ရွှေကမ္ဘာလုံးဆုရရှိခဲ့သည့် Anatomy of a Fall ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ခဲ့သည့်အပြင် ရုပ်ရှင်ဒါရိုက်တာ တစ်ဦးလည်းဖြစ်သည့် ဆန်မြူရယ်သေ့စ်သည် အဓမ္မပြုကျင့်မှု သံသယဖြင့် ပြင်သစ်အာဏာပိုင်များက စုံစမ်းစစ်ဆေးနေသည်ဟု သိရသည်။
ဇူလိုင်လကုန်ပိုင်းတွင် ရာဇဝတ်မှုတိုင်ကြားချက် တင်သွင်းခဲ့ပြီးနောက် အကြိုစုံစမ်းစစ်ဆေးမှုကိုစ တင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ပြင်သစ်နိုင်ငံ အရှေ့ပိုင်း Metz ရှိ အစိုးရရှေ့နေများက ပြောကြားခဲ့ သည်။
ဒုတိယတိုင်ကြားချက်တစ်ခုကို နိုဝင်ဘာလလယ်ပိုင်းတွင် ရရှိခဲ့သည်ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။
သေ့စ်ရိုက်ကူးခဲ့သည့် “Je lejure(Iswear) ဟုခေါ်သော ရုပ်ရှင်ရိုက်ကူးစဉ် လွန်ခဲ့သောနွေရာသီကာလအတွင်း ယင်းသံသယဖြစ်ဖွယ် အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အသက် ၂၇ နှစ်အရွယ် နည်းပညာရှင် အမျိုးသားက သူသည် တိုက်ခန်းတစ်ခန်းတွင် ရိုက်ကွင်းမှ အဖွဲ့သားများနှင့် အရက်သောက်ခဲ့ ပြီးနောက် လိင်ပိုင်းဆိုင်ရာအပြုအမူ ကျူးလွန်ခံခဲ့ရသည်ဟု ပြောကြား ခဲ့သည်။
အသက် ၄၅ နှစ်အရွယ်သေ့စ်ကမူ သူသည် ပါတီပြီးနောက်မနက်ခင်းတွင် ထိုအမျိုးသားနှင့်နှစ်ဦးသ ဘောတူ လိင်ပိုင်းဆိုင်ရာအပြုအမူရှိခဲ့သည်ဟု ပြောကြားခဲ့သည်။
နည်းပညာရှင်အမျိုးသားက သူသည် လိင်ပိုင်းဆိုင်ရာတိုက်ခိုက်မှု၏ သားကောင်အဖြစ် ခံစားခဲ့ရသည်ဟု သေ့စ်ကို စာတိုပေးပို့ခဲ့ပြီးနောက် အတွင်းပိုင်းစုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
လပေါင်းများစွာကြာ စုံစမ်းစစ်ဆေးချက်အရ အကျင့်ပျက်မှုကျူးလွန်သည်ဟု ယူဆနိုင်သောသက် သေအထောက်အထားသို့မဟုတ် အချက်အလက်တစ်စုံတစ်ရာ တွေ့ရှိခြင်းမရှိကြောင်းသေ့စ်က ပြောကြား ခဲ့ကာ အပြစ်ကင်းစင်မှုကို လေးစားပေးရန် လူအများကို တောင်းဆိုခဲ့သည်။
သေ့စ်သည် ရိုက်ကူးရန်ကျန် ရှိနေသည့် အပိုင်းများအတွက် ကျန်အဖွဲ့သားများကို အဝေးမှသာညွှန် ကြားခဲ့သည်။
ရုပ်ရှင်ထုတ်လုပ်သူများက ရိုက်ကူးမှုကို ပြီးစီးစေရန် နှစ်ဦးလုံးပါဝင်စေလိုပြီး နည်းပညာရှင်၏ စွပ်စွဲချက်များကို အရေးတယူရှိစေချင်သည်ဟု ယင်းဖြစ်စဉ်နှင့် နီးစပ်သော သတင်းအရင်းအမြစ်တစ်ဦးက ပြောကြားခဲ့သည်။
သေ့စ်သည် Anatomy of a Fall ရုပ်ရှင်တွင် ၎င်းကို လသာဆောင်တစ်ခုမှ တွန်းချကာသတ်ပစ်ခဲ့သည့် အမျိုးသမီးတစ်ဦး၏ ခင်ပွန်းဖြစ်သူနေရာတွင် ပါဝင်သရုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ယင်းရုပ်ရှင်သည် မေလက ကိန်းရုပ်ရှင်ပွဲတော်တွင် ထိပ်ဆုံးဆုကိုရရှိခဲ့သည့်အပြင် ယခုသီတင်းပတ်တွင် ရွှေကမ္ဘာလုံးဆုနှစ်ဆုရရှိခဲ့ကာ အော်စကာဆုအတွက် ရေပန်းစားလျက်ရှိသည်။
သေ့စ်ကို အာဏာပိုင်များက စုံစမ်းစစ်ဆေးလျက်ရှိပြီး သူသည်သတင်းစာဖတ်ချိန်၌ ၎င်းကိုရာဇဝတ်မှု တိုင်ကြားထားသည့်အကြောင်းကို သိရှိခဲ့သည်ဟု ဆိုသည်။