Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Wednesday, June 11
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Finance 1 Views

ရွှေစျေးနှုန်းကို ထိန်းထိန်းသိမ်းသိမ်းရောင်းဝယ်ကြရန်နှင့် လက်ငင်းစနစ်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်ကြရန်ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း ထုတ်ပြန်

January 26, 20242 Mins Read
Share
Facebook Twitter

ရွှေစျေးနှုန်းကို ထိန်းထိန်းသိမ်းသိမ်း ရောင်းဝယ်ကြရန်နှင့် လက်ငင်းစနစ်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်ကြရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း မှ အသင်းသူအသင်းသားများအနေဖြင့် ရွှေ စျေးနှုန်းကို ထိန်းထိန်းသိမ်းသိမ်းရောင်းဝယ် ပေးကြရန်နှင့် လက်ငင်းဖြင့်သာ အရောင်းအ ဝယ်ပြုလုပ်ပြီး ပို၍ရောင်းခြင်းဝယ်ခြင်းများ လုံးဝမပြုလုပ်ကြရန် မေတ္တာရပ်ခံပန်ကြား အပ်ပါသည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင် များအသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ပြင်ပတွင် ရွှေစျေးနှုန်းများ အနည်းငယ် မြင့်တက်လာသည့်အချိန်တွင် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ယင်းသို့အသိ ပေးပန်ကြားချက် ထုတ်ပြန်လာခြင်းလည်း ဖြစ်သည်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း ၏ ဇန်နဝါရီ ၂၅ ရက် မွန်းလွဲပိုင်းထုတ်ပြန်ချက် အရ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် သုံးဆယ့်ခြောက်သိန်း နှစ်သောင်းခုနစ်ထောင် ဖြစ်သည်ဟု သိရသည်။

ပြင်ပရွှေပေါက်စျေးသည် တစ်ကျပ်သား လျှင် ကျပ် ၃၈ သိန်းကျော်သို့ ရောက်ရှိနေသည် ဟု စျေးကွက်အတွင်းမှ သိရသည်။

၂၀၁၆ ခုနှစ်မှစ၍၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန် တင်စျေးနှုန်းများအနေဖြင့် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက် တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော် ၀ါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေ ဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ ဖြစ် သည်။

ရွှေစျေးနှုန်းသည် ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်း ကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင် ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့် တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့သည်။

လအလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံး နှင့် အမြင့်ဆုံးကမ္ဘာ့ရွှေစျေးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ်ဧပြီတွင် ၁၅၆၈-၁၇၂၉ ဒေါ်လာ၊ မေတွင် ၁၆၈၃-၁၇၄၈ ဒေါ်လာ၊ ဇွန်တွင် ၁၆၈၀-၁၇၇၉ ဒေါ်လာ၊ စက်တင်ဘာတွင် ၁၈၄၈-၁၉၇၅ ဒေါ်လာ၊ အောက်တိုဘာတွင် ၁၈၅၈- ၁၉၃၃ ဒေါ်လာ၊ နိုဝင်ဘာတွင် ၁၇၆၄ – ၁၉၆၆ ဒေါ်လာ၊ ဒီဇင်ဘာတွင် ၁၇၇၆-၁၉၀၆ ဝန်းကျင်ရှိခဲ့ခြင်းဖြစ်သည်။

ရွှေစျေးနှုန်းကို သတ်မှတ်နိုင်ငံခြားငွေ လဲနှုန်းအပေါ်မူတည်၍ အရောင်းအဝယ် ပြု လုပ်ရန် ညွှန်ကြားထားသော်လည်း ရွှေဆိုင် အများစုမှာ ပြင်ပပေါက်စျေးဖြင့်သာအရောင်း အဝယ်ပြုလုပ်နေကြကြောင်း သိရသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleမြန်မာနိုင်ငံခြားရေးဝန်ကြီးအပါအဝင် နစကအစိုးရတာဝန်ရှိသူများနှင့် တရုတ်သံအမတ်ကြီး တွေ့ဆုံခဲ့ပြီး နှစ်သစ်တွင် နယ်စပ်ဒေသတည်ငြိမ်ရေး၊ စီမံကိန်းကြီးများ ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးဖော်ဆောင်ရေးတို့ကို ဆွေးနွေး
Next Article ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နယ်တွင် ကျပ် ၁၂ ဒသမ ၅ ဘီလျံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၅ သန်း ဖမ်းဆီးရမိ
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.