မွန်ပြည်နယ် မုဒုံမြို့နယ်၊ မြိုင်ကုန်း ကျေးရွာရှိ ဝင်းစိန်တောရကျောင်းတိုက်၊ ကျေးဇူးတော်ရှင် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တကေသရ ဆရာ တော်ကြီး၏ သက်တော် (၁၀၃) နှစ်မြောက် မွေးနေ့ပူဇော်ပွဲ အခမ်းအနားကို လာမည့် ဖေဖော်ဝါရီလ ၄ ရက် တနင်္ဂနွေနေ့တွင် ကျင်း ပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုနေ့တွင် မွေးနေ့စေတီ (၂) ဆူအား ထီးတော်တင်လှူခြင်း၊ ဧည့်ဆောင်အသစ် ဖွင့်လှစ်ခြင်း၊ ကျေးဇူးတော်ရှင် ဝင်းစိန်တောရ ဆရာတော်ကြီး နှင့် သာသနာပြုဖော် ပုဂ္ဂိုလ် ၃၄ ပါး၊ ၁၀ တောင်၊ ၁၂ တောင် ဘိုးဘိုးတို့ကို ပုဂ္ဂိုလ်ဆွမ်းကပ်ခြင်း နှင့် ကောင်းမှုကုသိုလ် အစုစုကို ရေစက်သွန်းချအမျှဝေခြင်း များပြု လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အနောက်ဝင်းစိန်တောရဆရာ တော် ကြီး ရုပ်ခန္ဓာကို ဆရာတော်ကြီး မိန့်တော်မူခဲ့ သည့်အတိုင်း သင်္ကန်းတော်လဲခြင်းပြုလုပ်သွားမည်ဖြစ်ကြောင်း နှင့် ပင့်ကျောင်း ၁၂၀ မှ ဆရာတော်ကြီးများအား ဆွမ်း၊ နဝကမ္မ အလှူငွေများ နှင့် လှူဖွယ်ပစ္စည်းများ ဆက် ကပ်လှူဒါန်းခြင်းများ ပြုလုပ်သွားမည်ဟု သိရသည်။
“ဝင်းစိန်ဆရာတော်ကြီးရဲ့ မွေးနေ့ ပူ ဇော်ပွဲကို ဆရာတော်ကြီးရဲ့ သားတော် ဦးဇင်း လေး (အရှင်သောဟုလာ) က ကြီးမှူးကျင်းပ ပြုလုပ်သွားမှာဖြစ်ပါတယ်” ဟု ဝင်းစိန်တောရ ဆရာတော်ကြီး၏ သက်တော် (၁၀၃) နှစ် မြောက်မွေးနေ့ပူဇော်ပွဲ ကျင်းပရေးကော်မတီ ဝင်တစ်ဦးက ပြောကြားသည်။
ထို့အပြင် ဝင်းစိန်တောရ ဆရာတော် ကြီး ၏ သက်တော် (၁၀၃) နှစ်မြောက်မွေးနေ့ ပူဇော်ပွဲကျင်းပပြုလုပ်မည့်နေ့တွင် စတုဒိသာ မဏ္ဍပ် ၃၀ ဖြင့် စတုဒိသာများ ကျွေးမွေးဧည့် ခံသွားမည်ဖြစ်ကြောင်း ဝင်းစိန်တောရ ဆရာ တော်ကြီး၏ သက်တော် (၁၀၃) နှစ်မြောက် မွေးနေ့ ပူဇော်ပွဲ ကျင်းပရေးကော်မတီထံမှ သိရသည်။
ရတနာတောင်ဝင်းစိန်တောရကျောင်း တိုက် ကျေးဇူးတော်ရှင် အဘိဓဇ အဂ္ဂ မဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကေသရ မှာ ၂၀၁၅ ခုနှစ် ဧပြီလ ၂၆ ရက် မွန်းလွဲ ၁နာရီ ၃၀ မိနစ်အချိန်က ရန်ကုန်မြို့ရှိ အာရှတော် ဝင် ဆေးရုံကြီးတွင် နှလုံးရောဂါဖြင့် ဘဝနတ် ထံပြန်လွန်တော်မူသွားခဲ့ကြောင်း၊ ပျံလွန် တော်မူစဉ် သက်တော် (၉၅) နှစ်၊ ၀ါတော် (၄၅) ၀ါရှိကြောင်း၊ ဆရာတော်ကြီး၏ ရတနာ တောင်ဝင်းစိန်တောရ သာသနာ့နယ်မြေ အတွင်း သာသနာပြုလုပ်ငန်းများ လုပ်ဆောင် ရာတွင် စေတီပုထိုးပေါင်း ၆၀၀ ကျော်ရှိသည့် အနက် အတောင် ၄၀၀ ပြည့် ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ဘုရားကြီးမှာ အထင်ရှားဆုံး ဖြစ်ပြီး၊ သာသနိကအဆောက်အအုံပေါင်း ၃၀ ကျော်ကိုလည်း တည်ထားလုပ်ဆောင်ခဲ့ ကြောင်း သိရသည်။
ထို့အပြင် ဆရာတော်ကြီး၏ ဇာတိရွာ ဖြစ်သော မုဒုံမြို့နယ် လက်တက်ကျေးရွာတွင် ပေ ၁၈၀ ရှိ ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်ကြီး တစ်ဆူကိုလည်း တည်ထားလျက်ရှိပြီး မုဒုံ မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မော်လမြိုင် မြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင်လည်း ရွာတစ်ရွာလျှင် ရေကန်တစ်ကန် နှင့် ဘုရား တစ်ဆူတည်ထားလှူဒါန်းခဲ့သည့်အပြင် စာသင်ကျောင်းများတည်ထောင်လှူဒါန်းခြင်း၊ ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ် လှူဒါန်းခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရ သည်။