မွန်ပြည်နယ် မုဒုံမြို့နယ်၊ မြိုင်ကုန်း ကျေးရွာရှိ ဝင်းစိန်တောရကျောင်းတိုက်၊ ကျေးဇူးတော်ရှင် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တကေသရ ဆရာ တော်ကြီး၏ သက်တော် (၁၀၃) နှစ်မြောက် မွေးနေ့ပူဇော်ပွဲ အခမ်းအနားကို လာမည့် ဖေဖော်ဝါရီလ ၄…

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီး-ကျပ်ဖြင့် တိုက်ရိုက်ငွေပေးချေမှုများ ဖေဖော်ဝါရီမှစ၍ စတင် ပေးချေနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားသည်။ ဇန်နဝါရီ ၂၆ ရက်က မြန်မာနိုင်ငံတော် ဗဟိုဘဏ် နေပြည်တော်၌ ကျင်းပသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဦးဆောင်မှုဖြင့်…

ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင် နိုင်ငံရေးအရ ဆွေးနွေးဆောင်ရွက်ပြီး လွှတ်တော်တွင်အတည်ပြုရန်လိုကာ လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍မရနိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားသည်။ ဇန်နဝါရီ ၂၆ ရက်ကပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄)တွင် နစကဥက္ကဋ္ဌက…

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)သည် ဂါဇာကမ်းမြောင်ဒေသအတွင်းရှိ ဆေးရုံများကို ဟားမာ့စ်အဖွဲ့က အသုံးချနေသည်ဆိုသည့် အစ္စရေး၏ သက်သေအထောက်အထားများကို လျစ်လျူရှုခြင်းအားဖြင့် ဟားမာ့စ် အဖွဲ့နှင့် ပူးပေါင်းလိမ်ညာနေသည်ဟု အစ္စရေးက ဇန်နဝါရီ ၂၅ ရက်တွင် စွပ်စွဲခဲ့သည်။ ဟားမာ့စ်အဖွဲ့သည် ဆေးရုံများတွင် တပ်စွဲထားပြီး လူသားဒိုင်းများကို…

တောင်ကိုရီးယားနိုင်ငံတွင် ဇန်နဝါရီ ၂၅ ရက်က အာဏာရပါတီမှ လွှတ်တော်အမတ်တစ်ဦးကို ဆယ်ကျော်သက်အရွယ်က လေးတစ်ဦးက တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်သည် အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုက ဇန်နဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ ဇန်နဝါရီ ၂၅ ရက်က ဆိုးလ်မြို့တော်၏…

အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် တိုင်းနှင့် ပြည်နယ်များတွင် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးဝေလသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။ ထုတ်ပြန်ချက်အရ ဇန်နဝါရီ ၂၅ ရက်မွန်းလွဲမိုင်းမှစပြီး…

ရန်ကုန်တွင် စက်သုံးဆီစျေးနှုန်းအရ ၉၂ တစ်လီတာလျှင် ကျပ် ၁၀၀ ကျော် မြင့်တက်လာပြီး ၉၂ တစ်လီတာ ၂၇၀၅ ကျပ်သို့ ရောက်ရှိလာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်သည့် စျေးနှုန်းများအရ သိရသည်။ ဇန်နဝါရီ ၂၆…

ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက် မြို့နယ်တွင် ကျပ် ၁၂ ဒသမ ၅ ဘီလျံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၅ သန်း ဖမ်းဆီး ရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ မော်တော်ယာဉ်နှစ်စီးဖြင့် မူးယစ်ဆေး ၀ါးများ…

ရွှေစျေးနှုန်းကို ထိန်းထိန်းသိမ်းသိမ်း ရောင်းဝယ်ကြရန်နှင့် လက်ငင်းစနစ်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်ကြရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည်။ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း မှ အသင်းသူအသင်းသားများအနေဖြင့် ရွှေ စျေးနှုန်းကို ထိန်းထိန်းသိမ်းသိမ်းရောင်းဝယ် ပေးကြရန်နှင့် လက်ငင်းဖြင့်သာ အရောင်းအ ဝယ်ပြုလုပ်ပြီး ပို၍ရောင်းခြင်းဝယ်ခြင်းများ လုံးဝမပြုလုပ်ကြရန်…

မြန်မာနိုင်ငံခြားရေးဝန်ကြီးအပါအဝင် နစကအစိုးရတာဝန်ရှိသူများနှင့် တရုတ်သံအမတ်ကြီး တွေ့ဆုံခဲ့ပြီး နှစ်သစ်တွင် နယ်စပ်ဒေသတည်ငြိမ်ရေး၊ စီမံကိန်းကြီးများ ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးဖော်ဆောင်ရေးတို့ကို ဆွေးနွေးခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။ ဇန်နဝါရီ ၂၅ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen…