Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Friday, May 23
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Uncategorized 0 Views

အမျိုးသမီးတို့၏ မျက်ရည်အာနိသင်

January 14, 20242 Mins Read
Share
Facebook Twitter

သာမန်လူတစ်ယောက်အနေဖြင့် သတ္တဝါအားလုံးတို့၏ မျက်လုံးအိမ်၌ မျက်ရည်များ ရှိ မရှိ  သေချာတတ်အပ်မသိနိုင်၊ မပြောနိုင်သော်လည်း အခြေအနေတူ ရုပ်ပိုင်းဆိုင်ရာဖွဲ့စည်းမှုတူသည့် လူသားတို့၏ မျက်လုံးအိမ်တွင် မျက်ရည်များရှိနေသည်ကိုတော့ ပြောနိုင်ကြလိမ့်မည်။ မည်ကဲ့သို့ဓာတ်ပြု၍ ဖြစ်လာ သည်ကို မသိသော်လည်း လူသားတစ်ဦးအနေဖြင့် စိတ်တွင်တစ်စုံတစ်ရာခံစားမှု ဖြစ်ပေါ်လာခဲ့ပါက မျက်လုံးအိမ်မှ မျက်ရည်များ စီးကျလာတတ်သည်ကို တွေ့မြင်လေ့ရှိသောကြောင့်ဖြစ်၏။    

လူသားတို့မျက်ရည်နှင့်ပတ်သက်၍ ရေးသားမှုများကိုဖတ်ရှုလေ့လာရာ၌ မျက်လုံးအိမ်မှကျဆင်းလာသော မျက်ရည်များတွင် အမျိုးမျိုးရှိနေသည်ဟုရေးသားထားကြသည်။  ပုံမှန်သဘာဝအားဖြင့်ဖြစ်ပေါ်လာသည့် ဘေဆယ်မျက်ရည် (Basal Tears)၊ တုံ့ပြန်မျက်ရည် (Reflex Tears) နှင့် စိတ်ခံစားမှုကြောင့် ကျရ သည့် မျက်ရည် (Emotional Tears) ဟူ၍ရှိကြသည်ဟုဆိုသည်။ ဘေဆယ်မျက်ရည်သည် မျက်လုံးကို အဆီဓာတ်ဖြည့်ပေးသည်။ တုံ့ပြန်မျက်ရည်သည် ပြင်ပမှ မီးခိုးများ၊ ဖုန်မှုန့်များ မျက်လုံးအတွင်းသို့ ဝင်ရောက်လာခြင်းကြောင့် ယားယံကျိန်းစပ်ခြင်း ခံစားရကာ ထွက်လာတတ်သည်။ စိတ်ခံစားမှုကြောင့် ကျသည့်မျက်ရည်မှာမူ ဝမ်းနည်းပူဆွေးဖွယ်ရာများနှင့် တွေ့ကြုံရသည့်အခါဖြစ်စေ၊ ဝမ်းသာပျော်ရွှင်စရာများ ခံစားရသည့်အခါဖြစ်စေ စီးကျလာသည့် မျက်ရည်ဟုဆိုသည်။ 

ယခု အမျိုးသမီးများ၏ မျက်ရည်နှင့်ပတ်သက်၍ လေ့လာတွေ့ရှိချက်တစ်ခု ပေါ်ထွက်လာသည်။ အမျိုးသမီးတို့၏မျက်ရည်၌ အမျိုးသားများ၏ရန်လိုစိတ်နှင့် အမျက်ဒေါသထကြွမှုကိုဟန့်တားစေသည့် အရာများ ပါဝင်သည်ဟူသောအချက်ဖြစ်သည်။ ထိုတွေ့ရှိချက်မထွက်ပေါ်ခင်ကတည်းက အမျိုးသမီးတို့၏ လက်နက်သည် မျက်ရည်ဖြစ်သည်ဟူသောစကားကို လူအတော်များများ ကြားဖူးလိမ့်မည်။ လက်တွေ့ဘဝတွင် အမျိုးသမီးများနှင့် အမျိုးသားတို့ကြား ပြဿနာကိစ္စတစ်စုံ တစ်ရာဖြစ်ပေါ်လာချိန်၌ အမျိုးသမီးတို့၏စိတ်တွင် ဝမ်းနည်းမှုများ ဖြစ်ပေါ်ကာ ငိုယိုမှုများဖြင့် ပြဿနာအပေါ် အနိုင်ယူတတ်လေ့ရှိသည့်သဘာဝကိုလည်း သိကြသည်။ ထို့ကြောင့် အမျိုးသမီးတို့မျက်ရည်၏ အစွမ်းရှိမှုကို တင်စားသည့်အနေဖြင့် အမျိုးသမီးတို့၏လက်နက်သည် ၎င်းတို့၏မျက်ရည်ဖြစ်ကြောင်း တင်စားပြောဆိုခြင်း ဖြစ်သည်ဟု ထင်မိသည်။      

ယခုဖတ်ရှုရသည့်အချက်မှာ အကယ်ဒမစ်သုတေသနဂျာနယ် PLOS Biology  တွင် ဖော်ပြထားသည့် မျက်ရည်နှင့်ပတ်သက်သည့်သုတေသနတွေ့ရှိချက်ဖြစ်သည်။ အဆိုပါသုတေသနဆောင်းပါးထဲတွင် ဖော်ပြထားသောရလဒ်၌ အမျိုးသမီးများ၏ မျက်ရည်တွင် အမျိုးသားများ၏ ရန်လိုသောအပြုအမှုကို ဟန့်တားစေသည့် ဓာတုပစ္စည်းများပါဝင်နေကြောင်း တွေ့ရှိထားသည်ဟုဆိုသည်။ 

အစ္စရေးနိုင်ငံရှိ သုတေသနအဖွဲ့တစ်ခု ဖြစ်သည့် ဝိုက်ဇ်မန်းသိပ္ပံ အင်စတီကျု (Weizmann Institute of Science) မှ Shani Agron ဆိုသူ ဦးဆောင်လေ့လာခဲ့သည် အဆိုပါသုတေသန၌ မျက်ရည်ကို အနံ့ခံခြင်း၊ ရှူရှိုက်ခြင်းတို့သည် ရန်လိုမှုနှင့်ဆက်စပ်မှုရှိသည့်ဦးနှောက်လုပ်ဆောင်ချက်ကို လျော့ကျစေပြီး ရန်လိုသည့် အပြုအမူတို့နည်းပါးစေသည့် အကျိုးရလဒ်ဖြစ်စေကြောင်းလည်း ဖော်ပြထားသည်။          

 သုတေသနပညာရှင်များက  ရှဥ့်နှင့်ကြွက်တို့ကို လေ့လာရာတွင် အထီးသတ္တများ၏ ရန်လိုမှုသည် အမသတ္တဝါများ၏ မျက်ရည်ကို အနံ့ခံမိသောအခါတွင် ရပ်တန့်သွားသည်ဟုတွေ့ရှိထားသည်။ ထိုအချက်သည်  တိရိစ္ဆာန်များတွင် ယေဘုယျသဘာဝဖြစ်သော်လည်း လူသားများတွင်မူ အဖြစ်နည်းသော သို့မဟုတ် နားလည်မှုနည်းသော လူမှုဓာတုဆိုင်ရာ လက္ခဏာသင်္ကေတ ဥပမာတစ်ခု ဖြစ်သည်ဟုဆိုသည်။

    လူသားတို့တွင်  မျက်ရည်၏သက်ရောက်မှုသည် တိရစ္ဆာန်များကဲ့သို့ တူညီသောအခြေအနေရှိ၊ မရှိဆုံးဖြတ်နိုင်ရန်အတွက် သုတေသီတို့သည် အသက် ၂၂နှစ်မှ ၂၅ နှစ်ကြားရှိ အမျိုးသမီးခြောက်ဦးထံမှ စိတ်ခံစားမှုပါသော မျက်ရည်များစုဆောင်း၍ အသုံးပြုခဲ့သည်။ အမျိုးသား ၂၆ ဦးကိုလည်း ရန်လိုမှုကိုလှုံ့ဆော် စေသည့် ဒီဇိုင်းဖြင့်ပြင်ဆင်ထားသော  ကွန်ပျူတာဂိမ်းတစ်ခုကစားစေ၍ စမ်းသပ်ခဲ့ကြသည်။  

