Author: admin

ပရီးမီးယားလိဂ်နောက်ဆုံး (၆)ပွဲတွင် (၁)ပွဲသာ အနိုင်ရခဲ့သည့် လက်ရှိချန်ပီယံ မန်စီးတီးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် ချန်ပီယံဆုကို ဆက်လက်ရယူရန် ထိပ်ဆုံးမှ ရေပန်းစားနေဆဲဖြစ်သော်လည်း ချန်ပီယံဖြစ်နိုင်ခြေအလားအလာမှာ ရာသီမစတင်မီကနှင့် နှိုင်းယှဉ်လျှင် (၅၀) ရာခိုင်နှုန်းကျော် လျော့ကျခဲ့ကြောင်း Opta က ဖော်ပြခဲ့သည်။ ဂွါဒီယိုလာ၏ မန်စီးတီးအသင်းသည် အောက်တိုဘာလလယ်ပိုင်းလောက်ကတည်းက ပရီးမီးယားလိဂ်တွင် ရုန်းကန်ခဲ့ရပြီး (၆) ပွဲကစားရာတွင် (၁) ပွဲသာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်တွင် ချယ်လ်ဆီးကို (၄-၄) ဂိုး၊ လီဗာပူးလ်ကို (၁-၁) ဂိုး၊ စပါးကို (၃-၃) ဂိုးတို့ြ့ဖင့် ဆက်တိုက်သရေကျပြီး အက်စတွန်ဗီလာကို (၀-၁)ဂိုး ဖြင့် ရှုံးနိမ့်ခဲ့သည်။ ယင်းနောက် လူတန်အသင်းကို (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဒီဇင်ဘာ(၁၆) ရက်က ကစားခဲ့သည့်ပွဲတွင်မူ ခရစ္စတယ်ပဲလေ့စ်အသင်းကို (၂-၂) ဂိုးဖြင့် သရေကျခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၁၇) အပြီးတွင် ရမှတ် (၃၄)မှတ်ဖြင့် အဆင့် (၄)နေရာ ရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ အာဆင်နယ် (၃၉ မှတ်)နှင့် (၅) မှတ်ကွာဟနေသည်။ မန်စီးတီးအသင်းသည် ယခုရာသီ မစတင်မီက Opta စူပါကွန်ပျူတာ၏ ခန့်မှန်းချက်အရ ချန်ပီယံဖြစ်ရန် (၉၀.၂) ရာခိုင်နှုန်းအထိ အလားအလာရှိခဲ့သော်လည်း ယခုအခါ ချန်ပီယံဖြစ်နိုင်ခြေအလားအလာ (၃၉.၃) ရာခိုင်နှုန်းသာရှိတော့ပြီး ရာသီ မစတင်မီကနှင့်စာလျှင့် (၅၀.၉) ရာခိုင်နှုန်းအထိ လျော့ကျခဲ့ခြင်းဖြစ်သည်။ ပရီးမီးယားလိဂ်တွင် မန်စီးတီးအသင်း ချန်ပီယံဖြစ်နိုင်ခြေအလားအလာ လျော့ကျသွားသည်နှင့်အမျှ အာဆင်နယ်၊…

Read More

အာဆင်နယ်ကွင်းလယ်ကစားသမားဟောင်း ပီတစ်က အင်္ဂလန်ဂိုးသမား ရမ်းစ်ဒေးလ်အား အသင်းမှထွက်ခွာရန် တိုက်တွန်းပြောကြားခဲ့သည်။ ရမ်းစ်ဒေးလ် (၂၅ နှစ်)သည် ပြီးခဲ့သည့်ရာသီက အာဆင်နယ်အသင်းတွင် လက်စွမ်းပြခဲ့သော်လည်း ယခုရာသီတွင် စပိန်ဂိုးသမား ရာယာ ရောက်လာရှိပြီးနောက် ပွဲထွက်ခွင့် ပျောက်ဆုံးနေသူဖြစ်သည်။ ပီတစ်က ”ကျွန်တော်သာ ရမ်းစ်ဒေးလ်ဆိုရင် လာမယ့်ဇန်နဝါရီမှာ အသင်းက ထွက်ခွာမှာပါ။ အခုဆိုရင် ရမ်းစ်ဒေးလ်အနေနဲ့ နေ့စဉ်နေ့တိုင်း ငါ ဘာများမှားလို့ ပထမဂိုးသမားနေရာကို ဆုံးရှုံးခဲ့တာလို့ တွေးပြီး စိတ်ဆင်းရဲနေမှာပါ။ ပြီးတော့ ယူရိုပြိုင်ပွဲလည်း ရှိသေးတာကြောင့် သူ့အနေနဲ့ အာဆင်နယ်က ထွက်ခွာသင့်ပါတယ်”ဟု ပြောကြားခဲ့သည်။

