Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Friday, June 6
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Entertainment 0 Views

ဂျီဆူးနှင့် သရုပ်ဆောင်အန်ဘိုဟွန်းတို့ လမ်းခွဲလိုက်ပြီဟု Blackpink အေဂျင်စီ အတည်ပြု

December 20, 20231 Min Read
Share
Facebook Twitter

အဆိုတော်၊ သရုပ်ဆောင်ဂျီဆူးနှင့် မော်ဒယ်၊ ရုပ်ရှင်မင်းသား အန်ဘိုဟွန်းတို့ လမ်းခွဲလိုက်ကြပြီဟု Blackpink အဖွဲ့၏အေဂျင်စီက အတည်ပြုကြေညာထားသည်။

အလုပ်မအားလပ်မှုကြောင့် သူတို့ချင်း ဆက်ဆံရေး ဝေးကွာလာပြီး လမ်းခွဲလိုက်ခြင်းဖြစ်သည်ဟု တောင်ကိုရီးယားမီဒီယာ JTBC Entertainment က အောက်တိုဘာ ၂၄ ရက်တွင် ဖော်ပြလိုက်သည်။ ဂျီဆူး၏အေဂျင်စီ YG Entertainment ကလည်း ထိုသတင်းမှန်ကန်သည်ဟု သီးခြားအတည်ပြု ထုတ်ပြန် ထားသည်။

သူတို့နှစ်ဦး တွဲနေသည့်သတင်းကို သြဂုတ် ၃ ရက်တွင် Dispatch မီဒီယာက ဦးဆုံးဖော်ပြခဲ့သည်။ ထိုစဉ်က ဂျီဆူး တောင်ကိုရီးယားတွင်နေရသည့်ရက်က များများစားစားမရှိသည့်အတွက် အန်ဘိုဟွန်းက ဂျီဆူးနှင့် တွေ့ရန် သူ့အလုပ်ချိန်များကို ညှိထားရသည်ဟု သတင်းပေးတစ်ဦးက Dispatch ကို ဖွင့်ချခဲ့သည်။

နှစ်ဦးစလုံး၏အေဂျင်စီ YG နှင့် FN Entertainment တို့မှလည်း သူတို့တွဲနေသည့်သတင်း အမှန်ဖြစ်ကြောင်း ထုတ်ပြန်ချက်များ ထွက်လာသည်။ ဂျန်းနီနှင့် BTS အဖွဲ့ဝင်ဗွီ ၊ လီဆာနှင့် LVMH အမွေဆက်ခံသူ ဖက်ဒရစ်အားနော့တို့ တွဲနေသည့်သတင်းများအပေါ် ပရိသတ်အာရုံစိုက်နေချိန် ဂျီဆူ၏အချစ်ရေးသတင်း ထွက်လာခြင်းဖြစ်သည်။ Blackpink အဖွဲ့ဝင်တစ်ဦး၏ အချစ်ရေးကို YG က ပထမဆုံးအကြိမ်ဝန်ခံခြင်းလည်း ဖြစ်သည်။

၂၀၁၆ ခုနှစ်တွင် အဖွဲ့ထွက်ပေါ်လာပြီးကတည်းက Blackpink အဖွဲ့ဝင်များသည် ထိပ်တန်းအနုပညာရှင်များနှင့် သတင်းများထွက်ခဲ့ပြီး ငြင်းလျှင်ငြင်း၊ မငြင်းသော်လည်း နှုတ်ဆိတ်နေခဲ့သည်ချည်းသာ ဖြစ်သည်။

အန်ဘိုဟွန်းက ၁၉၈၈ ခုနှစ်တွင်မွေးပြီး ဂျီဆူးက ၁၉၉၅ ခုနှစ်တွင်မွေးကာ အသက်ခုနစ်နှစ်ကွာသည်။ စိတ်ဝင်စားသည့် နယ်ပယ်ချင်းလည်းတူကြပြီး သရုပ်ဆောင်၊ ဂီတ နှင့် ဖက်ရှင်တို့ကို နှစ်သက်သည်။

ဂျီဆူးကို ပွဲဦးထွက်ဇာတ်လမ်းတွဲ Snowdrop မှ တွဲဖက်မင်းသား ဂျောင်ဟယ်အင်းနှင့် သို့လောသို့လော ထင်ခဲ့ကြသေး သည်။ ထို့ပြင်တောင်ကိုရီးယား ဘောလုံးကစားသမား ဆွန်ဟောင်မင်နှင့် ၂၀၂၁ ခုနှစ်တွင် ကောလာဟလထွက်ခဲ့ပြန်သည်။ အန်ဘိုဟွန်းသည် See You in My 19th Life ဇာတ်လမ်းတွဲတွင်ပါခဲ့ပြီး 2 O’Clock အချစ်ဇာတ်မြူးဇာတ်ကားနှင့် Gold Spoon ဇာတ်လမ်းတွဲတွင်လည်း ပါဝင်ထားသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleရန်ပုံငွေအရှုပ်တော်ပုံနှင့်ပတ်သက်၍ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ ရုံးခန်းများကို ဂျပန်အစိုးရရှေ့နေများ စီးနင်းရှာဖွေ
Next Article ၂၀၂၅ တွင် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအား (၃၂)သင်းအထိ တိုးချဲ့ခဲ့သည့် ဖီဖာကို ကမ္ဘာ့လိဂ်ပြိုင်ပွဲများအဖွဲ့ချုပ်က ကန့်ကွက်စာ ပေးပို့ခဲ့ပြီး ပရီးမီးယားလိဂ်နှင့် PFA ကလည်းဝေဖန်
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.