုလည်း လေ့လာခဲ့တယ်။ တဖြည်းဖြည်းခွဲထုတ်လေ့လာခဲ့ပြီး နောက်ဆုံးဓာတ်ပစ္စည်းတစ်မျိုးကိုဖော်ထုတ်နိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်။

    သူရည်ရွယ်တာကဗိုင်းရပ်ပိုးတို့ကို ထိထိရောက်ရောက်ကာကွယ်ကုသနိုင်မယ့် ဆေးဖော်စပ်ရေးမှာ သိပ္ပံပညာရှင်များကို ကူညီနိုင်ဖို့နဲ့မကြာမီကပ်ရောဂါအဆုံးသတ်နိုင်ဖို့မျှော်လင့်ကြောင်း၊ ရရှိတဲ့ဆုငွေတွေကို အသုံးပြုပြီးဗိုင်းရပ်ပညာရှင်တွေ၊ ဆေးဝါးဖော်စပ်တဲ့သိပ္ပံပညာရှင်တွေနဲ့ ဆက်သွယ်ကာ သူ့ရဲ့သုတေသနကိုရှေ့ဆက်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ သူ့ဆန္ဒပြည့်ဝခဲ့တယ်လို့လည်း ဆိုပါတယ်။

     ၂၀၂၁ ခုနှစ် နိုဝင်ဘာလကစပြီး အမေရိကန်ဟာ တရုတ်အပါအဝင်ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးစီးခဲ့တဲ့နိုင်ငံတကာခရီးသွားများအတွက် ခရီးသွားလာမှုဆိုင်ရာတားမြစ်ကန့်သတ်ချက်များကို ရုပ်သိမ်းခဲ့ပါတယ်။

            ရီပတ်ပလီကန်အမတ်များရဲ့ တိုက်တွန်းချက်အရ တရုတ်မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများမြင့်တက်နေလို့ တရုတ်ကို ခရီးသွားလာမှုပိတ်ပင်ရေး၊ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ တရုတ်သံရုံးတို့က ချက်ချင်းမှတ်ချက်မပေးသေးတာ တွေ့ရပါတယ်။

           ကိုဗစ်အပြီး အာဆီယံနိုင်ငံများရဲ့ ကုန်ထုတ်လုပ်မှုအခြေအနေမှာ အင်ဒိုနီရှား၊ စင်ကာပူနဲ့ဖိလစ်ပိုင်မှ လွဲပြီး အခြားအာဆီယံနိုင်ငံများ ကုန်ထုတ်လုပ်မှုကျဆင်းလာကြောင်း သိရပါတယ်။ နောက်ဆုံး (PMI) ဒေတာအရနိုဝင်ဘာမှာ တည်ငြိမ်လာခဲ့ကြောင်း ၂၀၂၃ နိုဝင်ဘာအတွက်ထုတ်ပြန်တဲ့ S & P Globel အာဆီယံထုတ်လုပ်မှုမှတ်တမ်းကဆိုပါတယ်။ အက်ပီ (S & P Globel) ဟာ အဓိကအကျဆုံးအညွှန်းကိန်းဖြစ်တဲ့ ထုတ်ကုန်ဝယ်ယူရေး မန်နေဂျာများရဲ့အညွှန်းကိန်း(Purchasing mananger’s Index -PMI) ကို အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနဲ့ဗီယမ်နမ်နိုင်ငံများရှိ ထုတ်လုပ်သူစုစုပေါင်း ၂၀၀၀ ခန့်ပါဝင်တဲ့အဖွဲ့က ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများထံပေးပို့တဲ့မေးခွန်းလွှာများအတွက်ရရှိတဲ့ ဖြေကြားချက်များကို အခြေခံတွက်ချက်ခဲ့ပါတယ်။

            ယခုနှစ်အစောပိုင်းမှာ လုပ်ငန်းအသစ်များ တိုးလာရခြင်းနဲ့ လက်ကျန်အလုပ်များပြီးစီးအောင်လုပ်ပေးနိုင်မှုကနိုဝင်ဘာလမှာ စင်ကာပူကုန်ထုတ်လုပ်မှု တိုးချဲ့နိုင်ရေးကို ပံ့ပိုးပေးခဲ့တယ်။ သုံးလအတွင်း အမြင့်ဆုံးဖြစ်လာကြောင်း၊ အော်ဒါအသစ်များရရှိမှုမှာသုံးလဆက်တိုက်ကျဆင်းလာခဲ့ပြီး လက်ရှိဝယ်လိုအား အခြေအနေအားပျော့မှုကိုမီးမောင်းထိုးပြလိုက်ကြောင်း စစ်တမ်းမှာ ဖော်ပြထားပါတယ်။

           အဓိကအကျဆုံးဖြစ်တဲ့ (S & P Globel) အာဆီယံထုတ်လုပ်မှု (PMI) အညွှန်းကိန်းဟာအောက်တိုဘာလရဲ့ ၄၉ ဒသမ ၆ ရာခိုင်နှုန်းမှနေပြီးနိုဝင်ဘာမှာသုံးလအမြင့်ဆုံးဖြစ်တဲ့ ၅၀ ဒသမ ၀ ရာခိုင်နှုန်းကိုတက်လှမ်းလိုက်ခြင်းက အာဆီယံထုတ်လုပ်ရေးအခြေအနေများ တည်ငြိမ်နေခဲ့ခြင်းကိုညွှန်ပြနေပါတယ်။ နိုင်ငံအလိုက်ဒေတာမှာ အာဆီယံမှာပါဝင်တဲ့ ခုနစ်နိုင်ငံအနက် သုံးနိုင်ငံထဲက အခြေအနေများ တိုးတက်လာမှုကို မီးမောင်းထိုးပြနေတယ်လို ့ဖော်ပြထားပါတယ်။ အားအကောင်းဆုံးတိုးတက်ထုတ်လုပ်မှုမှတ်တမ်းတင်ခဲ့တာ ဖိလစ်ပိုင်ထုတ်လုပ်သူများဖြစ်ကြပြီး (PMI) အညွှန်းကိန်းကိုသုံးလအတွင်းအမြင့်ဆုံး ၅၂ ဒသမ ၇ မှာမှတ်တမ်းတင်ခဲ့ခြင်းဖြစ်ပါတယ်။

            အင်ဒိုနိးရှားနဲ့ စင်ကာပူတို့မှာ ထုတ်လုပ်မှုအခြေအနေများဟာနိုဝင်ဘာမှာ (PMI) အညွှန်းကိန်း ၅၁ ဒသမ ၇ နဲ့တူညီတဲ့အသားတင်နှုန်းအဖြစ်တိုးတက်လာခဲ့တယ်။ အဆိုပါကာလအတွင်း အင်ဒိုနီးရှားနိုင်ငံတစ်ဝန်း တိုးတက်ထုတ်လုပ်မှုနှုန်းမြန်ဆန်လာပေမဲ့ စင်ကာပူစက်ရုံများလာမှု သုံးလအတွင်း ပထမအကြိမ်တိုးတက်မှု မှတ်တမ်းတင်ခဲ့တယ်။

  အဆိုပါကာလမှာ မြန်မာနိုင်ငံထုတ်လုပ်မှုလုပ်ငန်းအခြေ‌အနေမှာ ပိုမိုပြင်းထန်စွာ ကျဆင်းလာတာ မှတ်တမ်းတင်ခဲ့ပေမဲ့ ခြုံကြည့်ရင်(PMI)အညွှန်းကိန်း ၄၈ ဒသမ ၁ နဲ့ အသင့်အတင့်မျှသာဖြစ်ခဲ့ပါတယ်။

  မလေရှားနိုင်ငံရဲ့ထုတ်လုပ်မှု ကဏ္ဍာဟာ ၁၅ လဆက်တိုက်အကျဘက်မှာရှိနေကြောင်း၊ အဓိကအကျဆုံးအညွှန်းကိန်းမှာ ခုနစ်လအတွင်းအမြင့်ဆုံးဖြစ်တဲ့ ၄၇ ဒသမ ၉ ကိုမြင့်တက်သွားပေမဲ့ ခြုံကြည့်ရ င်အခြေအနေများအခိုင်အမာထုတ်လုပ်နေတာကိုအချက်ပြနေပါတယ်။ ထိုင်းနိုင်ငံရဲ့အဓိကအကျဆုံး(PMI)ညွှန်းကိန်းများ ၄၇ ဒသမ ၆ ဖြစ်ပြီးနိုဝင်ဘာမှာမြင့်တက်လာခဲ့ခြင်းဖြစ်ပေမဲ့ လည်ပတ်မှုအခြေအနေများလေးလဆက်တိုက်ကျဆင်းလာမှုကိုမီးမောင်းထိုးပြနေတယ်လို့လည်းဖော်ပြထားတယ်။

    ဗီယမ်နမ်နိုင်ငံရဲ့အဓိကအကျဆုံး (PMI) ညွှန်းကိန်းဟာနိုဝင်ဘာမှာ ငါးလအတွင်းအနိမ့်ဆုံး ၄၇ ဒသမ ၃ ကိုအားပျော့သွားခဲ့ခြင်းက ထုတ်လုပ်မှုကမ္ဘာတစ်ဝန်း ကျဆင်းမှုအရှိန်ပိုရလာခဲ့တယ်။ ၂၀၂၃ ခုနှစ်ကဒီဇင်ဘာတစ်လတည်းသာကျန်ပါတော့တယ်။ ထုတ်လုပ်မှုတိုးတက်ဖို့ ပံ့ပိုးနိုင်မှုနည်းတယ်။

  ခြုံငုံသုံးသပ်ကြည့်ရင်အာဆီယံထုတ်လုပ်ရေးကဏ္ဍတစ်ခုလုံးရဲ့လည်ပတ်မှုအခြေအနေများဟာနိုဝင်ဘာမှာမပြောင်းမလဲရှိနေခြင်းကနှစ်လကြာတဲ့ကျဆင်းမှုကာလကို အဆုံးသတ်ပစ်လိုက်တယ်။

  အာဆီယံရဲ့အဓိက (PMI) ညွှန်းကိန်းဦးမော့လာမှုအတွက်အဓိကတွန်းအားမှာနိုဝင်ဘာလ စက်မှုထုတ်လုပ်မှု အားကောင်းစွာ တိုးတက်လာရေးဖြစ်ပါတယ်။ အာဆီယံကုန်ထုတ်လုပ်သူတို့ဟာ ၂၀၂၁ ခုနှစ်အောက်တိုဘာမှစပြီး မိမိတို့ထုတ်လုပ်မှုပမာဏများကို လစဉ်တိုးချဲ့နိုင်ခဲ့တယ်။ စက်ရုံများရဲ့ထုတ်လုပ်မှုတိုးလာမှုကိုအဓိကအနေနဲ့ ပံ့ပိုးပေးခဲ့တာဟာ ၂၀၂၃ ခုနှစ်ရဲ့ပထမခြောက်လပတ်အတွင်း စုစည်းမိလာတဲ့လက်ကျန်အော်ဒါများကိုပြီးအောင်လုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း စစ်တမ်းနေရာကထောက်ပြထားပါတယ်။

            အမေရိကန်သာမက စင်ကာပူမှာပါ အိုမီခရွန်မျိုးကွဲတွေဖြစ်တဲ့ အီးဒီ-၅(ED5)၊ အိတ်ဘီဘီတူးပွိုင့်အိတ်စစ် (XBB2.86) (XBB1.5) တို့ ပျံ့နှံ့ကူးစက်လျက်ရှိပါတယ်။ ကိုဗစ်မဖြစ်ရအောင်ကိုဗစ်ကာကွယ်ဆေ

နှစ်ကြိမ်ထပ်ဆင့်မြှင့်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံ့ဖို့လိုအပ်တဲ့အပြင် ကိုဗစ်စည်းမျဉ်းများဖြစ်တဲ့နှာခေါင်းစည်းတပ်ခြင်း၊ လက်ကိုရေ၊ ဆပ်ပြာတို့နဲ့စက္ကန့်၂၀ ကျော်ကြာပွတ်တိုက်ဆေးကြောခြင်း၊ လူတစ်ဦးနဲ့တစ်ဦး ခြောက်ပေခွာခြင်း၊ လူစုယူဝေးရှောင်ခြင်း၊ လေဝင်လေထွက်ကောင်းအောင်စီမံထားခြင်းတို့ လိုအပ်ပါတယ်။ ကိုဗစ်ကာလအတွင်း အီး-ပညာရေး (e_education)၊ အီးကျန်းမာရေး (e-health)၊ အီးဂါဗင့်မင့် (e-government)၊ အွန်လိုင်းမီတင်း (Online meeting) တို့ခေတ်စားလာကာ အွန်လိုင်းရောင်းဝယ်မှု၊ဖြန့်ဖြူးမှုများ တိုးတက်လာခဲ့ပါတယ်။  

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleအမျိုးသမီးတို့၏ မျက်ရည်အာနိသင်
Next Article ၂၀၂၃ လျှပ်တစ်ပြက် သမင်လည်ပြန်
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.