Read More

ဘာစီလိုနာနည်းပြ ဇာဗီက အသင်းကွင်းလယ်ကစားသမား ဂါဗီ၏ နေရာတွင် အစားထိုးရန်အတွက် လာမည့်ဇန်နဝါရီတွင် ကစားသမားသစ် ခေါ်ယူရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ အသက် (၁၉) နှစ်အရွယ်ရှိ ဂါဗီသည် နိုဝင်ဘာလတွင် စပိန်လက်ရွေးစင်အသင်းအတွက် ကစားရင်း ဒူးအရွတ်ကြောဒဏ်ရာရရှိခဲ့ပြီး ယင်းဒဏ်ရာကြောင့် ယခုရာသီကုန်အထိ အနားယူရမည်ဖြစ်ကြောင်း သိရှိရသည်။ ထို့ကြောင့် ဇာဗီက မိမိတို့အနေဖြင့် လာမည့်ဇန်နဝါရီတွင် ဂါဗီ၏နေရာတွင်အစားထိုးရန်အတွက် ကစားသမားသစ် ခေါ်ယူရန်လိုအပ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ဇာဗီက ”ကျွန်တော်တို့အနေနဲ့ အသင်းအင်အားဖြည့်တင်းဖို့ စီစဉ်နေပါတယ်။ ဇန်နဝါရီမှာဖြစ်ဖြစ်၊ လာမယ့်နွေမှာဖြစ်ဖြစ်ပေါ့။ ဂါဗီနေရာကို အစားထိုးဖို့ ဂါဗီလို ကစားသမား လိုပါတယ်။ ဒါက ခက်တော့ ခက်မှာပါ”ဟု ဆိုခဲ့သည်။ ဘာစီလိုနာသည် အဲဗာတန်ကွင်းလယ်လူ အိုနာနာကို စိတ်ဝင်စားနေကြောင်း သိရသည်။

Read More

မြန်မာနိုင်ငံ လူဦးရေ သုံးပုံတပုံ သို့မဟုတ် လူ ၁၈ သန်းကျော်သည် လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသည်ဟု ကုလသမဂ္ဂက ဒီဇင်ဘာ ၁၈ ရက်နေ့တွင် သတိပေးလိုက်ပြီး ထိုလိုအပ်ချက်အတွက် ၂၀၂၄ ခုနှစ်တွင် ဒေါ်လာ ၁ ဘီလီယံ အလှူငွေ တောင်းခံသည်။ မြန်မာနိုင်ငံတွင် လွန်ခဲ့သော သုံးနှစ်နီးပါး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက အာဏာသိမ်းပြီးနောက် လူသားချင်းစာနာမှု အခြေအနေ ဆိုးရွားလာကြောင်း ကုလသမဂ္ဂက ဖော်ပြသည်။ “၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် အရပ်သားများသည် အကြောက်တရားဖြင့် နေထိုင်ရပြီး ပိုမိုနက်ရှိုင်းလာသည့် လူသားချင်းစာနာမှု အကျပ်အတည်းဖြင့် မြန်မာသည် ၂၀၂၄ ခုနှစ်တွင် ချောက်ကမ်းပါးထိပ်တွင် ရှိနေသည်” ဟု ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြသည်။ လတ်တလော လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသူ ၁၈ ဒသမ ၆ သန်းဆိုသည့် အရေအတွက်သည် ယခင်တနှစ်ကထက် ၁ သန်း ပိုမိုများပြားလာပြီး အာဏာမသိမ်းမီ ၂၀၂၀ ပြည့်နှစ်ကထက် ၁၉ ဆ ပိုမိုများလာသည်။ “နေရပ်စွန့်ခွာရခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးအဆက်ပြတ်ခြင်း၊ အစားအစာ မလုံလောက်ခြင်း၊ အာဟာရချို့တဲ့ခြင်းနှင့် အတင်းအကျပ် စစ်သားစုဆောင်းခြင်းနှင့် စိတ်ဖိစီးမှု အပါအဝင် အကာအကွယ် ကင်းမဲ့ခြင်းများကြောင့် ကလေးငယ်များသည် အကျပ်အတည်း၏ဒဏ်ကို အဆိုးရွားဆုံးခံရသည်” ဟု မြန်မာဆိုင်ရာ လူသားချင်းစာနာမှု…

Read More

အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)ရန် ကုန်တွင် (၃၅) ကြိမ်မြောက် အသည်းအစား ထိုး ခွဲစိတ်ကုသမှု အောင်မြင်စွာ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းတွင် ကျန်းမာ‌ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါ မောက္ခ ဒေါက်တာ သက်ခိုင်ဝင်းသည် ညွှန် ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် အတူ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန် ကုန်တွင် (၃၅) ကြိမ်မြောက် အသည်းအစား ထိုးခွဲစိတ်ကုသမှုဆောင်ရွက်ခဲ့သော လူနာ နှင့် အသည်းအလှူရှင်တို့ကို ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။ အသည်းအစားထိုး ခွဲစိတ်ကုသသည့် လူနာသည် အသက် ၂၉ နှစ်အရွယ် အမျိုး သားဖြစ်ပြီး အသည်းအလှူရှင်သည် ၎င်း၏ညီမဝမ်းကွဲတော်စပ်သူ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးဖြစ်ကြောင်း၊ အဆိုပါအသည်းအစားထိုး ခွဲစိတ်ကုသမှုကို နံနက် ၇ နာရီမှ ညနေ ၃ နာရီခွဲအထိ အောင်မြင်စွာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသပြီး လူနာနှစ်ဦးကို အထူးကြပ်မတ်ကုသဌာန၌ ထားရှိ၍ လိုအပ်သောကျန်းမာရေး စောင့်ရှောက်မှုများ ဆက်လက် ကြီးကြပ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ အဆိုပါ အသည်းအစားထိုးခွဲစိတ်ကုသမှုကို ကျန်းမာရေးဝန်ကြီးဌာန၏ ကြီးကြပ် ညွှန်ကြားမှုနှင့် ကုသရေးဦးစီးဌာန၏ အနီး ကပ် ပံ့ပိုးမှုတို့ဖြင့် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်း ဦးဆောင်သော ပြည်သူ့ဆေး ရုံကြီးများတွင် အသည်းအစားထိုးခွဲစိတ်မှု အောင်မြင်စွာ ပြန်လည်ဆောင်ရွက်နိုင်ရေး လုပ်ငန်းအဖွဲ့၊ ပါမောက္ခ/ဌာနမှူး (အသည်း နှင့် သည်းခြေလမ်းကြောင်းခွဲစိတ်) ပါမောက္ခ ဒေါက်တာစိုင်းအောင်ညွန့်ဦး…

