အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)ရန် ကုန်တွင် (၃၅) ကြိမ်မြောက် အသည်းအစား ထိုး ခွဲစိတ်ကုသမှု အောင်မြင်စွာ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါ မောက္ခ ဒေါက်တာ သက်ခိုင်ဝင်းသည် ညွှန် ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် အတူ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန် ကုန်တွင် (၃၅) ကြိမ်မြောက် အသည်းအစား ထိုးခွဲစိတ်ကုသမှုဆောင်ရွက်ခဲ့သော လူနာ နှင့် အသည်းအလှူရှင်တို့ကို ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။
အသည်းအစားထိုး ခွဲစိတ်ကုသသည့် လူနာသည် အသက် ၂၉ နှစ်အရွယ် အမျိုး သားဖြစ်ပြီး အသည်းအလှူရှင်သည် ၎င်း၏ညီမဝမ်းကွဲတော်စပ်သူ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးဖြစ်ကြောင်း၊ အဆိုပါအသည်းအစားထိုး ခွဲစိတ်ကုသမှုကို နံနက် ၇ နာရီမှ ညနေ ၃ နာရီခွဲအထိ အောင်မြင်စွာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသပြီး လူနာနှစ်ဦးကို အထူးကြပ်မတ်ကုသဌာန၌ ထားရှိ၍ လိုအပ်သောကျန်းမာရေး စောင့်ရှောက်မှုများ ဆက်လက် ကြီးကြပ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အဆိုပါ အသည်းအစားထိုးခွဲစိတ်ကုသမှုကို ကျန်းမာရေးဝန်ကြီးဌာန၏ ကြီးကြပ် ညွှန်ကြားမှုနှင့် ကုသရေးဦးစီးဌာန၏ အနီး ကပ် ပံ့ပိုးမှုတို့ဖြင့် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်း ဦးဆောင်သော ပြည်သူ့ဆေး ရုံကြီးများတွင် အသည်းအစားထိုးခွဲစိတ်မှု အောင်မြင်စွာ ပြန်လည်ဆောင်ရွက်နိုင်ရေး လုပ်ငန်းအဖွဲ့၊ ပါမောက္ခ/ဌာနမှူး (အသည်း နှင့် သည်းခြေလမ်းကြောင်းခွဲစိတ်) ပါမောက္ခ ဒေါက်တာစိုင်းအောင်ညွန့်ဦး ခေါင်းဆောင် သော အသည်းခွဲစိတ်ကုသမှုဆိုင်ရာ လုပ်ငန်း အဖွဲ့၊ ပါမောက္ခ/ဌာနမှူး (အသည်း ဆေးကု) ပါမောက္ခဒေါက်တာ ဝင်းဝင်းဆွေ ခေါင်း ဆောင်သော အသည်းဆေးကုသမှုဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ပါမောက္ခ/ဌာနမှူး (မေ့ဆေး) ပါမောက္ခဒေါက်တာ မူမူနိုင် ခေါင်းဆောင် သော မေ့ဆေးဆိုင်ရာလုပ်ငန်းအဖွဲ့၊ ပါမော က္ခ/ဌာနမှူး (နှလုံးနှင့်သွေးကြောခွဲစိတ်) ပါ မောက္ခ ဒေါက်တာဝင်းဝင်းကျော် ခေါင်း ဆောင်သော နှလုံးနှင့် သွေးကြောခွဲစိတ်မှု ဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ဒုတိယညွှန်ကြားရေး မှူးချုပ် (ဓာတ်ခွဲ) ဒေါက်တာဆွေဆက် ခေါင်း ဆောင်သော ရောဂါရှာဖွေ ရေးဆိုင်ရာလုပ် ငန်းအဖွဲ့၊ ပါမောက္ခ/ဌာနမှူး(ဓာတ်မှန်) ပါ မောက္ခ ဒေါက်တာအောင်ချိုထွန်း ခေါင်း ဆောင်သော ဓာတ်မှန်ပညာဆိုင်ရာ လုပ်ငန်း အဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (အမျိုး သား သွေးဌာန) ဒေါက်တာသီတာအောင် ခေါင်းဆောင်သော သွေးနှင့် သွေးပစ္စည်း ဆိုင်ရာ အထောက်အကူပြု လုပ်ငန်းအဖွဲ့တို့ နှင့်အတူ ပါမောက္ခ/ဌာနမှူး (အသည်းခွဲ စိတ်) (ငြိမ်း) ဒေါက်တာတင်တင်မာ၊ ပါမော က္ခ/ဌာနမှူး (မေ့ဆေး) (ငြိမ်း) ဒေါက်တာ ကြည်ကြည်စန်း၊ အထူးကုဆေးရုံကြီး (ခုတင် -၅၀၀) ရန်ကုန်မှဆေးရုံအုပ်ကြီး ဒေါက်တာ အောင်လင်းအေး၊ တွဲဖက်ပါမောက္ခ (မေ့ ဆေး) ဒေါက်တာမောင်မောင်ဆွေ၊ အထူးကု ဆရာဝန်ကြီး (ဓာတ်ခွဲ) ဒေါက်တာယဉ်မူယာ၊ အထူးကုဆရာဝန်ကြီး (ဓာတ်မှန်) ဒေါက်တာ သဇင်သန်းနှင့်ဆရာဝန်များ၊ သူနာပြုအုပ် များဖြစ်သော ဒေါ်စန်းစန်းရင်နှင့် ဒေါ်ပိုပို အောင်၊ ကျွမ်းကျင်သူနာပြုဆရာမကြီးများ ဖြစ်သော ဒေါ်ကေသီနွယ်နှင့် ဒေါ်ယုယုလင်း ဦးဆောင်သော သူနာပြု များအဖွဲ့၊ ဆေးဘက် ကျွမ်းကျင်ဝန်ထမ်းများ၊ အထောက်အကူပြု ဝန်ထမ်းများနှင့် ပူးပေါင်း ဆောင်ရွက်ကြခြင်း ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရ သည်။
အသည်းအစားထိုး ခွဲစိတ်ကုသမှုများ ကို ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ် ကြီး၌ ၂၀၀၄ ခုနှစ်တွင် တစ်တွဲ၊ ၂၀၀၉ ခုနှစ် တွင် တစ်တွဲဖြင့် စတင်ဆောင်ရွက်ပြီး အထူး ကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန် ဖွင့်လှစ် ပြီးနောက် ၂၀၁၅ ခုနှစ်တွင် တစ်တွဲ၊ ၂၀၁၆ ခုနှစ်တွင် လေးတွဲ၊ ၂၀၁၇ ခုနှစ်တွင် ခြောက် တွဲ၊ ၂၀၁၈ ခုနှစ်တွင် ၁၁ တွဲ၊ ၂၀၁၉ ခုနှစ်တွင် ၁၀ တွဲ စုစုပေါင်း ၃၄ တွဲကိုလည်းကောင်း၊ မန္တလေးပြည်သူ့ဆေးရုံကြီး၌ ၂၀၁၇ ခုနှစ် တွင် သုံးတွဲ၊ ၂၀၁၈ ခုနှစ်တွင် ခုနစ်တွဲ၊ ၂၀၁၉ ခုနှစ်တွင် လေးတွဲ စုစုပေါင်း ၁၄ တွဲကို လည်း ကောင်း၊ ကလေးဆေးရုံကြီး-ရန်ကုန်တွင် ၂၀၁၉ ခုနှစ်တွင် သုံးတွဲကိုလည်းကောင်း ဆောင်ရွက်နိုင်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါဖြစ် ပွားမှုအခြေအနေအရ ရပ်နားခဲ့ရရာမှ ယခု ပြန်လည်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ပြည်တွင်း၌ အသည်းအစားထိုး ခွဲစိတ်ကုသမှုများ ဆောင်ရွက်နိုင်ခြင်းဖြင့် ပြည်သူများအတွက် လိုအပ်သောကုသမှုကို လက်လှမ်းမီရရှိစေကာ ပြည်ပသို့သွားရောက် ကုသရမည့် ကုန်ကျစရိတ်များ သက်သာစေ နိုင်မည်ဖြစ်ကြောင်းနှင့် အသည်းအစားထိုး ခွဲစိတ်ကုသမှုများ ပုံမှန်ဆက်လက် ဆောင် ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။