    ပါဝင်သူများသည် ကွန်ပျူတာစနစ်ရှိ ပြိုင်ဘက်နှင့် ယှဉ်ပြိုင်ကစားခဲ့ကြပြီး  ပြိုင်ဘက်ကို လိမ်လည်လှည့်စားသည့် လူသားကစားသမားတစ်ဦးဖြစ်သည်ဟု ယူဆလျက်အဆိုပါပြိုုင်ဘက်အပေါ် ရန်လိုစိတ်၊ လက်စားချေလိုစိတ် ဖြစ်ပေါ်လာသည့် အကြိမ်အရေအတွက်ကို တွက်ချက်ခြင်းဖြင့် အမျိုးသားများ၏ ရန်လို မှုကို တိုင်းတာခဲ့သည်။ စမ်းသပ်မှု၏ဒုတိယအပိုင်းတွင်တူညီသောဂိမ်းကို ကစားစေပြီး အမျိုးသားများ၏ ဦးနှောက်လုပ်ဆောင်ချက်ကို စောင့်ကြည့်ကာ သံလိုက်စွမ်း အားဖြင့် ပုံဖော်သည့် MRI စကန်နာ (Magnetic Resonance Imaging Scanner) သုံး၍ ထပ်ခါတလဲလဲလေ့လာကြည့်သည်ဟုဆိုသည်။ အမျိုးသားများသည် အမျိုးသမီးများ၏ မျက်ရည်ကို ရှူရှိုက်မိခဲ့သောအခါ ရန်လိုမှု၊ လက်စားချေတုံ့ပြန်လိုမှုတို့၌ တက်တက်ကြွကြွ၊ ပြင်းပြင်းထန်ထန် ဖြစ်မလာတော့။ တစ်ဦးချင်းအခြေ အနေအရ ဦးနှောက်လုပ်ဆောင်ချက်တွင်ကွာခြားမှုပိုများလေလေ၊ ရန်လိုမှုအကြိမ်ရေပို၍ နည်းပါးလေဖြစ်သည်ဟု မှတ်ချက်ပြုကြသည်။   

    စမ်းသပ်မှုနှစ်ခုစလုံးတွင် ပါဝင်သော အမျိုးသားများသည် အမျိုးသမီးများ၏ ခံစားမှုကြောင့် ကျလာသောမျက်ရည်ကို ရှုရှိုက်မှု၊ အနံ့ခံမှုပြုလုပ်ပြီးနောက် ရန်လိုသည့် အပြုအမူ ၄၃ ဒသမ ၇ ရာခိုင်နှုန်း နည်းပါးသွားကြောင်း တွေ့ရှိခဲ့ရသည်ဟုဆိုသည်။ မျက်ရည်၊ ဦးနှောက်လုပ်ဆောင်ချက်နှင့် ရန်မူလိုသောအပြုအမူတို့ ကြား ဆက်စပ်မှုကိုလေ့လာခြင်းဖြင့် သတ္တဝါတို့၏ သဘောသဘာဝကို  ပိုမိုသိရှိလာရုံသာမက လူတို့တွင်ဖြစ်ပေါ်လာနိုင်သည့်ရန်လိုမှုနှင့်ပတ်သက်၍ လူမှုဆိုင်ရာဓာတုအချက်ပြမှု (Social Chemosignaling) ကိုပါ သဘောပေါက်လာစေသည်။       

    လေ့လာမှုပြုသူများက  “ကြွက်သတ္တဝါများကဲ့သို့ လူသားတို့မျက်ရည်တွင်လည်း အထီး (အမျိုးသား) တို့၏ ရန်လိုမှုကို ဟန့်တားစေသည့် ဓာတုဆိုင်ရာအချက်ပြမှု (Chemical Signal) တို့ပါဝင်နေသည်ဟု သိခဲ့ရကြောင်း ရေးသားဖော်ပြထားသည်။ စိတ်ခံစားမှုကြောင့်ဖြစ်ပေါ်လာသော မျက်ရည်သည် ထူးခြားသော ဓာတုဆိုင်ရာသက်ရောက်မှုမျာရှိနိုင်သည့်အချက်မှာ စိတ်ဝင်စားဖွယ်တွေ့ရှိမှုဖြစ်သည်။ သေချာသည်မှာ “ မျက်ရည်ချူသည်” ၊ “မျက်ရည်လက်နက်”  စသဖြင့် ယခင်ကတည်း ကြားဖူးခဲ့သည့် အမျိုးသမီးများ၏ မျက်ရည်အစွမ်းအာနိသင်နှင့်ပတ်သက်၍ ပ္ပံနည်းကျလေ့လာမှုဖြင့် ပိုမိုတိကျခိုင်မာသော အဖြေရရှိလာသည်ဟုသာ ဆိုရပေမည်။ ထပ်မံပြုလုပ်ကြမည့် မျက်ရည်နှင့် ပတ်သက်သော သုတေသနများတွင်ပိုမိုအသေးစိပ်သည့် ထူးထူးခြားခြားတွေ့ရှိချက်များလည်း ပေါ်ထွက်လာနိုင်ပေ သည်။  

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous ArticleAnatomy of a Fall သရုပ်ဆောင် သေ့စ် အဓမ္မပြုကျင့်မှုသံသယဖြင့် စုံစမ်းစစ်ဆေးခံနေရ
Next Article ယနေ့ကိုဗစ်နှင့် ကမ္ဘာ
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.