Read More

ယူကရိန်း၊ အမေရိကန်နှင့် ဥရောပအနေဖြင့် ယူကရိန်း၏ အနာဂတ်နှင့်ပတ်သက်၍ ဆွေးနွေးရန် ဆန္ဒရှိပါက ရုရှားသည်လည်း ဆွေးနွေးရန် အသင့်ရှိနေကြောင်း သမ္မတဗလာဒီမာပူတင်က ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ သို့သော် ရုရှားအနေဖြင့် ၎င်း၏အမျိုးသားအကျိုးစီးပွားကို ကာကွယ်သွားမည်ဖြစ်ကြောင်း ပူတင်က ဆိုသည်။ ၂၀၂၂ ခုနှစ်တွင် ယူကရိန်းနိုင်ငံထဲသို့ တပ်ဖွဲ့ဝင်များစေလွှတ်ခဲ့သည့် ပူတင်သည် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန်အသင့်ရှိနေသည်ဟု မကြာခဏပြောဆိုလေ့ရှိသော်လည်း ၎င်းက အမှန်တကယ်လှုပ်ရှားမှုကို မလုပ်ဆောင်မီ လာမည့်နှစ် နိုဝင်ဘာလတွင် ပြုလုပ်မည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲကို စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း အနောက်နိုင်ငံများ၏ တာဝန်ရှိသူများက ဆိုသည်။ “ရုရှားအပေါ် ရန်လိုနေတဲ့ ယူကရိန်းသားတွေနဲ့ ဥရောပနဲ့ အမေရိကန်က တာဝန်ရှိသူတွေအနေနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ဆန္ဒရှိတယ်ဆိုရင် ဆွေးနွေးခွင့်ပေးမှာပါ။ ဒါပေမဲ့ မိမိတို့ရဲ့ အမျိုးသားအကျိုးစီးပွားကို အခြေခံပြီး ဆွေးနွေးမှာဖြစ်တယ်” ဟု မော်စကိုမြို့တွင် ကာကွယ်ရေးဝန်ကြီးဌာန ခေါင်းဆောင်ပိုင်းနှင့် အစည်းအဝေးပြုလုပ်စဉ် ပူတင်က ပြောကြားခဲ့သည်။ ရုရှားအနေဖြင့် ဥရောပနှင့် စစ်ဖြစ်ရန် မရည်ရွယ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ယူနီယံ ပြိုကွဲစဉ်က ယူကရိန်း၏ ပိုင်နက်နယ်မြေ တစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထားသည့် နယ်မြေ ၁၇ ဒသမ ၅ ရာခိုင်နှုန်းခန့်ကို ရုရှားက ထိန်းချုပ်ထားသည်။ ရုရှားက ခရိုင်းမီးယားကျွန်းဆွယ်ကို ၂၀၁၄ ခုနှစ်တွင် သိမ်းယူခဲ့ပြီး ယမန်နှစ်ကလည်း ယူကရိန်း၏ နောက်ထပ်နယ်မြေဒေသလေးခုကို ရုရှား၏ပိုင်နက်အဖြစ် ကြေညာခဲ့သည်။ ယူကရိန်းကမူ ၎င်းတို့နယ်မြေထဲမှ ရုရှားစစ်သားများကို တစ်ယောက်မကျန် မောင်းထုတ်နိုင်သည်အထိ တိုက်ခိုက်သွားမည်ဟု…

