အာဆင်နယ်ကွင်းလယ်ကစားသမားဟောင်း ပီတစ်က အင်္ဂလန်ဂိုးသမား ရမ်းစ်ဒေးလ်အား အသင်းမှထွက်ခွာရန် တိုက်တွန်းပြောကြားခဲ့သည်။
ရမ်းစ်ဒေးလ် (၂၅ နှစ်)သည် ပြီးခဲ့သည့်ရာသီက အာဆင်နယ်အသင်းတွင် လက်စွမ်းပြခဲ့သော်လည်း ယခုရာသီတွင် စပိန်ဂိုးသမား ရာယာ ရောက်လာရှိပြီးနောက် ပွဲထွက်ခွင့် ပျောက်ဆုံးနေသူဖြစ်သည်။
ပီတစ်က ”ကျွန်တော်သာ ရမ်းစ်ဒေးလ်ဆိုရင် လာမယ့်ဇန်နဝါရီမှာ အသင်းက ထွက်ခွာမှာပါ။ အခုဆိုရင် ရမ်းစ်ဒေးလ်အနေနဲ့ နေ့စဉ်နေ့တိုင်း ငါ ဘာများမှားလို့ ပထမဂိုးသမားနေရာကို ဆုံးရှုံးခဲ့တာလို့ တွေးပြီး စိတ်ဆင်းရဲနေမှာပါ။ ပြီးတော့ ယူရိုပြိုင်ပွဲလည်း ရှိသေးတာကြောင့် သူ့အနေနဲ့ အာဆင်နယ်က ထွက်ခွာသင့်ပါတယ်”ဟု ပြောကြားခဲ့သည်။