Read More

မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်အင်အား တည်ဆောက်မှုကို အရှိန်မြှင့်တင်မည်ဖြစ်ကြောင်း ခေါင်းဆောင် ကင်ဂျုံအွန်က အခိုင်အမာပြောကြားခဲ့ပြီး အမေရိကန်အနေဖြင့်လည်း ဆုံးဖြတ်ချက်မမှားစေရန် ၎င်းက သတိပေးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဒီဇင်ဘာ ၁၉ ရက်တွင် ဖော်ပြခဲ့သည်။ ကင်သည် မြောက်ကိုရီးယား၏ စွမ်းအားအကြီးဆုံး တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုကို ကြီးကြပ်ခဲ့ပြီးနောက် ယင်းသို့ပြော ကြားခဲ့ခြင်းဖြစ်သည်။ အမေရိကန်၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ယူအက်စ်အက်စ် မစ်ဆူရီ ဘူဆန်ဆိပ်ကမ်းတွင် ဆိုက်ကပ်ခဲ့ပြီးတစ်ရက်အကြာ ဒီဇင်ဘာ ၁၈ ရက်က မြောက်ကိုရီးယားသည် အခဲလောင်စာသုံး ဟွာဆုန်-၁၈ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့သည်။ မြောက်ကိုရီးယားက နျူကလီးယားဖြင့် တိုက်ခိုက်မည်ဆိုလျှင် ကင်ဂျုံအွန်အစိုးရ၏ ဇာတ်သိမ်းခန်း ဖြစ်လာမည်ဟု အမေရိကန်နှင့် တောင်ကိုရီးယားက သတိပေးပြီးနောက် မြောက်ကိုရီးယားက ယင်းစမ်းသပ်မှုကို လုပ်ဆောင်ခဲ့ခြင်းလည်းဖြစ်သည်။ ယင်းသည် မြောက်ကိုရီးယားက အခဲလောင်စာသုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုကို တတိယအကြိမ် ပြုလုပ်ခြင်းဖြစ်ကာ ယခုနှစ် ဧပြီလနှင့်ဇူလိုင်လကလည်း ယင်းသို့စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။ မြောက်ကိုရီးယားက လတ်တလောစမ်းသပ်ခဲ့သည့် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်သည် အကွာအဝေးအားဖြင့် ကီလိုမီတာ ၁၅,၀၀၀ ကျော်အထိ ရောက်ရှိနိုင်ပြီး အမေရိကန်ပြည်ထောင်စု တစ်ခုလုံးကို ရောက်ရှိနိုင်သည်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။ အမေရိကန် ပြည်ထောင်စုအထိရောက်ရှိနိုင်တဲ့ ၎င်းဒုံးကျည်ကို စမ်းသပ်ခြင်းသည် ရန်ဘက်အင်အားစုများကို ပြတ်ပြတ်သားသား သတိပေးခြင်းဖြစ်ပြီး အမေရိကန်ကမှား ယွင်းစွာဆုံးဖြတ်ခဲ့ပါက မြောက်ကိုရီးယား၏ ရွေးချယ်စရာနည်းလမ်းများကို ပြသခြင်းဖြစ်သည်ဟု ကင်က ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။ ပန်းရောင်သားမွေးအကျႌ ဝတ်ဆင်ထားသည့် သမီးဖြစ်သူနှင့်အတူ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုကို လာရောက်ကြည့်ရှုခဲ့သည့် ကင်သည် မြောက်ကိုရီးယား၏…

Read More

မန်ယူအသင်းသည် အသင်းတွင် ဆက်လက်ထိန်းသိမ်းထားလိုခြင်းမရှိသည့် ကက်စီမီရို၊ ဗာရန်း၊ ဆန်ချိုနှင့် မာစီယဲလ်တို့၏ အပြောင်းအရွှေ့အတွက် ဆော်ဒီကလပ်များနှင့် ဆွေးနွေးရန် စီစဉ်နေပြီး ဘောလုံးဒါရိုက်တာ ဂျွန်မာတောက်သည် ဆော်ဒီနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ မန်ယူအသင်းသည် နည်းပြ တန်ဟက်ဂ်နှင့် ဆက်ဆံရေးအဆင်မပြေသည့် ဆန်ချိုအပါအဝင် တန်ဟက်ဂ် အကြိုက်မတွေ့သော ဗာရန်း၊ ကက်စီမီရိုနှင့် မာစီယဲလ်တို့ကိုလည်း ရောင်းထုတ်ရန် စီစဉ်နေခြင်း ဖြစ်သည်။ မန်ယူအသင်းသည် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလ၌ ကစားသမားသစ်များ အားဖြည့်ခေါ်ယူနိုင်ရန်အတွက် အဆိုပါကစားသမားများကို ရောင်းထုတ်ကာ ငွေကြေးရှာဖွေလိုသော်လည်း ဆော်ဒီကလပ်အသင်းများက အပြောင်းအရွှေ့လှုပ်ရှားမှုများကို နွေရာသီမှသာ အဓိကပြုလုပ်လိုသည့်အတွက် ဇန်နဝါရီတွင် အပြောင်းအရွှေ့ဖြစ်မြောက်ရန် မလွယ်ကူကြောင်းလည်း ဗြိတိန်မီဒီယာများက သုံးသပ်ဖော်ပြခဲ့သည်။ မန်ယူအသင်းသည် ရီးယဲလ်အသင်းမှ ပြင်သစ်နောက်ခံလူ ဗာရန်းကို ၂၀၂၁ နွေရာသီနှင့် ဘရာဇီးလ်ကွင်းလယ်ကစားသမား ကက်စီမီရိုကို ၂၀၂၂ နွေရာသီတွင် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် နည်းပြ တန်ဟက်ဂ်က နှစ်ဦးစလုံးကို နေရာပေးလိုခြင်းမရှိသည့်အတွက် ရောင်းထုတ်ရန် စီစဉ်ခြင်းလည်းဖြစ်သည်။ ကက်စီမီရို နှင့် ဗာရန်းတို့ကို ဆော်ဒီကလပ်များက ခေါ်ယူရန် စိတ်ဝင်စားနေကြကြောင်းလည်း သိရသည်။

Read More

ကမ္ဘာ့လိဂ်ပြိုင်ပွဲများအဖွဲ့ချုပ် သည် ၂၀၂၅ ခုနှစ်မှ စတင်ပြီး ပြိုင်ပွဲဝင်အသင်း (၃၂)သင်းအထိ တိုးချဲ့ယှဉ်ပြိုင်သွားမည့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ပတ်သက်၍ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ထံသို့ ကန့်ကွက်စာ ပေးပို့ခဲ့ကြောင်း သိရှိရသည်။ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲသည် ၂၀၂၃ ခုနှစ်အထိ အသင်း (၇) သင်းသာ ယှဉ်ပြိုင်နေသည့် ပြိုင်ပွဲအဖြစ်မှ ၂၀၂၅ ခုနှစ်မှ စတင်ကာ (၃၂) သင်းသို့ တိုးချဲ့ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြိုင်ပွဲကာလအားဖြင့်လည်း ကမ္ဘာ့ဖလားနှင့် ယူရိုပြိုင်ပွဲတို့ကဲ့သို့ (၁) လ ဝန်းကျင်အထိ ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။ (၃၂)အသင်းအထိ ယှဉ်ပြိုင်မည်ဖြစ်သဖြင့်လည်း ဇူလိုင်လလယ်မှသာ ပြိုင်ပွဲပြီးဆုံးမည်ဖြစ်ပြီး ပုံမှန် ပရီးမီးယားလိဂ်ပြိုင်ပွဲမစတင်မီ (၄) ပတ်အလိုနှင့် ကွန်မြူနတီဒိုင်းပြိုင်ပွဲစတင်ရန် (၃) ပတ်အလိုအထိ ရောက်ရှိနေရာ ပရီးမီးယားလိဂ်ကလည်း ပြင်းထန်စွာဝေဖန်ခဲ့သလို၊ ယခုအချိန်တွင် ကမ္ဘာ့လိဂ်ပြိုင်ပွဲများအဖွဲ့ချုပ်ကလည်း ဖီဖာသည် ငွေမျက်နှာတစ်ခုတည်းကြည့်သည်ဆိုသည့် စွပ်စွဲမှုဖြင့် ကန့်ကွက်စာပို့ခဲ့ခြင်းဖြစ်သည်။ ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့အစည်း (PFA) ၏ အမှုဆောင်ချုပ်ဖြစ်သူ မာဟီတာမိုလန်ဂိုက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ ဖီဖာကလပ်ကမ္ဘာ့ဖလား တိုးချဲ့သည့်အစီအစဉ်မှာ ကစားသမားများကို စစ်တုရင်မှ နယ်ရုပ်ကလေးများကဲ့သို့ သဘောထားပြုမူခြင်းဖြစ်ကြောင်း ဝေဖန်ပြစ်တင်ခဲ့သည်။ “ကစားသမားတွေရဲ့ အကျိုးစီးပွားအတွက်ဆိုတာ အယောင်ဆောင်မှုပါပဲ။ ဘောလုံးအဖွဲ့ချုပ်တွေရဲ့ ပြိုင်ဆိုင်မှုကြားမှာ ကစားသမားတွေက နယ်ရုပ်လေးတွေ ဖြစ်လာပါပြီ။ ကစားသမားတွေအပေါ် မတော်မတရားတဲ့ တောင်းဆိုမှုတွေ လုပ်ကြတာပါပဲ။ ကစားသမားတွေအပေါ် ငဲ့ညှာမှု မရှိတာပါပဲ”ဟု မိုလန်ဂိုက ပြောကြားခဲ့သည်။

Read More

အဆိုတော်၊ သရုပ်ဆောင်ဂျီဆူးနှင့် မော်ဒယ်၊ ရုပ်ရှင်မင်းသား အန်ဘိုဟွန်းတို့ လမ်းခွဲလိုက်ကြပြီဟု Blackpink အဖွဲ့၏အေဂျင်စီက အတည်ပြုကြေညာထားသည်။ အလုပ်မအားလပ်မှုကြောင့် သူတို့ချင်း ဆက်ဆံရေး ဝေးကွာလာပြီး လမ်းခွဲလိုက်ခြင်းဖြစ်သည်ဟု တောင်ကိုရီးယားမီဒီယာ JTBC Entertainment က အောက်တိုဘာ ၂၄ ရက်တွင် ဖော်ပြလိုက်သည်။ ဂျီဆူး၏အေဂျင်စီ YG Entertainment ကလည်း ထိုသတင်းမှန်ကန်သည်ဟု သီးခြားအတည်ပြု ထုတ်ပြန် ထားသည်။ သူတို့နှစ်ဦး တွဲနေသည့်သတင်းကို သြဂုတ် ၃ ရက်တွင် Dispatch မီဒီယာက ဦးဆုံးဖော်ပြခဲ့သည်။ ထိုစဉ်က ဂျီဆူး တောင်ကိုရီးယားတွင်နေရသည့်ရက်က များများစားစားမရှိသည့်အတွက် အန်ဘိုဟွန်းက ဂျီဆူးနှင့် တွေ့ရန် သူ့အလုပ်ချိန်များကို ညှိထားရသည်ဟု သတင်းပေးတစ်ဦးက Dispatch ကို ဖွင့်ချခဲ့သည်။ နှစ်ဦးစလုံး၏အေဂျင်စီ YG နှင့် FN Entertainment တို့မှလည်း သူတို့တွဲနေသည့်သတင်း အမှန်ဖြစ်ကြောင်း ထုတ်ပြန်ချက်များ ထွက်လာသည်။ ဂျန်းနီနှင့် BTS အဖွဲ့ဝင်ဗွီ ၊ လီဆာနှင့် LVMH အမွေဆက်ခံသူ ဖက်ဒရစ်အားနော့တို့ တွဲနေသည့်သတင်းများအပေါ် ပရိသတ်အာရုံစိုက်နေချိန် ဂျီဆူ၏အချစ်ရေးသတင်း ထွက်လာခြင်းဖြစ်သည်။ Blackpink အဖွဲ့ဝင်တစ်ဦး၏ အချစ်ရေးကို YG က ပထမဆုံးအကြိမ်ဝန်ခံခြင်းလည်း ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် အဖွဲ့ထွက်ပေါ်လာပြီးကတည်းက Blackpink အဖွဲ့ဝင်များသည် ထိပ်တန်းအနုပညာရှင်များနှင့် သတင်းများထွက်ခဲ့ပြီး ငြင်းလျှင်ငြင်း၊ မငြင်းသော်လည်း နှုတ်ဆိတ်နေခဲ့သည်ချည်းသာ ဖြစ်သည်။ အန်ဘိုဟွန်းက ၁၉၈၈ ခုနှစ်တွင်မွေးပြီး ဂျီဆူးက ၁၉၉၅ ခုနှစ်တွင်မွေးကာ အသက်ခုနစ်နှစ်ကွာသည်။ စိတ်ဝင်စားသည့် နယ်ပယ်ချင်းလည်းတူကြပြီး…

Read More